backup og meta

အဖျားမြန်မြန်ပျောက်ဖို့ အစွမ်းထက်နည်းလမ်းတစ်ခု

အဖျားမြန်မြန်ပျောက်ဖို့ အစွမ်းထက်နည်းလမ်းတစ်ခု

လူတစ်ယောက်ဟာ တစ်နှစ်မှာ အနည်းဆုံး နှစ်ကြိမ်လောက်တော့ ဖျားနာတတ်ကြပါတယ်။ အအေးမိဖျားနာတာဖြစ်ဖြစ် တုပ်ကွေးြဖစ်တာဖြစ်ဖြစ် ဖျားနာဖူးမှာပါ။ ပတ်ဝန်းကျင်မှာက သာမန်မျက်စိနဲ့မမြင်နိုင်တဲ့ရောဂါပိုးပေါင်းကလည်း များစွာရှိနေတာကိုး။ ကိုယ်ခံအားကောင်းနေတုန်းတော့ ဒီပိုးတွေက ကိုယ့်ကိုဘာမှမလုပ်နိုင်ပေမယ့် ကိုယ်ခံအားနည်းတဲ့အခါမျိုးမှာတော့ အအေးမိဖျားနာဖြစ်စေနိုင်ပါတယ်။ အအေးမိဖျားနာတာကိုဖြစ်စေနိုင်တဲ့ရောဂါပိုးပေါင်း ၂၀၀ကျော်ရှိနေပြီး ဒီရောဂါပိုးတွေက ခန္ဓါကိုယ်ထဲကို ကူးစက်ဝင်ရောက်ပြီးရင် ၅ ရက်ကနေ ၈ ရက်အတွင်း ခန္ဓါကိုယ်ရဲ့ကိုယ်ခံအားစနစ်ကို တိုက်ခိုက်လိုက်ပါတယ်။ ကိုယ်ခံအားနည်းသွားတဲ့အခါ အဖျားဝင်လာတာတင်မဟုတ်ဘဲနောက်ဆက်တွဲရောဂါတွေကိုပါခံစားရတာပါ။ ဒါကြောင့် အဖျားဝင်လာရင်သေချာဂရုစိုက်ဖို့လိုပါမယ်။

အဖျားကိုသက်သာစေမယ့်နည်းလမ်းတစ်ခုရှိပါတယ်။ ဒါကတော့ နှာခေါင်းဖြန်းဆေး(Nasal Spray) သုံးတာပါ။ Nasal spray က နှာခေါင်းပိတ်တာနဲ့ အအေးမိဖျားနာတာကိုဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေကို ဖယ်ရှားရှင်းလင်းပေးနိုင်တာကြောင့် ဖျားနာမှုမဖြစ်အောင်ကာကွယ်တဲ့နေရာမှာရော ဖျားနာမှုကို သက်သာစေဖို့အတွက်ပါ အသုံးပြုပေးလို့ရပါတယ်။ အအေးမိတုပ်ကွေးဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်တွေကိုဖယ်ရှားပေးနိုင်ပြီး အဖျားတာကိုလည်း ၂ ရက်အထိတိုစေနိုင်တာကြောင့် အဖျားဒဏ်ကိုကြာကြာမခံချင်ဘဲမြန်မြန်နေကောင်းချင်သူတွေအတွက် အသုံးတည့်မယ့်ဆေးတစ်မျိုးပေါ့။

