brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ရိုးရိုးခါးနာတာလား.......... စိုးရိမ်ရမယ့် အနေအထားလား......................

ခါးနာတာက လူတိုင်းနီးပါး ခံစားရနိုင်တဲ့ နာကျင်မှု ပြဿနာတစ်မျိုးပါ။ လူလတ်ပိုင်းအရွယ် ၈၀ ရာခိုင်နှုန်းလောက်ဟာ သူတို့ တစ်သက်တာမှာ ခါးနာမှုကို တစ်ကြိမ်တော့ ခံစားဖူးကြပါတယ်။

ရိုးရိုးခါးနာတာလား.......... စိုးရိမ်ရမယ့် အနေအထားလား......................

ခါးနာတယ် ဆိုတာက ဆယ်ကျော်သက်အရွယ်ကစလို့ ဘိုးဘိုးဘွားဘွားအရွယ်အထိ အားလုံး ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။ နေ့စဉ် လှုပ်ရှား သွားလာမှုတွေ လုပ်ရင်းနဲ့ကို ခါးနာတာကအမှတ်မထင် ခံစားရနိုင်ပါတယ်။

ရိုးရိုးခါးနာတာလား………. စိုးရိမ်ရမယ့် အနေအထားလား………………….

ခံစားနေရတဲ့ ခါးနာတာက ရိုးရိုးခါးနာတာလား………. စိုးရိမ်ရမယ့် အနေအထားလား…………………. ဆိုတာ အတူတူ ကြည့်လိုက်ရအောင်လား။

ဘာတွေကများ ခါးနာစေတာလဲ………..

ခါးနာစေနိုင်တဲ့ အကြောင်းအရင်းကတော့ အများကြီးပါ။

  • အလေးအပင်မတာ
  • ရုတ်တရက် အထိုင်အထ လုပ်မိတာ
  • ကိုယ်နေဟန်ထား မမှန်တာ
  • ပြုတ်ကျတာ
  • ချော်လဲတာ
  • လေ့ကျင့်ခန်း အပြင်းအထန် လုပ်တာ
  • မတော်တဆ ထိခိုက်မိတာ
  • အဆစ်ရောင်နာ
  • အရိုးပွတာ
  • အာရုံကြောညပ်တာ
  • ကြွက်သားရောင်တာ
  • ကျောက်ကပ် ရောဂါ စတဲ့ ပြဿနာ အမျိုးမျိုးကြောင့် ခါးနာတာကို ခံစားရနိုင်ပါတယ်။

ရိုးရိုး ခါးနာတာလား……..

ခါးနာတာက အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။ ခါးနာတဲ့အခါ

ဘယ်လို အခြေအနေဆို စိုးရိမ်ရမလဲ……….

တကယ်လို့ အပေါ်မှာပြောသလိုတွေ လုပ်ဆောင်တယ်။ ဒါပေမယ့် ၃ ရက်ကျော်တဲ့အထိ ခါးနာတာက မသက်သာဘူး။ ခါးနာတာ မသက်သာတာနဲ့အတူ အခုလိုတွေပါခံစားရမယ်ဆိုရင် အမြန်ဆုံး ကုသမှု ခံယူဖို့ လိုနေပါပြီ။

ခါးထဲက စူးခနဲနာကျင်မယ်

ဒါက ကြွက်သား ဒါမှမဟုတ် အရွတ် စုတ်ပြဲတာဖြစ်နိုင်ပါတယ်။ နောက်ထပ် ဖြစ်နိုင်တာကတော့ ကိုယ်တွင်းအင်္ဂါတစ်ခုခုမှာ ရောဂါ ခံစားနေရတာပါ။

ခါးထဲနေရာ အနှံ့မှာ တဆစ်ဆစ် နာမယ်

နာကျင်မှုက နေရာစုံကို ရွေ့နေမယ်။ ခြေ၊လက်တွေထဲအထိ နာကျင်မယ်ဆိုရင်တော့ အာရုံကြော ညပ်နေတာဖြစ်နိုင်ပါတယ်။

ခါးနာရင်းက ခြေထောက်တွေထဲ အားမရှိသလို ခံစားရမယ်

ခါးထဲက နာတဲ့အခါ ခြေထောက်တွေပါ နာလာတာ၊ ခြေထောက်တွေထဲ အားမရှိသလို ခံစားရတာက အာရုံကြော ဖိမိနေတာ တင်ပဆုံက အာရုံကြောတွေ ညပ်နေတာမျိုး ဖြစ်နိုင်ပါတယ်။

ဆီး၊ ဝမ်းမနိုင်တာမျိုး ဖြစ်မယ်

ခါးနာတာက ခါးတင် နာတာ မဟုတ်ဘဲ ဆီးတွေ၊ ဝမ်းတွေကို မထိန်းနိုင်တဲ့အထိ ဖြစ်နေတာဆိုရင် အာရုံကြော ပျက်စီးနေတာ၊ ကျောရိုးမကြီး ပိုးဝင်နေတာ၊ ဦးနှောက် အမြှေးရောင်နေတာတွေ ဖြစ်နိုင်ပါတယ်။

ပေါင်ရင်းက ထုံနေတာ (သို့မဟုတ်) တစ်ဆစ်ဆစ်စူးပြီး နာမယ်

ခါးနာတာက ပေါင်ခြံ ဒါမှမဟုတ် ပေါင်ရင်းက ထုံနေမယ် ဒါမှမဟုတ် တဆစ်ဆစ် စူးပြီး နာနေမယ်ဆိုရင် အာရုံကြော ပြင်းပြင်းထန်ထန် ထိခိုက်တာ ဖြစ်နိုင်သလို ကျောရိုးမကြီး ထိခိုက်တာမျိုး ဖြစ်နိုင်ပါတယ်။

ခါးနာက အဆိုးရွားဆုံးအနေနဲ့ အောက်ပိုင်းသေသွားတာမျိုးအထိ ဖြစ်စေနိုင်တာကြောင့် သေချာလေး ဂရုစိုက်စေချင်ပါတယ်။ ဒါကြောင့် ခါးနာလာပြီဆိုရင် ရိုးရိုးခါးနာတာလား………. စိုးရိမ်ရမယ့် အနေအထားလား…………………. ဆိုတာကို သေချာလေး ဆန်းစစ်ကြည့်စေချင်ပါတယ်။
Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 03/06/2022 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။