brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အစာအိမ်ကင်ဆာဖြစ်စေတဲ့ အကြောင်းအရင်းများ

အစာအိမ်ကင်ဆာ အခုနောက်ပိုင်း အတော်များများ ကြားလာရတဲ့ ကင်ဆာတစ်မျိုးပါ။ အမျိုးသားရော အမျိုးသမီးမှာပါ ဖြစ်နိုင်ပြီး အမျိုးသားတွေမှာ အဖြစ်များပါတယ်။ ပြောင်းလဲလာတဲ့ နေထိုင်စားသောက်မှု ပုံစံတွေကြောင့် အဖြစ်များလာတဲ့ ကင်ဆာ တစ်မျိုးပေါ့။

အစာအိမ်ကင်ဆာဖြစ်စေတဲ့ အကြောင်းအရင်းများ

ဒီတော့ အစာအိမ်ကင်ဆာ မဖြစ်စေဖို့ သတိထားနိုင်ဖို့ ဘာတွေက အစာအိမ်ကင်ဆာဖြစ်စေနိုင်လဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးသွားပါမယ်။ ကဲ …. အစာအိမ်ကင်ဆာဖြစ်စေတဲ့ အကြောင်းအရင်းများ ကို အတူတူ လေ့လာလိုက်စို့နော်။

အစာအိမ်ကင်ဆာဖြစ်စေတဲ့ အကြောင်းအရင်းများ

အစာအိမ်ကင်ဆာဖြစ်စေတဲ့ အကြောင်းအရင်းများ ကတော့

သိပ္ပံပညာရှင်တွေက အစာအိမ်ထဲမှာ ကင်ဆာဆဲလ်တွေ ဘာကြောင့်ဖြစ်ရတာလဲဆိုတဲ့ အကြောင်းအရင်းကို တိတိကျကျ မဖော်ထုတ်နိုင်သေးပါဘူး။ဒါပေမယ့် ဘာတွေကတော့ အစာအိမ်ကင်ဆာ ခံစားရနိုင်ခြေကို မြင့်တက်စေသလဲဆိုတာကိုတော့ သိရှိထားကြပါတယ်။

အစာအိမ်ကင်ဆာကို ဖြစ်စေတဲ့ အဓိက အကြောင်းအရင်းတွေထဲက တစ်ခုက H. pylori လို့ ခေါ်တဲ့ အစာအိမ်အနာဖြစ်စေတဲ့ ဘက်တီးရီးယားတစ်မျိုး ဝင်ရောက်ကူးစက်တာပါ။

အစာအိမ်ကင်ဆာ ဖြစ်စေတဲ့ အကြောင်းအရင်းတွေ တိတိကျကျ ပြောဖို့ခက်တယ်ဆိုပေမယ့် အခုအချက်တွေကြောင့် အစာအိမ်ကင်ဆာ ခံစားရနိုင်ပါတယ်။

ဒီရောဂါခံစားနေရသူတွေက အစာအိမ်ကင်ဆာ ခံစားရနိုင်ခြေ များသလို အစာရေမျိုပြွန်ကင်ဆာ ခံစား ရနိုင်ခြေလည်း မြင့်ပါတယ်။ ဒါကြောင့် စားချဉ့်ရည်ပြန်ဆန်တက်တဲ့ရောဂါ ခံစားနေရမယ်ဆိုရင် ကုသမှု မြန်မြန် ခံယူပါ။

အဝလွန်တာက ကင်ဆာ ဖြစ်စေတဲ့ အကြောင်းအရင်းတစ်ခုပေါ့။ အစာအိမ်ကင်ဆာတင်မကပါဘူး အခြားသော ကင်ဆာတွေလည်း ခံစားရစေနိုင်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ကို သင့်တင့်တဲ့ ကိုယ်အလေးချိန် ရရှိအောင် ထိန်းသိမ်းပါ။

  • ကြပ်တင်ထားတဲ့ အစားအစာတွေစားတာ

ကြပ်တင်ထားတဲ့ အစားအစာတွေ၊ ဆားနယ်ထားတဲ့ အစားအစာတွေ၊ ဆားရည်စိမ်ထားတဲ့ အစားအစာတွေက အစာအိမ်ကင်ဆာ ဖြစ်နိုင်ခြေကို တိုးစေပါတယ်။ ဒါတွေအစား လတ်ဆတ်တဲ့ အသား၊ ငါးတွေကိုပဲ စားပေးပါ။