Nasal Spray ကအဖျားပျောက်အောင် ဒီလိုအထောက်အကူပြုပေးတာပါ

နှာခေါင်းဖြန်းဆေးရည်တွေက အအေးမိတုပ်ကွေးဖြစ်စေတဲ့ရောဂါပိုးတွေကို ထိထိရောက်ရောက်ဖယ်ရှားပေးနိုင်ပြီး အသက်ရှုလမ်းကြောင်းတလျှောက်ပိုးဝင်ကူးစက်တာကို သက်သာစေနိုင်တယ်၊လို့လေ့လာမှုတွေအရတွေ့ရှိခဲ့ပါတယ်။ရှေးအစဉ်အဆက်ကတည်းကလည်း နှာခေါင်းပိတ်တာနဲ့ အအေးမိဖျားနာတာကို သက်သာစေဖို့အတွက် နှာခေါင်းထဲကို ဆားရည်အစက်ချတဲ့နည်းလမ်းကို အသုံးပြုခဲ့ကြတာပါ။ ဒီလိုလုပ်ပေးတာက နှာခေါင်းနဲ့ အသက်ရှုလမ်းကြောင်းမှာရှိနေတဲ့ ဗိုင်းရပ်စ်တွေကို ထိထိရောက်ရောက်ဖယ်ရှားပေးနိုင်တဲ့အတွက် ဖျားနာမှုခံစားရတဲ့ ကာလကိုတိုစေသလို အဖျားကြောင့်ဖြစ်တဲ့ေနာက်ဆက်တွဲရောဂါတွေကိုလည်းမြန်မြန်သက်သာစေနိုင်ပါတယ်။

Nasal Spray (နှာခေါင်းဖြန်းဆေး)က နှာခေါင်းတွင်းမှာရှိနေတဲ့သွေးကြောလေးတွေကိုပြေလျော့စေနိုင်သလိုရောင်ရမ်းမှုကိုလျော့ကျစေနိုင်တာကြောင့် အသက်ရှုရလွယ်ကူစေပါတယ်။ နှာခေါင်းတွင်းမှာ ပိတ်ဆို့နေတဲ့ ချွဲသလိပ်တွေကိုပျော်ဆင်းသွားစေတာကြောင့် နှာခေါင်းပိတ်တာ၊ နှာစေးတာတွေကို ထိထိရောက်ရောက်သက်သာစေမှာပါ။နောက်တစ်ခုက နှာခေါင်းတွင်းအစိုဓါတ်ထိန်းပေးတဲ့အတွက် နှာခေါင်းအတွင်းပိုင်းခြောက်သွေ့တာကြောင့်ဖြစ်တဲ့ နှာခေါင်းသွေးလျှံတာကို သက်သာစေနိုင်ပါတယ်။ Nasal spray ရဲ့နောက်ထပ်အားသာချက်တစ်ရပ်က နှာခေါင်းအတွင်းပိုင်းကို သန့်စင်ပေးတာပါ။ နှာခေါင်းထဲမှာရှိနေတဲ့ အမွှေးလေးတွေက အသက်ရှုလမ်းကြောင်း ထဲကိုပြင်ပက ဖုန်မှုန့်တွေနဲ့ ဘက်တီးရီးယားတွေ ဝင်ရောက်မလာအောင်ရှေ့ဆုံးကနေတားဆီးပေးတဲ့အရာတွေပေါ့။ ဒီအမွှေးလေးတွေ သန့်စင်နေစေဖို့အတွက်လည်း Nasal Spray ကအကောင်းဆုံးလုပ်ပေးမှာပါ။ ဒီလိုလုပ်ပေးတာက ကိုယ်တွင်းကို အအေးမိတုပ်ကွေး ဗိုင်းရပ်စ်တွေ ဝင်ရောက်မလာစေဖို့ တားဆီးရာမှာ ထိရောက်မှုရှိသလို ဖျားနာနေချိန်မှာလည်း ချွဲတွေပျော်ဆင်းမှုနဲ့အတူ ဘက်တီးရီးယားတွေကို ခန္ဓါကိုယ်ပြင်ပကို စွန့်ထုတ်ပေးပါတယ်။

