နေလေးပူလိုက်၊ မိုးလေးရွာလိုက်။ နေပူထဲထွက်လိုက်၊ အဲယားကွန်းခန်းထဲဝင်လိုက်လုပ်ပြီး အိမ်ပြန်ရောက်တဲ့အထိ ဘာမှမဖြစ်ပေမယ့် မနက်ခင်းလည်းနိုးရော လည်ချောင်းက တံထွေးတောင်မျိုချမရအောင် နာနေတာမျိုးဖြစ်နေပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက လည်ချောင်းနာနေတာကို အမြန်သက်သာစေဖို့ရော မဖြစ်သေးရင်လည်း ကာကွယ်ဖို့ပါအသုံးတည့်စေမှာပါနော်။
ဘာတွေကများ လည်ချောင်းနာစေရတာလဲ…………..
လည်ချောင်းနာတာကိုဖြစ်စေတဲ့အကြောင်းအရင်းက အများကြီးပါ။ သင့်ကိုလည်ချောင်းနာစေတဲ့ အဓိကအချက်တွေကတော့ –
- တုပ်ကွေးြဖစ်တာ
- အအေးမိဖျားနာဖြစ်တာ
- ရေကျောက်ပေါက်တာ
- ဓါတ်မတည့်တဲ့အရာတစ်ခုခုနဲ့ထိတွေ့မိတာ
- ပတ်ဝန်းကျင်ကခြောက်သွေ့နေတာ
- အသံကုန်ဟစ်ထားခဲ့တာ
- ဆေးလိပ်သောက်တာ
- Lactic acid ပါဝင်မှုများတဲ့ အစားအစာတွေကို အလွန်အကျွံစားသုံးတာတွေကြောင့် လည်ချောင်းနာနိုင်ပါတယ်။
ဘယ်လိုများကာကွယ်မလဲ…..
ကုသမှုထက် ကာကွယ်မှုကပိုကောင်းပါတယ်။ အကြောင်းကတော့ အချိန်ကုန်လူပန်းသက်သာမှုပါပဲ။ ဒါကြောင့် လည်ချောင်းနာပြဿနာ ကိုယ့်ဆီ အလည်မလာစေဖို့ဆိုရင်
- အထိရောက်ဆုံးနည်းလမ်းတစ်ခုကတော့ လက်ကို သန့်စင်ဆေးကြောတာပါ။ လက်ကိုရေသန့်သန့်နဲ့ဆပ်ပြာကိုအသုံးပြုပြီးသေချာသန့်စင်သွားအောင်ဆေးကြောပေးပါ။ ရေအလွယ်ကူမရနိုင်ဘူးဆိုရင်ရေမလိုလက်သန့်ဆေးရည်သုံးပြီး လက်ကို သန့်စင်ဆေးကြောပေးပါ။
- ဖျားနေတဲ့လူနဲ့ နီးနီးကပ်ကပ်နေတာကိုရှောင်ကြဉ်ပါ။
- တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် အသုံးပြုတဲ့ပစ္စည်းတွေကို မျှဝေသုံးစွဲတာမျိုးမလုပ်ပါနဲ့။
- ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပေးပါ။
- အိပ်ရေးဝဝအိပ်ပါ။
- အာဟာရြပည့်ဝမျှတအောင်စားသုံးပေးပါ။
- အပူအစပ်လွန်ကဲတာတွေကိုရှောင်ပါ။
- ဓါတုပစ္စည်းတွေကို တတ်နိုင်သမျှရှောင်ပါ။
- ဆေးလိပ် နဲ့အရက်ကိုတတ်နိုင်သမျှရှောင်ပါ။
လည်ချောင်းနာတာက ပြောတော့သာ ဘာမှမဟုတ်ပေမယ့် တော်တော်လေးနေရထိုင်ရခက်စေတာကြောင့် အခုပြောခဲ့တဲ့နည်းလမ်းလေးတွနဲ့ ကာကွယ်လိုက်ပါ။
လည်ချောင်းနာလာရင်ကော ဘာလုပ်ရမလဲ……
တကယ်လို့လည်ချောင်းနာလာခဲ့မယ်ဆိုရင်တော့
- ပြည့်ပြည့်ဝဝအနားယူလိုက်ပါ
- ရေများများသောက်ပါ
- ပျားရည်သောက်ပါ
- ရေနွေးငွေ့ခံပါ
- ဆားရည်နဲ့အာလုပ်ကျင်းပေးပါ
- ရေနွေးသောက်ပါ။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
[embed-health-tool-bmi]