အသီးအရွက်များဟာ အရိုးများသန်မာစေဖို့ များစွာ အထောက်အကူပြုပါတယ်။ အသီးအရွက်များမှာ ဗီတာမင် C ကြွယ်ဝပြီး အရိုးများအသစ်ဖြစ်ပေါ်ခြင်းအတွက် လှုံ့ဆော်ပေးပါတယ်။ ဒါ့အပြင် ဗီတာမင် C ဟာ အရိုးဆဲလ်များ ထိခိုက်ပျက်စီးခြင်းကနေ ကာကွယ်ပေးပါတယ်။ အစိမ်းရောင်နဲ့ အဝါရောင် အသီးအရွက်များကို များပြားစွာ စားသုံးခြင်းဟာ ကလေးဘဝကတည်းက အရိုးများအတွင်း သတ္တုဓာတ်များ ဖွဲ့စည်းဖြစ်ပေါ်ခြင်းကို အားပေးကူညီတာမို့ အရွယ်ရောက်လာရင် ကြံ့ခိုင်တောင့်တင်းစေပါတယ်။
၂။ ပရိုတင်းလုံလောက်စွာ စားသုံးခြင်း
အရိုးများရဲ့ ၅၀%ကို ပရိုတင်းများနဲ့ ဖွဲ့စည်းထားပါတယ်။ ပရိုတင်းစားသုံးမှုနည်းပါးရင် ကယ်လ်ဆီယမ်စုပ်ယူမှု လျော့ကျစေပြီး အရိုးများဖြစ်ပေါ်နှုန်း ဖြိုခွဲနှုန်းအပေါ် သက်ရောက်မှု ရှိပါတယ်။ လူတစ်ဦးဟာ တစ်နေ့ကို ပရိုတင်း ၁၀၀ ဂရမ်ခန့် စားသုံးသင့်တယ်လို့ ဆိုပါတယ်။ သွေးဆုံးပြီးသွားတဲ့ အမျိုးသမီးများအနက် ပရိုတင်းစားသုံးမှုမြင့်မားသူများဟာ အရိုးပွခြင်းကြောင့်ဖြစ်တတ်တဲ့ အရိုးကျိုးနိုင်ခြေ နည်းပါးတယ်လို့ ဆိုပါတယ်။
၃။ ကယ်လ်ဆီယမ်ကြွယ်ဝသော အစားအစာများ စားသုံးခြင်း
ကယ်လ်ဆီယမ်ဓာတ်ဟာ အရိုးများ ကျန်းမာကြံ့ခိုင်ရေးအတွက် အရေးအကြီးဆုံး သတ္တုဓာတ်ဖြစ်ပါတယ်။ အရိုးဆဲလ်များဟာ ပြန်လည်ဖြိုခွဲခြင်း၊ အသစ်တစ်ဖန်ဖွဲ့စည်းခြင်း စတာတွေ တစ်ချိန်လုံး ဖြစ်ပေါ်နေတာကြောင့် ကယ်လ်ဆီယမ်ဓာတ်ကို နေ့စဉ် စားသုံးပေးဖို့ လိုအပ်ပါတယ်။ နေ့စဉ် ကယ်လ်ဆီယမ် စားသုံးသင့်တဲ့ ပမာဏကတော့ ၁၀၀၀ မီလီဂရမ် ဖြစ်ပါတယ်။ ဒါပေမယ့် ဆယ်ကျော်သက်အရွယ်ဆိုရင် ၁၃၀၀ မီလီဂရမ်လိုအပ်ပြီး အသက်အရွယ်ကြီးတဲ့ အမျိုးသမီးတွေဆိုရင် ၁၂၀၀ မီလီဂရမ် လိုအပ်ပါတယ်။ ကယ်လ်ဆီယမ်ကို ဖြည့်စွက်စာများမှလည်း ရရှိနိုင်ပေမယ့် သဘာဝအတိုင်း အစားအသောက်တွေက ရရှိတာ ပိုကောင်းပါတယ်။
၄။ ဗီတာမင်D ဗီတာမင် K များ စားသုံးခြင်း
ဗီတာမင် D နဲ့ ဗီတာမင် K တို့ဟာလည်း အရိုးများ ဖွဲ့စည်းတည်ဆောက်ရာမှာ အရေးကြီးပါတယ်။ ဗီတာမင် D ဟာ ကိုယ်ခန္ဓာကနေ ကယ်လ်ဆီယမ်စုပ်ယူဖို့အတွက် အားပေးကူညီပါတယ်။ သွေးတွင်းဗီတာမင် D ဟာ အနည်းဆုံး 30 ng/ml ရှိနေမယ်ဆိုရင် အရိုးပွခြင်းနဲ့ တခြားအရိုးရောဂါတွေ ဖြစ်ပွားခြင်းကနေ ကာကွယ်နိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။