Nasal Spray (နှာခေါင်းဖြန်းဆေး) က ဓါတ်မတည့်မှုတွေကိုလျော့ပါးသက်သာစေနိုင်သလို အသက်ရှုလမ်းကြောင်းအထက်ပိုင်း ပိုးဝင်ကူးစက်မှုတွေကိုလျော့ပါးသက်သာစေနိုင်ပါတယ်။ ဖျားနာတဲ့အခါ တုပ်ကွေးဖြစ်တဲ့အခါ နှာခေါင်းပိတ်တာကြောင့် အိပ်ရခက်တာ၊ အသက်ရှုရခက်တာ၊ခေါင်းကိုက်တာ၊ နှပ်အရမ်းညှစ်လို့ နားထိခိုက်မိတာတွေကနေ ကင်းဝေးချင်တယ်ဆိုရင်တော့ Nasal Spray ကိုအသုံးပြုပေးလို့ရပါတယ်။ Nasal Spray က တုပ်ကွေးဖြစ်စေတဲ့ဗိုင်းရပ်စ်တွေကို နှာခေါင်းကနေတဆင့် အသက်ရှုလမ်းကြောင်းတလျှောက်နဲ့ အဆုတ်ထိရောက်ရှိမှုကို တားဆီးပေးပါတယ်။ တုပ်ကွေးရာသီရောက်လာချိန်တွေမှာ မဖျားလည်း Nasal Spray ကိုတစ်နေ့တစ်ကြိမ်လောက်အသုံးပြုပေးမယ်ဆိုရင် အအေးမိတုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေ အန္တရာယ်ကနေ ကာကွယ်ပြီးသားဖြစ်စေမှာပါ။ဆေးထိုးဆေးသောက်ရမှာကြောက်တဲ့သူတွေအတွက်တော့ နှာခေါင်းဖြန်းဆေးက အဖျားတာကို ပုံမှန်ထက်တိုစေပြီး တုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေကို လုံးဝနီးပါးဖယ်ရှားနိုင်တာကြောင့် အဆင်ပြေမယ့်နည်းလမ်းတစ်ခုပေါ့။

အသုံးဝင်မယ့်အချက်အချို့

  • Nasal spray အသုံးပြုတဲ့အခါ ဆေးဗူးမှာပါတဲ့ အညွှန်းအတိုင်းအသုံးပြုပေးပါ။
  • နှာခေါင်းပိတ်တာသက်သာသွားတဲ့အခါ ဆက်မသုံးပါနဲ့။
  • နှာခေါင်းထဲက စပ်ဖျဉ်းဖျဉ်းဖြစ်မယ်၊ နှာခေါင်းသွေးလျှံမယ်ဆိုရင် ဆက်မသုံးပါနဲ့။
  • nasal spray ကို သန့်ရှင်းအောင်ထားပေးပါ။
  • အသုံးမပြုခင်မှာ လက်ကိုသန့်စင်အောင်ဆေးကြောပေးပါ
  • ရောဂါပိုးတွေ ကူးစက်ပြန့်နှံ့နိုင်တာကြောင့် Nasal spray ကိုအခြားသူတွေနဲ့မျှမသုံးပါနဲ့။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Nasal Spray May Kill Cold Virushttps://www.webmd.com/cold-and-flu/news/20090915/nasal-spray-may-kill-cold-virus Accessed Date 9 October 2018

Cold remedies: What works, what doesn’t, what can’t hurthttps://www.mayoclinic.org/diseases-conditions/common-cold/in-depth/cold-remedies/art-20046403 Accessed Date 9 October 2018

OTC Nasal Spray Medications for Cold and Flu Symptomshttps://www.verywellhealth.com/otc-nasal-spray-medications-for-cold-and-flu-symptoms-770329 Accessed Date 9 October 2018

Can I Use Flonase or Nasacort AQ for My Cold Symptoms?https://www.verywellhealth.com/can-i-use-flonase-or-nasacort-aq-for-my-cold-symptoms-770328 Accessed Date 9 October 2018

Nasal sprays and washes for cold and fluhttps://www.myvmc.com/lifestyles/nasal-sprays-and-washes-for-cold-and-flu/ Accessed Date 9 October 2018

Decongestants & Antihistamines for the Common Coldhttps://www.webmd.com/cold-and-flu/cold-guide/decongestants-antihistamines-cold#2 Accessed Date 9 October 2018

ယခုပုံစံ

08/08/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အအေးမိဝေဒနာ ပိုဆိုးစေမယ့် အမူအကျင့်မှား (၈)ခု

ရာသီအပြောင်းအလဲမှာ ဖြစ်ပွားတတ်တဲ့ အအေးမိရောဂါအကြောင်း တစေ့တစောင်း…


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 08/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement