backup og meta

ညှင်း ဖြစ်နေပြီလား..........

အနာအဆာကင်းတဲ့ အရေပြားလေးက ဆွဲဆောင်မှုတိုးစေတဲ့အချက်တစ်ခုပါ။ အရေပြား ကျန်းမာတာက လူတစ်ယောက်ရဲ့ သွင်ပြင်အပေါ်မှာ အများကြီးသက်ရောက်နေတဲ့ အချက်တစ်ခုပေါ့။ ဒီတစ်ခေါက်တော့ လူတော်တော်များများမှာဖြစ်တတ်တဲ့ အရေပြားပြဿနာ တစ်ခုဖြစ်တဲ့ ညှင်း အကြောင်း ပြောပြပေး ချင်ပါတယ်။

ညှင်း ဆိုတာ

ညှင်းဆိုတာက အရေပြားမှာ မှိုစွဲတဲ့ ရောဂါတစ်မျိုးပါ။ ညှင်းဖြစ်စေတဲ့မှိုပိုးက အရေပြားပေါ်မှာ ရှိနေတတ်တဲ့ Malassezia မှိုပိုး အမျိုးအစားပါ။ ပုံမှန်အားဖြင့်ကတော့ အရေပြားပေါ်မှာ သာမန်မျက်လုံးနဲ့ မမြင်ရတဲ့ မှိုပိုးနဲ့ ဘက်တီးရီးယားပေါင်း သန်းပေါင်းများစွာရှိနေပါတယ်။  သူတို့က သင့်ကိုယ်တွင်းကို ကူးစက်ရောဂါပိုးတွေ ဝင်ရောက်တာမျိုးမရှိအောင် ကာကွယ်ပေးရင်း အရေပြားပေါ်မှာ အသိုက်ဖွဲ့လို့နေနေတတ်ကြတာပါ။ သူတို့တွေရှိနေလိုပလည်း အချို အန္တရာယ်များတဲ့ ရောဂါပိုးတွေက ကိုယ်တွင်းကို ဝင်ရောက်မလာတာပေါ့။ အရေပြားဆဲလ်တွေ နဲ့ သူတို့လေးတွေက အချင်းချင်း ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ အနေနဲ့ နေထိုင်ရှင်သန်နေကြတာပါ။

ပုံမှန် အခြေအနေအတိုင်း ရှင်သန်နေတာက ပြဿနာမရှိပေမယ့် ဒီမှိုပိုးအရေအတွက်က ထိန်းမရနိုင်တဲ့အထိ ပေါက်ဖွားလာမယ်ဆိုရင်တော့ အရေပြား ကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး အသားအရောင်ပြောင်းတာမျိုး ဖြစ်လာစေနိုင်ပါတယ်။ Malassezia မှိုပိုးတွေ အဆမတန် ပေါက်ဖွားလာမှုက အရေပြားပေါ်မှာ အရောင်ရင့်ရင့် အကွက်တွေ၊ အရောင်ခပ်ဖျော့ဖျော့ အကွက်တွေဖြစ်လာစေနိုင်ပါတယ်။ ဒီလိုအရေပြားပေါ်မှာ အကွက်တွေဖြစ်လာတာကို ညှင်း လို့ခေါ်တာပါ။

ဘယ်သူတွေမှာ ပိုဖြစ်နိုင်လဲ…………

ညှင်းက လူတိုင်းမှာ ဖြစ်နိုင်ပေမယ့် အခုလို လူတွေမှာ ပိုဖြစ်နိုင်ပါတယ်။

ညှင်း ဖြစ်စေတဲ့ မှိုပိုးက အရေပြားပေါ်မှာ သဘာဝအတိုင်း ပေါက်ဖွားတတ်တာကြောင့် တစ်ဦးကနေတစ်ဦးကို မကူးစက်နိုင်ပါဘူး။ ညှင်းက ဘယ်အသားအရောင်မျိုးမှာ မဆိုဖြစ်နိုင်ပြီး ဆယ်ကျော်သက်တွေနဲ့ လူငယ်တွေမှာ အဖြစ်များပါတယ်။

ဘယ်လို လက္ခဏာတွေရှိနိုင်လဲ………..

