backup og meta

သင့်ရင်သွေး ဘာလို့ အော့အန်နေတာလဲ? ဘယ်လိုဖြေရှင်းမလဲ?

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Ye Zon Aung မှ ရေးသားသည်။ · 17/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ရင်သွေး ဘာလို့ အော့အန်နေတာလဲ? ဘယ်လိုဖြေရှင်းမလဲ?

    ရင်သွေးလေးတွေဟာ တစ်ခါတစ်ရံမှာ အကြောင်းပြချက် ရေရေရာရာမရှိပဲ အော့အန်တာမျိုးဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်လာပြီဆိုရင် မိဘတွေမှာ ခြေမကိုင်မိ လက်မကိုင်မိနဲ့ ပြာယာခတ်တတ်ကြတာ သဘောဝပါပဲ။

    တကယ်တော့ ကလေးတွေ အော့အန်ရတဲ့အကြောင်းအရင်းတွေဟာ အမျိုးမျိုးဖြစ်နိုင်ပြီး ဘယ်လိုပြဿနာကြောင့် အော့အန်နိုင်လဲဆိုတာကို သိနားလည်ထားမယ်ဆိုရင် တည်တည်ငြိမ်ငြိမ်နဲ့ ဖြေရှင်းကုစားပေးနိုင်ဖို့ အခွင့်အလမ်းများပါတယ်။

    အဖြစ်များတာကတော့ အစာအိမ်ဗိုင်းရပ်စ်တွေကြောင့် ဒါမှမဟုတ် အစာအဆိပ်သင့်တာမျိုးတွေကြောင့်ပါ။ ဒါပေမယ့် တခြားအကြောင်းအရင်းကြောင့်လည်းဖြစ်နိုင်ပါတယ်။ ရေဓာတ်ချို့တဲ့တာပါပဲ။ ဘယ်လိုအကြောင်းကြောင့်ပဲ ဖြစ်ပါစေ အော့အန်တာကို သက်သာအောင် ကူညီနိုင်ပါတယ်။

    ရေဓာတ်ချို့တဲ့တာဟာ အဖြစ်များတဲ့ပြဿနာဖြစ်ပါတယ်။ ကလေးတွေကို ကိုယ်တိုင်ဂရုတစိုက်နဲ့ အစားအစာမပြင်ဆင်ပေးနိုင်ရင် ရေဓာတ်ချို့တဲ့တာဖြစ်ဖို့ အလွန်နီးစပ်ပါတယ်။ အော့အန်တာအပြင်

    ရင်သွေး အော့အန်ခြင်းကို သက်သောစေမယ့် နည်းလမ်းများ

    အော့အန်ရတဲ့အကြောင်းအရင်းတွေထဲက အဓိကအချက်တစ်ခုက ရေသောက်နည်းပြီး ရေဓာတ်ချို့တဲ့လို့ဖြစ်နိုင်ပါတယ်။

    ရေဓာတ်ပြန်ပြည့်အောင် ရေများများသောက်ခိုင်းတာမျိုး၊ ရေဓာတ်ကြွယ်ဝပြီး ကယ်လိုရီနည်းပါးတဲ့ Sport Drinks တွေ တိုက်ကျွေးတာမျိုး၊ ရေဓာတ်အားဖြည့် ဆေးဝါးတွေ တိုက်ကျွေးတာမျိုးပြုလုပ်ပြီး သက်သာအောင် လုပ်လို့ရပါတယ်။

    ဒါကြောင့် အောက်ပါနည်းလမ်းတွေအတိုင်း ကုစားကြည့်နိုင်ပါတယ်။

  • ရေတိုက်ပါ – ရေတိုက်ရာမှာ အော့အန်ပြီးချိန်ကနေစလို့ စားပွဲတင်ဇွန်းနဲ့ နည်းနည်းချင်းစီနဲ့ ခနခန တိုက်ကျွေးရမှာဖြစ်ပါတယ်။ ဆီးပုံမှန်သွားဖြစ်တဲ့အထိ ခုလိုတိုက်ကျွေးပေးဖို့ လိုအပ်ပါတယ်။
  • အချိုရည်တွေ မတိုက်ပါနဲ့ – အချိုဓာတ်လွန်ကဲတဲ့ အချိုရည်တွေ၊ ဆိုဒါတွေ၊ တိုက်ကျွေးတာမျိုးကို ရှောင်ကျဉ်သင့်ပါတယ်။ အဆိုပါအချိုရည်တွေမှာ ရေဓာတ်ပါဝင်ပေမယ့် ရေလောက်တော့ အကျိုးမပြုပါဘူး။ အဲ့ဒီအစား Sport Drink တွေ တိုက်ကျွေးနိုင်ပါတယ်။
  • ဓာတ်ဆားရည်တိုက်ပါ – ရေဓာတ်ဆုံးရှုံးမှုကို အကောင်းဆုံး ပြန်လည်ကုစားနိုင်မယ့် နည်းလမ်းတစ်မျိုးပါ။ အရည်အသွေးကောင်းမွန်တဲ့ ဓာတ်ဆားမျိုးကို အသုံးပြုဖို့တော့ လိုအပ်ပါတယ်။
  • ဒါ့အပြင် ရင်သွေး အော့အန်ခြင်းကို သက်သာစေနိုင်တဲ့ တခြားနည်းလမ်းတွေလည်း ရှိနေပါသေးတယ်။ ဒါတွေကတော့

  • စွပ်ပြုတ်ရည်တိုက်ကျွေးတာ – ကလေး အော့အန်ပြီးချိန်မှာ စွပ်ပြုတ်ရည်လိုအရာမျိုးတွေ တိုက်ကျွေးတာမျိုးပါ။ စွပ်ပြုတ်ရည်ဟာ အစာကြေလွယ်သလို အာဟာရဓာတ်လည်း ကြွယ်ဝတာမို့ အတော်လေး အကျိုးထူးပါတယ်။
  • ဆေးဝါးတိုက်ကျွေးတာ – အော့အန်တာကို သက်သာပျောက်ကင်းစေနိုင်တဲ့ ဆေးဝါးတွေရှိပါတယ်။ ဒါတွေကို တိုက်ကျွေးပြီးလည်း ကုစားနိုင်ပါတယ်။
  • ချင်းကို အသုံးချတာ – ချင်းဟာ အစာအိမ်ကို အကျိုးပြုတာကြောင့် အော့အန်မှုကို သက်သာစေပါတယ်။ နာကျင်ကိုက်ခဲမှုနဲ့ ဖျားနာဝေဒနာကိုလည်း သက်သာစေပါတယ်။ ချင်းမှာပါဝင်တဲ့ ဓာတုပစ္စည်းတွေဟာ အစာအိမ်ကိုသာမက အာရုံကြောနဲ့ ဦးနှောက်ကိုလည်း အထောက်အကူပြုပါသေးတယ်။ အသက် ၂ နှစ်နဲ့အထက်ကလေးတွေကို စွပ်ပြုတ်ထဲ ချင်းအနည်းငယ်ထည့်ကာ တိုက်ကျွေးနိုင်ပါတယ်။
  • နှိပ်နယ်ပေးပါ – ခန္ဓာကိုယ်ကို နှိပ်နယ်ပေးတာဟာ အော့အန်ခြင်းကို သက်သာစေပါတယ်။
  • ဒီနည်းလမ်းတွေဟာ သင့်ရင်သွေး အော့အန်ချိန်မှာ သက်သာပျောက်ကင်းအောင် ကူညီပေးနိုင်ပါတယ်။ တစ်ခုသတိထားရမှာကတော့ သင့်ရဲ့ရင်သွေးဟာ ၁၂ နှစ်ပတ်ထက်ပိုပြီး ငယ်ရွယ်တယ်ဆိုရင်တော့ ဒါဟာဖျားနာမှုဖြစ်နိုင်တာမို့ မဖြစ်မနေ အမြန်ဆုံး ဆရာဝန်ပြသဖို့ လိုအပ်တယ်ဆိုတာပါပဲ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Ye Zon Aung မှ ရေးသားသည်။ · 17/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement