လေဖြတ်တော့မယ်ဆိုရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

လေဖြတ်တော့မယ်ဆိုရင် ဘာတွေဖြစ်လာမှာလဲ။ လူတော်တော်များများက လေဖြတ်မှာကို ကြောက်ကြပါတယ်။ တစ်ခါတစ်ရံ သာမန်ခေါင်းကိုက်ချိန်မှာ ခေါင်းများ လျှော်မိခဲ့ရင် လေဖြတ်တော့မလားဆိုပြီး တွေးပူတတ်ကြပါတယ်။

လေဖြတ်ပြီဆိုရင် ဦးနှောက်ကသွေးကို အလုံအလောက်မရတဲ့အတွက် အချိန်မီမကုနိုင်ရင် ဦးနှောက်ပျက်စီးတာ၊ မသန်စွမ်းဖြစ်သွားတာ၊ အသက်သေဆုံးတာတွေအထိ ဖြစ်သွားနိုင်ပါတယ်။ ဒီတော့ အချိန်မီသိရအောင် အောက်က အတိုကောက် စာလုံးတွေနဲ့ မှတ်ထားရအောင်။

                                                 F   A   S   T

Face      (မျက်နှာ)  ပြုံးပြီး ပါးရွဲ့နေတာရှိမရှိ စစ်ဆေးပါ။

Arms    (လက်)     လက်နှစ်ဖက် ရှေ့ထုတ်ဆန့်ကြည့်ပါ။မဆန့်နိုင်ဘဲ အားပျော့သွားတဲ့ လက်ရှိမရှိ စစ်ဆေးပါ။

Speech (စကား)    စကားပြောကြည့်ပါ။ စကားလေးတာ၊ လုံးတာရှိမရှိစစ်ဆေးပါ။

Time     (အချိန်)     အပေါ်မှာပြောထားတဲ့အချက်တခုခုရှိနေပြီဆိုရင် ဆေးရုံကားအချိန်မီခေါ်ပါ။ လက္ခဏာပြတဲ့အချိန်ကို မှတ်ထားပါ။

လေဖြတ်တာကို ကုတဲ့နေရာမှာ အချိန်က အရေးကြီးပါတယ်။ ဆရာဝန်ကို အိမ်ပင့်တာ၊ ဆေးရုံကို ကိုယ်တိုင်မောင်းသွားတာက အချိန်ဖြုန်းတာပါပဲ။ ဆေးရုံကားခေါ်လိုက်တာက ကားပေါ်မှာ လိုအပ်တာလုပ်သွားလို့ရတဲ့အပြင် ဆေးရုံကို မြန်မြန်ဆန်ဆန်ရောက်ရှိပြီး စောစောကုသမှုခံယူနိုင်မှာပါ။

လေဖြတ်ရတဲ့အကြောင်းရင်းပေါ်မူတည်ပြီး သွေးကြောပိတ်ရင် သွေးကျဲဆေးတိုက်တာ၊ သွေးကြောပေါက်ရင် သွေးထွက်ရပ်အောင်လုပ်တာ စသဖြင့် ကုသနည်းတွေ အများကြီး ရှိပါတယ်။ အရေးကြီးတာက လေဖြတ်ပြီး ၃နာရီအတွင်း ကုသမှုခံယူနိုင်ဖို့ပါပဲ။

အရေးကြီးသည့်လက္ခဏာများ

တစ်ခါတစ်လေ အထဲမှာ တဖြည်းဖြည်းခြင်း သွေးကြောပိတ်တာ၊ ပေါက်တာဖြစ်ပြီး လေဖြတ်ပါတယ်။ ဒါပေမယ့် အပြင်က သင်ကတော့ ရုတ်တရက်

-မျက်နှာက စပြီး ခြေထောက်ထိ ကိုယ်တစ်ခြမ်း ထုံတာ၊ အားနည်းတာ ဖြစ်လာပါတယ်။

-တခြားလူတွေနဲ့ ဆက်သွယ်ရတာ အခက်အခဲဖြစ်လာပါတယ်။

-စကားတွေ လေးလာပါတယ်။

-မျက်စိတစ်ဖက် ဒါမှမဟုတ် နှစ်ဖက်လုံး အမြင်အာရုံချို့တဲ့လာပါတယ်။

-လမ်းလျှောက်ရခက်တာ၊ ယိုင်တိယိုင်တိုင်လျှောက်တာမျိုး ဖြစ်လာပါတယ်။

ခေါင်းမူးလာပါတယ်။

-အကြောင်းရင်းမရှိဘဲ ပြင်းပြင်းထန်ထန်ခေါင်းကိုက်လာပါတယ်။

ဒီလက္ခဏာတွေ ခံစားနေရပြီ။ လေဖြတ်တာလားလည်းမသေချာဘူး။ ဒါဆိုရင် ဆေးရုံကားအမြန်ခေါ်ပြီး ဆေးရုံကို သွားလိုက်ပါ။

Take home massage

ဒီဆောင်းပါးဖတ်ပြီးရင် ဘာတွေသိသွားရမလဲဆိုတော့ လေဖြတ်ခြင်းရဲ့ ကနဦးလက္ခဏာတွေပါပဲ။ FASTလို့မှတ်ထားပါ။ မျက်နှာတစ်ခြမ်းရွှဲ့တာ၊ လက်မမြှောက်နိုင်တာ၊ စကားလေးတာတွေဖြစ်လာပြီဆိုရင် (လက္ခဏာတစ်ခုပဲဖြစ်ဖြစ် အကုန်လုံးပဲဖြစ်ဖြစ်) အချိန်မဆိုင်းဘဲ ဆေးရုံကားအမြန်​ခေါ်ပြီး ဆေးရုံသွားပါ။ ဒီလက္ခဏာတွေကို မိသားစုတွေ အပေါင်းအသင်းတွေကိုလည်း ပြောပြပေးပါ။ အားလုံးပဲ လေဖြတ်တာကို စောစောသိပြီး စောစော ကုသမှုခံယူနိုင်ကြပါစေ။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကိုယ်ဝန်ဆောင် မေမေ အိပ်ဆေးသောက်လို့ရလား။

ကိုယ်ဝန်ဆောင်ချိန် အိပ်ဆေး ကျန်းမာရေး အိပ်ရေးပျက် စိတ်ဓာတ်ကျမှု အိပ်မပျော် စိုးရိမ်ပူပန်စိတ် ခန္ဓာကိုယ် အယ်လ်ကိုဟော အစားစားချင်စိတ် မှတ်မိနိုင်စွမ်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

ကောင်းကျိုးထက် ဆိုးကျိုးပိုများတဲ့ အုန်းနို့အကြောင်း

အုန်းနို့ ကျန်းမာရေး အုန်းသီး အုန်းဆီ ပြည့်ဝဆီ ခေါင်းမူး နွေရာသီ အချိုဓာတ် သွေးတိုး နှလုံးရောဂါ ဝမ်းချုပ် အစာမကြေ နွားနို့ အဝလွန်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

ခံတက်ချဉ်လေး ခံတွင်းတွေ့တယ် ဆိုသူတွေအတွက်

ခံတက်ချဉ် ခံတက်ရွက် ခံတက်ပင် ကြက်သွန်နီ တို့စားတာ ကျန်းမာရေး အရွက် ဆေးဖက်ဝင် ဆီးလမ်းကြောင်း ဆီးရွှင်ရောင်ရမ်းမှု ဆီးကျိတ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

သင်ဘာလို့ Detox Water သောက်ဖို့ မလိုအပ်တာလဲ

Detox၊ အဆီပိုတွေ၊ ဖယ်ရှားပစ်၊ Detox Water၊ ပုံမှန်မှီဝဲ၊ ကိုယ်အလေးချိန်ကျ၊ ကိုယ်ခံအားစနစ်၊ စိတ်ကြည်၊ အသားအရည်ကြည်လင်၊ အဆိပ်အတောက်၊ Hyponatremia၊ ခေါင်းကိုက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

မနက်နိုးဖို့ ပေးထားတဲ့ နှိုးစက်နာရီတွေ ပိတ်လိုက်ပါတော့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 31, 2020 . 2 mins read

အရက်နာကျခြင်းနှင့်သက်ဆိုင်သော အယူအဆမှားများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 28, 2020 . 2 mins read
ခေတ်သစ် ဖုန်းရောဂါ (text neck)

ခေတ်သစ် ဖုန်းရောဂါ (text neck)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 23, 2020 . 2 mins read
ရှုဆေးရှုတိုင်း ကောင်းရဲ့လား

ရှူဆေးရှူတိုင်း ကောင်းရဲ့လား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 17, 2020 . 2 mins read