အရေပြားမှာ ညှင်း ဖြစ်စေတဲ့ မှိုပိုးတွေ အဆမတန် ပေါက်ဖွားလာတဲ့အခါ အသားအရောင်ပြောင်းတာမျိုးဖြစ်နိုင်သလို အရေပြားမှာ အသားအရောင်မညီတဲ့ အစက်အပြောက်တွေဖြစ်တာ၊ အကွက်တွေဖြစ်တာမျိုး ဖြစ်နိုင်ပါတယ်။ အရေပြားမှာ ညှင်းဖြစ်နေပြီဆိုရင်

  • အဖြူရောင် အကွက်တွေဖြစ်မယ်၊ ပန်းရောင် အကွက်တွေဖြစ်မယ်၊ အနီ ဒါမှမဟုတ် အညိုရောင်အကွက်တွေဖြစ်မယ်
  • ညှင်း ဖြစ်နေတဲ့တဝိုက်မှာ အသားအရောင်က ဖျော့နေတာ၊ ရင့်နေတာမျိုးဖြစ်မယ်
  • နေလောင်တာတောင် မဲမသွားတာမျိုး၊ အရောင်မပြောင်းသွားတာမျိုး ဖြစ်မယ်
  • ခန္ဓာကိုယ်ရဲ့ နေရာအနှံ့မှာ တွေ့ရမယ်။ အထူးသဖြင့် လည်ပင်း၊ ရင်ဘတ်၊ နောက်ကျောနဲ့ လက်မောင်းတွေမှာပါ။

ဒီအကွက်လေးတွေက ရာသီဥတု အေးလာတဲ့အခါ ပျောက်သွားတတ်ပြီး ရာသီဥတု အခြေအနေက ပူနွေးစိုစွတ်တဲ့အခါမှာ ပိုဆိုးလာတတ်ပါတယ်။ ညှင်းဖြစ်တဲ့အခါ အရေပြားက ခြောက်သွေ့တာ၊ အဖက်လေးတွေလန်တာ၊ ယားယံတာ၊ နာကျင်တာတွေ ခံစားရနိုင်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ခံစားရပုံခြင်း ကွာခြားတာမျိုးတော့ရှိပါတယ်။

ဘယ်လိုကာကွယ်မလဲ ………….

ညှင်းကလည်း ရောဂါတစ်မျိုးဖြစ်တာကြောင့် မဖြစ်အောင် ကာကွယ်လို့ရပါတယ်။ ဘယ်လိုကာကွယ်ရမလဲဆိုတော့

  • အဆီပါဝင်မှုများတဲ့ အလှကုန်တွေ သုံးတာမျိုးကို ရှောင်ပါ
  • နေရောင်နဲ့ တိုက်ရိုက်ထိတွေ့မှုကို တတ်နိုင်သမျှ လျှော့ပါ။ နေရောင်နဲ့ ထိတွေ့မှုက ညှင်းကို ပိုဆိုးစေနိုင်ပါတယ်
  • နေရောင်ထဲထွက်ရမယ့် ကိစ္စတွေရှိနေမယ်ဆိုရင် နေရောင်ထဲမထွက်ရခင် ၂ ရက်လောက်​ကြိုတင်ပြီး မှိုသတ်ဆေးပါတဲ့ ရေချိုးဆပ်ပြာရည်နဲ့ ရေချိုးပါ
  • အနည်းဆုံး SPF 30 ပါတဲ့ နေလောင်ကာခရင်မ်ကို နေ့တိုင်း  လိမ်းပေးပါ
  • အရမ်းကျပ်တဲ့ အဝတ်အစားတွေ မဝတ်ပါနဲ့
  • လေဝင်လေထွက်ကောင်းပြီး ချွေးစုပ်တဲ့ ချည်သား ပွပွချောင်ချောင်တွေ ဝတ်ပေးပါ
  • ချွေးအရမ်းထွက်လာရင် တစ်သျှူး ဒါမှမဟုတ် အဝတ်စသန့်သန့်လေးနဲ့ ချက်ချင်း သုတ်ပစ်ပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Tinea Versicolor https://www.webmd.com/skin-problems-and-treatments/tinea-versicolor-cause-symptoms-treatments#2 Accesssed Date 25 February 2020

Tinea Versicolor https://www.healthline.com/health/tinea-versicolor Accesssed Date 25 February 2020

ယခုပုံစံ

01/09/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အရေပြားမှာ အင်ပျဉ်ထခဲ့ရင် အသုံးဝင်မယ့်နည်းလမ်းလေးတွေ

ပြင်းထန်တဲ့အရေပြားပြဿနာအတွက် ဖြေရှင်းနည်း


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 01/09/2023 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement