ဆီးချိုရှိသူတွေမှာ မအီမသာခံစားရတာ ဒီအချက်တွေကြောင့်ပါ
ဆီးချိုရောဂါရှိသူတွေကို မအီမသာခံစားရစေနိုင်တဲ့အချက်တွေက တစ်ချက်မကရှိနေနိုင်ပါတယ်။ အခြေအနေကိုသေချာသိမှ မှန်ကန်တဲ့ပြုစုကုသမှုကိုပေးနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ဆီးချိုရှိသူတွေအနေနဲ့ ခန္ဓာကိုယ်မှာဖြစ်လာတဲ့ပြောင်းလဲမှုတွေက ဘာကြောင့်လဲဆိုတာကို သိရှိနိုင်စေဖို့ ဒီဆာင်းပါးလေးကို ဖတ်ကြည့်ဖို့ပြောပါရစေ။
ဆီးချိုရှိသူတွေမှာခံစားရနိုင်တဲ့ လက္ခဏာတွေ
ဆီးချို အမျိုးအစား (၁) ဆီးချိုရောဂါ ရှိသူတွေရော အမျိုးအစား (၂) ဆီးချိုရှိသူတွေမှာရော အခုလိုလက္ခဏာတွေခံစားရနိုင်ပါတယ်။
- အစားအစာဓာတ်မတည့်မှုဖြစ်မယ်
- ခေါင်းတစ်ခြမ်းကိုက်မယ်
- အစားတွေအလွန်အကျွံစားမိမယ်
- အစာအိမ်အူလမ်းကြောင်းပိုးဝင်တာ
- စိုးရိမ်စိတ်များတာလိုမျိုး လက္ခဏာတွေခံစားရနိုင်ပါတယ်။
(၁) သွေးတွင်းသကြားဓာတ်အရမ်းများတာ၊ အရမ်းနည်းတာ
ဆီးချိုရောဂါရှိသူတွေအနေနဲ့ အချိုကဲတဲ့ အစားအစာတွေကို အများအပြားစားသုံးမိတာနဲ့ သွေးချိုတက်စေနိုင်တဲ့ အမူအကျင့်တွေကြောင့်သွေးတွင်းသကြားဓာတ်မြင့်တက်တဲ့အခါမျိုး နဲ့လေ့ကျင့်ခန်းတွေလုပ်မယ်။ အစားမစားဘဲနေမယ်၊ လှုပ်ရှားမှုအရမ်းများသွားတဲ့ အခြေအနေတွေကြောင့်သွေးတွင်းသကြားဓာတ်အရမ်းနည်းသွားတဲ့ အခါမျိုးမှာလည်းခေါင်းထဲက မူးဝေပြီး မအီမသာခံစားရနိုင်ပါတယ်။ ဒါကြောင့် ဒီလိုဖြစ်တဲ့အခါသွေးတွင်းသကြားဓာတ်ကို အရင်တိုင်းကြည့်ပြီး လိုအပ်တဲ့ကုသမှုကို ခံယူဖို့လိုပါမယ်။
လက္ခဏာတွေက
ဒီအခြေအနေကိုခံစားရတဲ့အခါ
- စိတ်ရှုပ်ထွေးတာ
- ခြေလက်တွေထဲမှာ အားမရှိသလိုဖြစ်တာ
- အမြင်အာရုံတွေဝေဝါးတာ
- ခေါင်းထဲကမူးတာ
- တက်တာမျိုးတွေဖြစ်နိုင်ပါတယ်။
ဘယ်လိုကာကွယ်မလဲ
- အစားကိုပုံမှန်စားမယ်
- ဆေးတွေကိုအချိန်မှန်သောက်မယ်
- ပုံမှန်သွေးချိုတိုင်းမယ်
- ကိုယ်လက်လှုပ်ရှားမှုလုပ်မယ်စတဲ့နည်းတွေနဲ့ ကြိုတင်ကာကွယ်လို့ရပါတယ်။ ဆရာဝန်နဲ့ပြသပြီး ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှုယူတာကလည်း ဒီအခြေအနေကို ကာကွယ်ရာမှာ ထိရောက်တဲ့နည်းလမ်းတစ်ခုပါ။
ဆီးချိုရောဂါခံစားရသူတွေမှာတွေ့ကြုံရများတဲ့ပြဿနာတစ်ခုက အစာကြေခဲတာပါ။ အစာခြေစနစ်ကကောင်းကောင်းအလုပ်မလုပ်နိုင်တာကြောင့် အစာခြေချိန်ကြာမြင့်တဲ့ အခြေအနေတစ်ရပ်ကို ခံစားရနိုင်ပါတယ်။ အစာတွေက အူလမ်းကြောင်းတလျှောက်မှာ ပုံမှန်ထက်နှေးကွေးတဲ့အရှိန်နဲ့ သွားတဲ့အနေအထားပါ။ ဒီအခြေအနေကြောင့် မအီမသာဖြစ်နိုင်ပါတယ်။
လက္ခဏာတွေက
ဒီအခြေအနေကို ခံစားရတဲ့အခါ
- လေပွမယ်
- ရင်ပူမယ်
- နည်းနည်းလေးစားမိရင်တောင် ရင်ပြည့်သလိုဖြစ်နေမယ်
- အစားစားချင်စိတ်မရှိဖြစ်မယ်
- သွေးတွင်းသကြားဓာတ်အတက်အကျဖြစ်နေမယ်
- ဝမ်းဗိုက်အပေါ်ပိုင်းကအောင့်နေမယ် စတဲ့လက္ခဏာတွေခံစားရနိုင်ပါတယ်။
ဘယ်လိုကာကွယ်မလဲ
- နည်းနည်းချင်းစီနဲ့ အကြိမ်ရေများများ စားပေးပါ။
- အမျှင်ဓာတ်ကို သင့်တင့်မျှတအောင် စားသုံးမယ်။
- အစားတစ်ခုခုစားပြီးတိုင်းရေသောက်မယ်။
- စားပြီးတာနဲ့ ချက်ချင်းလှဲတာမျိုးမလုပ်ပါနဲ့။
- အစားစားပြီးချိန်မှာ လမ်းလျှောက်တာ၊လေ့ကျင့်ခန်းလုပ်တာမျိုး မလုပ်ပါနဲ့။
ပန်ကရိယရောင်ရမ်းတာကြောင့်လည်း မအီမသာခံစားရနိုင်ပါ။ ဒီအခြေအနေက သာမန်လူတွေမျာလည်းဖြစ်နိုင်တယ်ဆိုပေမယ့် ဆီးချိုရှိသူတွေမှာက ပိုဆိုးပါတယ်။
လက္ခဏာတွေက
ဒီအခြေအနေကို ခံစားရတဲ့အခါ
- ဗိုက်အောင့်မယ်
- သွေးတွင်းကိုလက်စထရောမြင့်မယ်
- အော့အန်မယ် စတဲ့လက္ခဏာတွေခံစားရနိုင်ပါတယ်။
ဘယ်လိုကာကွယ်မလဲ
- အဆီနည်းတာတွေစားမယ်
- ဆေးလိပ်ဖြတ်မယ်
- အရက်ဖြတ်မယ်။
လက္ခဏာတွေက
- မကြာခဏဆီးသွားမယ်
- ရေအရမ်းငတ်မယ်
- ဗိုက်ထဲကအောင့်မယ်
- အာရုံရှုပ်ထွေးမယ်
- အသက်ရှုရခက်မယ်
- ခြေကုန်လက်ပမ်းကျမယ်
- ကြွက်သားတွေကမလှုပ်ချင်ဖြစ်မယ်
- ချွေးနံ့က အသီးနံ့လိုထွက်နေမယ် စတဲ့လက္ခဏာတွေခံစားရနိုင်ပါတယ်။
ဘယ်လိုကာကွယ်မလဲ
- ဆေးတွေကိုပုံမှန်သောက်မယ်
- အစားကို ပုံမှန်စားမယ်
- အရက်ဖြတ်မယ်
- ဆေးလိပ်ဖြတ်မယ်
- တစ်ဆင့်ခံဆေးလိပ်ငွေ့ရှောင်မယ်
- အာဟာရသင့်တင့်မျှတအောင်စားမယ်။
အိမ်တွင်းကုထုံးတွေက ဘာတွေများဖြစ်မလဲ…..
ဒီလိုမျိုးမအီမသာဖြစ်တာတွေကို ခံစားရတဲ့အခါ
- ချင်း (ဂျင်း) ဝါးစားပေးတာ
- ပရိုတင်းပြည့်ဝအောင်စားပေးတာ
- ရေဓာတ်ပြည့်ဝအောင်နေတာ
- လေ့ကျင့်ခန်းလုပ်တာ
- အစားစားပြီးပြီးချင်း ခပ်မတ်မတ်လေးထိုင်နေတာ
- အနံ့ပြင်းတာတွေကိုရှောင်တာတွေက မအီမသာဖြစ်တာကို နည်းစေမှာပါ။
[embed-health-tool-bmi]