backup og meta

အတက်ရောဂါ (Seizure) ရှိသူကို စောင့်ရှောက်နည်းလမ်းညွှန်

အတက်ရောဂါ (Seizure) ဆိုတာ

တက်တယ်ဆိုတာက ဦးနှောက်ထဲမှာ ရုတ်တရက် ထိန်းချုပ်လို့မရတော့တဲ့ အနေအထားတစ်ရပ်ဖြစ်ပေါ်ပြီး ကြွက်သားတွေထဲမှာ ထိန်းချုပ်လို့မရတဲ့ အခြေအနေတစ်ရပ်ဖြစ်ပေါ်လာတာပါ။ ဒီလိုဖြစ်တဲ့အခါ လူကရုတ်တရက်မြေပြင်ပေါ်ကိုလဲကျသွားတာမျိုးဖြစ်နိုင်ပါတယ်။ တက်တဲ့အခါ ခန္ဓါကိုယ်ရဲ့ အမူအရာ၊ လှုပ်ရှားမှုနဲ့ စိတ်ပိုင်းဆိုင်ရာခံစားမှုပြောင်းလဲတာမျိုးဖြစ်နိုင်ပါတယ်။ အရမ်းပြင်းထန်တဲ့အခါ သတိလစ်သွားတာမျိုးအထိဖြစ်နိုင်ပါတယ်။ ခဏခဏတက်နေမယ်ဆိုရင်တော့ ဝက်ရူးပြန်ရောဂါရှိနေတာမျိုးဖြစ်နိုင်တာကြောင့် သတိထားဖို့လိုပါမယ်။

တက်တယ်ဆိုတာ စတင်ဖြစ်ပေါ်တဲ့ ဦးနှောက်အစိတ်အပိုင်းပေါ်မှာမူတည်ပြီးပြင်းထန်မှုအတိုင်းအတာကွားခြားနိုင်ပါတယ်။ တက်တာအများစုက စက္ကန့် ၃၀ ကနေ ၂ မိနစ်လောက်အထိပဲကြာမြင့်နိုင်ပါတယ်။ တကယ်လို့တက်တဲ့ကာလအပိုင်းအခြားက ၅ မိနစ်ကျော်အထိကြာမယ်ဆိုရင် ကျန်းမာရေးအတွက် စိုးရိမ်ရတဲ့အခြေအနေဖြစ်တာကြောင့် အမြန်ဆုံးကုသမှုခံယူဖို့လိုပါမယ်။

အချို့ရောဂါလက္ခဏာတွေရဲ့နောက်ဆက်တွဲအနေနဲ့ တက်တာကိုခံစားရနိုင်ပါတယ်။လေဖြတ်တာရဲ့နောက်ဆက်တွဲအနေနဲ့ တက်တာကိုခံစားရနိုင်သလို ဦးခေါင်းမှာထိခိုက်ဒဏ်ရာရတာ၊ ဦးနှောက်အမြှေးရောင်ရောဂါ (Meningitis) နဲ့ အခြားသောအဖျားရောဂါတွေရဲ့နောက်ဆက်တွဲအနေနဲ့ အတက်ရောဂါကိုခံစားရလာနိုင်ပါတယ်။

အတက်ရောဂါ ခံစားနေရသူတစ်ဦးကိုတွေ့တဲ့အခါ

မိသားစုဝင်ထဲမှာဖြစ်ဖြစ်၊ သူငယ်ချင်းမိတ်ဆွေတစ်ဦးဦး ဒါမှမဟုတ် သွားရင်းလာရင်းတွေ့တဲ့သူတစ်ဦးဦးမှာ အတက်ဝေဒနာခံစားနေရတာမျိုးနဲ့ကြုံခဲ့မယ်ဆိုရင် အခုလိုလုပ်ပေးလိုက်ပါ။