နေ့စဉ် စားသုံးမှုမှာ သစ်သီးနဲ့ ဟင်းသီးဟင်းသီးဟင်းရွက်တွေ ပါဝင်မှု နည်းပြီး အသားတွေ၊ အနီရောင်အသားတွေ အစားများတာက အမျှင်ဓာတ် ပါဝင်မှုနည်းတာကြောင့် အစာခြေစနစ် ကျန်းမာရေးကို ထိခိုက်စေပြီး အစာအိမ်ကင်ဆာ ဖြစ်စေနိုင်ပါတယ်။

ဆေးလိပ်သောက်တာက အဆုတ်နဲ့ အသက်ရှူလမ်းကြောင်းကိုတင် ထိခိုက်စေတာ မဟုတ်ပါဘူး။ အစာအိမ်ကင်ဆာ ဖြစ်စေနိုင်ပါတယ်။ တဆင့်ခံဆေးလိပ်ငွေ့ ရှူမိတာကလည်း အစာအိမ်ကင်ဆာ ဖြစ်စေနိုင်တာ​ကြောင့် သတိထားစေချင်ပါတယ်။

Helicobacter pylori လို့ခေါ်တဲ့ ဘက်တီးရီးယားပိုး ဝင်ရောက်ကူးစက်တာကြောင့် အစာအိမ်ကင်ဆာဖြစ်စေနိုင်ပါတယ်။ ဒါ​ကြောင့် အစာအိမ်က ခဏခဏအောင့်မယ်ဆိုရင် ပိုးဝင်ကူးစက်ထားသလား၊ အနာဖြစ်နေသလားဆိုတာကို စစ်ဆေးပါ။

အစာအိမ်မှာ ဒါမှမဟုတ် အစာခြေစနစ်ရဲ့ နေရာတစ်ခုခုမှာ အသားပို အဖုအကျိတ်လေးတွေ တွေ့ရမယ်ဆိုရင် အမြန်ဆုံး စစ်ဆေး ကုသမှု ခံယူပါ။ ဒါတွေကို မစစ်ဆေးဘူးဆိုရင် အစာအိမ်ကင်ဆာဖြစ်တာမျိုးအထိ ပြင်းထန်တဲ့ အကျိုးဆက်ကို ခံစားရစေနိုင်ပါတယ်။

ဒါတွေအပြင်

  • အသက် ၅၀ နဲ့အထက် ဖြစ်နေတာ
  • အမျိုးသားဖြစ်နေတာ
  • မျိုးရိုးရှိတာ
  • အယ်လ်ကိုဟော သောက်သုံးတာ
  • သေချာ သိမ်းဆည်းထားတာ မဟုတ်တဲ့ အစားအစာတွေစားတာ
  • သေချာကျက်အောင် ချက်မထားတဲ့ အစားအစာတွေကို စားတာ
  • ဓာတုပစ္စည်းတွေနဲ့ ထိတွေ့မှု များတာ
  • သွေးအမျိုးအစား A ပိုင်ရှင်ဖြစ်နေတာ
  • သွေးကင်ဆာ တစ်မျိုးမျိုး ခံစားရဖူးတာ
  • ကျောက်မီးသွေး ထုတ်လုပ်တဲ့ လုပ်ငန်းခွင်လို နေရာမျိုးမှာ လုပ်ကိုင်တာတွေက အစာအိမ်ကင်ဆာ ခံစားရနိုင်ခြေကို မြင့်တက်စေပါတယ်။

ဒီအချက်တွေ ရှိတာနဲ့ ကင်ဆာဖြစ်မယ်လို့ ပြောတာမဟုတ်ပါဘူး။ ဒါပေမယ့် အချက်တွေတော်တော်များများ ကိုက်ညီနေရင်တော့ ဖြစ်နိုင်ခြေများတာကို သတိပြုပါ။ ကဲ…ဆင်ခြင်လို့ရတဲ့ အလေ့အထလေးတွေကို ဆင်ခြင်လို့ အစာအိမ်ကင်ဆာ ခံစားရနိုင်ခြေကို အခုကစပြီး လျှော့ချလိုက်ရအောင်နော်။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 02/06/2023 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။