လူနာတွေကို ကုသတဲ့ နေရာမှာ ဆရာဝန်တွေ အနေနဲ့ တိကျတဲ့ ရောဂါကို အဖြေထုတ်နိုင်ဖို့အတွက် ရောဂါရာဇဝင်မေးမြန်န်းတာ၊ စမ်းသပ်တာ၊ လိုအပ်တဲ့ ဆေးစစ်ချက်တွေ ပြုလုပ်ရပါတယ်။ ဒါကြောင့် လူနာပြောတဲ့ ရောဂါရာဇဝင်ဟာ သိပ်ကို အရေးကြီးပါတယ်။ လူနာပြောတဲ့အပေါ်မူတည်ပြီး ရောဂါက ဘယ်နားမှာ ဖြစ်နိုင်မလဲဆိုတာ ခန့်မှန်းရတာပါ။ ခုလည်း ဒီလိုပါပဲ။ လူနာက ဒီလက္ခဏာတွေ ခံစားရပါတယ်လို့ ပြောလာပြီဆိုရင် ယေဘုယျအားဖြင့် အသက်ရှူလမ်းကြောင်းမှာ ရောဂါတစ်ခုခုရှိနေတာ ဖြစ်နိုင်တယ်ဆိုပြီး ကောက်ချက်ချရပါတယ်။ အထူးသဖြင့် ဒီလက္ခဏာတွေ ရှိနေရင် သင့်အသက်ရှူလမ်းကြောင်းမှာ ပြဿနာရှိနေပါပြီ ။
ဒီလက္ခဏာတွေ ရှိနေရင် သင့်အသက်ရှူလမ်းကြောင်းမှာ ပြဿနာရှိနေပါပြီ
မောတာဆိုတာရဲ့ ရင်းမြစ်က အောက်ဆီဂျင်မလုံလောက်လို့ပါပဲ။ အသက်ရှူမဝတာကြောင့်ပေါ့။ အသက်ရှူလမ်းကြောင်းမှာ ရောဂါရှိနေတဲ့ လူနာတော်တော်များများဟာ ဒီပြဿနာနဲ့ လာတတ်ပါတယ်။ မောတယ်ဆိုတာ အသက်ရှူလမ်းကြောင်းရောဂါတစ်ခုတည်းကြောင့်တော့ မဟုတ်ပါဘူး။ နှလုံးကြောင့်လည်း မောနိုင်တယ်၊ ရင်ဘတ်ကြွက်သားတွေ နာနေလို့ အသက်မရှူနိုင်ဘဲ မောတာရှိမယ်။ နောက်ဆုံး စိတ်တွေ လှုပ်ရှားနေလို့ မောတာရှိမယ်။
ဒါပေမယ့် မောတယ်လို့ ပြောရင် အသက်ရှူလမ်းကြောင်းကပဲ စစဉ်းစားတာပါ။ အသက်ရှူလမ်းကြောင်း ပြဿနာ မဟုတ်ဘူးဆိုမှ နှလုံးလား၊ စိတ်ကြောင့်လားဆိုပြီး ရောဂါဆက်ရှာတာပါ။
ဒါဟာလည်း သိသာတဲ့ လက္ခဏာတစ်ခုပါပဲ။ လေပြွန်မှာ တစ်ခုခုဖြစ်နေတဲ့ ဆိုတဲ့ သဘောပါ။ ပန်းနာရင်ကျပ်ကြောင့် လေပြွန်ကျဉ်းတာဖြစ်မယ်။ လေပြွန်ပိတ်တာဖြစ်နိုင်တယ်။ အကျိတ်က လေပြွန်ကို ဖိထားတာကြောင့် ဖြစ်နိုင်တယ်။ ပြင်ပက ပစ္စည်း တစ်ခုခုဝင်သွားလို့ လေပြွန်မှာ ပိတ်နေတာ ဖြစ်နိုင်တယ်။
ရှားရှားပါးပါး အဆုတ်ကြောင့် မဟုတ်ဘဲ နှလုံးပျက်စီးလို့ အဆုတ်ထဲ ရေဝင်နေပြီး အသက်ရှူရင် တရွှီရွှီမြည်နေတာလည်း ဖြစ်နိုင်ပါတယ်။ ဘယ်ဟာကြောင့်လည်း ဆိုတာကတော့ နောက်ထပ် ရောဂါရာဇဝင်တွေ ထပ်မေးမြန်းရမှာပဲ ဖြစ်ပါတယ်။
သေချာပေါက် အသက်ရှူလမ်းကြောင်းတို့၊ အဆုတ်တို့ပဲပေါ့။ ချောင်းဆိုးတာက တကယ်တော့ ခန္ဓာကိုယ်ရဲ့ ကာကွယ်နည်းစနစ်တစ်ခုပါပဲ။ တစ်ခုခု မတည့်တာရှူမိတယ်ဆိုရင် အပြင်ကို ပြန်ထွက်သွားအောင် ခန္ဓာကိုယ်က နှာချေ၊ ချောင်းဆိုး ပစ်ပါတယ်။ ဒါကြောင့် ချောင်း တစ်ချက် နှစ်ချက် ဆိုးတာက ပြဿနာ မဟုတ်ပါဘူး။
ဆက်တိုက်ဆိုးနေပြီ၊ သလိပ်တွေပါလာပြီဆိုရင်တော့ ဒါဟာ ရောဂါတစ်ခုရဲ့ လက္ခဏာဖြစ်သွားပါပြီ။ ချွဲထတယ်ဆိုတာ အထဲမှာ တစ်ခုခုရောင်ရမ်းနေတာ၊ ပိုးဝင်တာ၊ ပိတ်နေတာကြောင့်ပါပဲ။ တစ်ခါတလေတော့လည်း အဆုတ်ကြောင့်မဟုတ်ဘဲ တခြားအကြောင်းကြောင့် ချောင်းဆိုးနိုင်ပါသေးတယ်။ ဥပမာ နှလုံးပျက်စီးလို့ဖြစ်ဖြစ်၊ ထိပ်ကပ်နာကြောင့် ဖြစ်ဖြစ်ပေါ့။ ဒါပေမယ့် ချောင်းဆိုးတယ်၊ သလိပ်ထတယ်ပြောရင် အဆုတ်ကိုပဲ စစဉ်းစားမှာပါ။ အဆုတ်မဟုတ်မှ တခြားရောဂါတွေကို ဆက်ရှာမှာပါ။
ဒါကတော့ ပုံမှန်မဟုတ်ဘူးဆိုတာ လုံးဝသေချာပါတယ်။ သေသေချာချာ ဆေးကုသမှုခံယူရမယ့် အခြေအနေပါ။ တစ်ခါတလေ ချောင်းဆိုးသွေးပါတာလား၊ သွေးအန်တာလား၊ နှာခေါင်းသွေးလျှံတာများတာလားဆိုပြီး သေချာ ပြန်ခွဲရပါတယ်။
ဘာကြောင့်လည်းဆိုတော့ ချောင်းဆိုးသွေးပါက အဆုတ်က ထွက်တဲ့ သွေး၊ သွေးအန်တာက အစာအိမ်နဲ့ အူလမ်းကြောင်း၊ နှာခေါင်းသွေးလျှံတာက နှာခေါင်းထဲက သွေးကြောလေးတွေ စသဖြင့် အကြမ်းဖျဉ်း ဖြစ်တဲ့နေရာတွေ မတူလို့ပါပဲ။
နောက်ပြီး ချောင်းဆိုးသွေးပါတာက အဆုတ်ရောဂါအပြင် သွေးရောဂါတို့ ကင်ဆာတို့မှာလည်း တွေ့ရတတ်ပါတယ်။ ဒါပေမယ့် ဒီလက္ခဏာရှိနေပြီဆိုရင် အဆုတ်ကိုပဲ စစဉ်းစားမှာပါ။ အဆုတ်မှာ မဟုတ်မှ တခြားရောဂါတွေကို ဆက်စဉ်းစားမှာပါ။
Takeaways
ဒီလိုလက္ခဏာတွေကို သိထားတော့ အားသာချက်အနေနဲ့ ဘယ်ဆရာဝန်နဲ့ ပြသင့်လဲဆိုတာ မြန်မြန်ဆုံးဖြတ်ချက်ချနိုင်ပါတယ်။ ကိုယ့်ရဲ့ ဘယ်နားမှာ ရောဂါရှိနေတာဖြစ်နိုင်လဲဆိုတာ အကြမ်းဖျဉ်း ခန့်မှန်းနိုင်ပါတယ်။
အပေါ်က လက္ခဏာတွေ ရှိနေပြီဆိုရင် ဒါဟာ အဆုတ်မှာ ရောဂါတစ်ခုခုဖြစ်နေတာ။ ဒါကြောင့် အဆုတ်နဲ့ ရင်ခေါင်း အထူးကု ဒါမှမဟုတ် သမားတော်နဲ့ ပြရမယ်ဆိုတာ ဆုံးဖြတ်နိုင်လို့ ကုသမှု မြန်မြန်ခံယူလို့ရပါတယ်။
[embed-health-tool-bmi]