  • တက်နေတဲ့လူကို တံထွေးသီးတာမျိုး နင်တာမျိုးမဖြစ်စေဖို့အတွက်ဘေးစောင်းအနေအထားဖြစ်အောင်စောင်းပေးလိုက်ပါ။
  • လည်ပင်းမှာရှိနေတဲ့ အသက်ရှုကျပ်စေနိုင်တဲ့အရာတွေကိုဖြုတ်ပေးလိုက်ပါ။
  • အသက်ရှုနေသေးလားဆိုတာကိုသေချာစစ်ဆေးပေးပါ။
  • တက်နေသူရဲ့ ပါးစပ်ထဲကို တစ်ခုခုထည့်တာမျိုးမလုပ်မိအောင်သတိထားပါ။
  • တက်နေတဲ့သူကို တစ်ယောက်တည်းထားခဲ့တာမျိုးမလုပ်ပါနဲ့။
  • တက်နေတဲ့သူအနားမှာရှိနေတဲ့ ချွန်ထက်တဲ့အရာတွေနဲ့ အန္တရာယ်ဖြစ်စေနိုင်တဲ့အရာတွေကိုဝေးဝေးကိုဖယ်ထားပါ။ ထိခိုက်မိတာမျိုးမဖြစ်စေဖို့အတွက်ပါ။
  • အရေးပေါ်ဌာနကို အကြောင်းကြားပါ။ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေ မလာခင်အထိ အတက်ဝေဒနာခံစားနေရသူ အနားမှာနေပေးပါ။
  • ကူညီသူကိုယ်တိုင်က စိတ်လှုပ်ရှားနေလို့ မဖြစ်တာကြောင့် စိတ်ငြိမ်အောင်ထားပေးပါ။
  • တက်တဲ့ အချိန်အတိုင်းအတာကို မှတ်ထားပေးပါ။
  • တက်နေတဲ့သူကို မတက်အောင်ဆိုပြီး အတင်းချုပ်ထားတာမျိုးမလုပ်ပါနဲ့။ ဒီလိုလုပ်တာက ဝေဒနာကို မသက်သာစေဘဲဝေဒနာခံစားနေရသူကို ပိုပြီး ပင်ပန်းစေနိုင်တာကြောင့်ပါ။
  • အတက်ဝေဒနာကို ခံစားရသူက အပြည့်အဝပြန်ကောင်းမလာခင်အထိသောက်စရာတစ်ခုခုတိုက်တာ၊ဆေးတိုက်တာ၊ တစ်ခုခုကျွေးတာမျိုးမလုပ်ပါနဲ့။
  • အတက်ရောဂါခံစားရသူကို သက်တောင့်သက်သာထိုင်နိုင်အောင်စီစဉ်ပေးလိုက်ပါ။
  • အတက်ရောဂါခံစားရသူကရုတ်တရက်လဲကျသွားတဲ့အခါ အနီးမှာရှိတဲ့သူကို အကူအညီတောင်းပြီးဝေဒနာခံစားနေရသူကို သက်တောင့်သက်သာဖြစ်အောင်ထားပေးပါ။
  • အတက်ရောဂါခံစားနေရသူရဲ့ ဦးခေါင်းကို ကြမ်းပြင်နဲ့တိုက်မိတာမျိုးမဖြစ်စေဖို့အတွက်ခေါင်းကို တစ်ခုခုနဲ့ကာကွယ်တာမျိုးလုပ်ပေးလိုက်ပါ။

အခုလိုအခြေအနေမျိုးဆိုရင်တော့ နီးစပ်ရာဆေးခန်းကို သွားဖို့လိုအပ်မှာပါ

  • တက်တာက ၅ မိနစ်ကျော်တဲ့အထိ မသက်သာတာ၊ ခဏခဏတက်နေတာ
  • အတက်ဝေဒနာခံစားရပြီး ( ၁၀ မိနစ် ကနေ ၁၅ မိနစ်) အထိ စိတ်အခြေအနေပုံမှန်ပြန်မဖြစ်သေးတာမျိုး
  • အတက်ဝေဒနာခံစားရမှု ပြီးဆုံးသွားသည့်တိုင် တုံ့ပြန်မှုမရှိတာ
  • အသက်ရှုရခက်နေတာ
  • တက်နေစဉ်အတွင်း ထိခိုက်ဒဏ်ရာတစ်စုံတစ်ရာခံစားခဲ့ရမယ်ဆိုရင်
  • ပထမဆုံးအကြိမ် အတက်ဝေဒနာကိုခံစားရတာဖြစ်မယ်ဆိုရင်
  • နှုတ်ခမ်း၊လျှာနဲ့ မျက်နှာတွေပြာနှမ်းနေမယ်ဆိုရင်
  • အတက်ရောဂါခံစားရပြီး မိနစ်အနည်းငယ်ကြာတဲ့အထိ သတိမရဘဲဖြစ်နေမယ်ဆိုရင်တော့ နီးစပ်ရာဆေးခန်းကို အမြန်ဆုံးသွားရောက်ပြသဖို့ လိုပါမယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

First Aid: Seizureshttp://kidshealth.org/en/parents/seizures-sheet.html Accessed Date 20 July 2018

First Aid for Seizures https://www.medicinenet.com/first_aid_for_seizures/article.htm#first_aid_for_seizures_facts Accessed Date 20 July 2018

Seizures Treatmenthttps://www.webmd.com/first-aid/seizures-emergencies-treatment Accessed Date 20 July 2018

Seizures Emergencies https://www.emedicinehealth.com/seizures_emergencies/article_em.htm#facts_on_seizure_emergencies Accessed Date 20 July 2018

Seizureshttps://www.mayoclinic.org/diseases-conditions/seizure/symptoms-causes/syc-20365711 Accessed Date 20 July 2018

ယခုပုံစံ

10/08/2022

Aye Thi Mon မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အနာကို ဘာကြောင့်သေချာကာကွယ်ဖို့လိုအပ်တာလဲ

ဘယ်လိုထိခိုက်ဒဏ်ရာမျိုးဆိုရင် ဆေးရုံသွားဖို့လိုမလဲ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 10/08/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement