backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Granuloma Annulare

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Granuloma Annulare ကဘာလဲ။

Granuloma annulare မှာ အရေပြားတွင်ဖြစ်သော အခြေအနေတစ်ခုဖြစ်သည်။ ၎င်းတွင်း ဖောင်းကြွ၊ နီမြန်း သို့မဟုတ် အသားရောင်အဖုများ (lesion) ဖြစ်တတ်ပြီး ကွင်းပုံစံမျိုးရှိတတ်ကာ ခြေလက်တို့တွင် မကြာခဏ ဖြစ်တတ်၏။

Granuloma annulare ဖြစ်ရသည့်အကြောင်းကို အခုထိမသိရသေးပါ။ သို့သော် ၎င်းမှာ အရေပြား အသေးစားထိခိုက်မှုနှင့် တစ်ချို့ဆေးများကြောင့် ဆိုးဝါးစေတတ်သည်။ Granuloma annulare အမျိုးအစားတစ်ချို့မှာ ကလေးရော လူကြီးများတွင်ပါ ဖြစ်တတ်ပါသည်။

ယေဘုယျအားဖြင့် Granuloma annulare တို့မှာ ယားယံမှု နာကျင်မှုတို့မဖြစ်စေသောကြောင့် ကုသရန်မလိုပါ။ များသောအားဖြင့် ၂ နှစ် ၃ နှစ်အတွင်း သူ့အလိုလို ပျောက်သွားတတ်သည်။ သင့်ကို ဘာလက္ခဏာမပေးသော်လည်း အရေပြားကိုကြည့်ရသည်မှာ အမြင်မလှပါ။ ထို့ကြောင့် ဆရာဝန်များက ပျောက်နှုန်းမြန်စေသည့်ဆေးများ ပေးလေ့ရှိကြပါသည်။

Granuloma Annulare က ဘယ်လောက်အဖြစ်များသလဲ

တစ်ချို့စစ်တမ်းများတွင် အမျိုးသားထက် အမျိုးသမီးများက နှစ်ဆပိုအဖြစ်များတတ်သည်။ တစ်နေရာတည်းတည်သော Granuloma annulare ကိုတော့ ကလေးများနှင့် အသက် ၃၀ အောက်တို့တွင် အများဆုံးတွေ့ရ၏။ တခြားတစ်ဖက်တွင် တစ်ကိုယ်လုံးတွင်ဖြစ်တတ်သော Granuloma annulare ကတော့ အသက် ၁၀ နှစ်အောက်နှင့် ၃၀-၆၀ ကြားတို့တွင် ဖြစ်တတ်ကြောင်းတွေ့ရသည်။ အရေပြားအောက် Granuloma annulare များမှာ အရွယ်ရောက်ပြီးသူများတွင် ဖြစ်တတ်သော်လည်း အသက် ၂-၁၀ ကလေးများတွင် ပိုအဖြစ်များ၏။ ထို့အတူ ပေါက်ထွက်တတ်သော Granuloma annulare များမှာ ကလေးအများစုတွင် ဖြစ်တတ်ကြသည်။ သို့သော် ရောဂါဖြစ်ပွားနိုင်သော အချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များအား ထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။

လက္ခဏာများ

Granuloma Annulare ရဲ့လက္ခဏာတွေကဘာတွေလဲ

Granuloma annulare အမျိုးအစားပေါ်မူတည်ကာ လက္ခဏာများမှာ တစ်ဦးနှင့်တစ်ဦး မတူကြပါ။

  • တစ်နေရာတည်းတည်သော

အဖြစ်များဆုံး Granuloma annulare ဟု ယူဆရသည်။ lesion တစ်ခုလုံး၏ အနားသတ်မှာ စက်ဝိုင်းပုံ သို့မဟုတ် လခြမ်းပုံရှိတတ်ပြီး ၅ စင်တီအချင်း ရှိတတ်သည်။ လူငယ်များ၏ ခြေလက်၊ လက်ကောက်ဝတ်နှင့် ခြေကျင်းဝတ်တို့၌ အဖြစ်များ၏။

  • တစ်ကိုယ်လုံးဖြစ်သော
  • Granuloma annulare ရှိသော လူ ၁၅% လောက်မှာ ခန္ဓါကိုယ်ဧရိယာတော်တော် များများတွင် ဖြစ်နေတတ်သည်။ ကိုယ်လုံး၊ လက်မောင်းနှင့် ခြေထောက်စသည်တို့တွင် တွေ့ရသည်။ ဒီအမျိုးအစားကတော့ လူနာကို ယားစေတတ်သည်။

    • အရေပြားအောက်ဖြစ်သော

    ဒီအမျိုးအစားမှာ ကလေးငယ်များတွင် ဖြစ်ပွားတတ်ပြီး အရေပြားအောက် Granuloma annulare ဟု ခေါ်သည်။ ၎င်းမှာ မာတင်းတင်း နာကျင်မှုမရှိသော အဖုများ အရေပြားပေါ်မှမထွက်ပဲ အောက်မှ ထွက်လာကြသည်။ အဖုမှာ များသောအားဖြင့် ၃.၅ စင်တီမီတာအောက် အချင်းရှိတတ်ပြီး လက်၊ ညို့သကျည်းနှင့် ဦးရေပြားတို့တွင် ပေါ်တတ်၏။

    ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

    Granuloma annulare အမျိုးအစားပေါ်မူတည်ကာ လက္ခဏာများမှာ တစ်ဦးနှင့်တစ်ဦး မတူကြပါ။

    • တစ်နေရာတည်းတည်သော

    အဖြစ်များဆုံး Granuloma annulare ဟု ယူဆရသည်။ lesion တစ်ခုလုံး၏ အနားသတ်မှာ စက်ဝိုင်းပုံ သို့မဟုတ် လခြမ်းပုံရှိတတ်ပြီး ၅ စင်တီအချင်း ရှိတတ်သည်။ လူငယ်များ၏ ခြေလက်၊ လက်ကောက်ဝတ်နှင့် ခြေကျင်းဝတ်တို့၌ အဖြစ်များ၏။

    • တစ်ကိုယ်လုံးဖြစ်သော

    Granuloma annulare ရှိသော လူ ၁၅% လောက်မှာ ခန္ဓါကိုယ်ဧရိယာတော်တော် များများတွင် ဖြစ်နေတတ်သည်။ ကိုယ်လုံး၊ လက်မောင်းနှင့် ခြေထောက်စသည်တို့တွင် တွေ့ရသည်။ ဒီအမျိုးအစားကတော့ လူနာကို ယားစေတတ်သည်။

    • အရေပြားအောက်ဖြစ်သော

    ဒီအမျိုးအစားမှာ ကလေးငယ်များတွင် ဖြစ်ပွားတတ်ပြီး အရေပြားအောက် Granuloma annulare ဟု ခေါ်သည်။ ၎င်းမှာ မာတင်းတင်း နာကျင်မှုမရှိသော အဖုများ အရေပြားပေါ်မှမထွက်ပဲ အောက်မှ ထွက်လာကြသည်။ အဖုမှာ များသောအားဖြင့် ၃.၅ စင်တီမီတာအောက် အချင်းရှိတတ်ပြီး လက်၊ ညို့သကျည်းနှင့် ဦးရေပြားတို့တွင် ပေါ်တတ်၏။

    အကြောင်းရင်းများ

    Granuloma Annulare ကိုဘာတွေကဖြစ်စေသလဲ

    ဘာကြောင့် Granuloma annulare ကိုဖြစ်ပွားစေကြောင်း ဘယ်သူမှ တိတိကျကျမသိရသေးပါ။ သို့သော် တစ်ချို့လူနာများတွင် ထိုရောဂါမှာ အောက်ပါတို့မှ စလာတတ်၏။

    • တိရိစ္ဆာန် သို့ အင်းဆက်များ ကိုက်ခြင်း
    • အသည်းရောင်ပိုးလို ကူစက်ရောဂါများဖြစ်ခြင်း
    • Tuberculin skin tests
    • ကာကွယ်ဆေးများ
    • နေထိခြင်း
    • တခြားသော အရေပြားထိခိုက်မှုအသေးစားများ
    • Granuloma annulare မှာ မကူးစက်တတ်ပါ။

    ဖြစ်နိုင်ခြေများ

    ငါ့ဆီမှာ Granuloma Annulare ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

    အောက်ပါတို့ရှိလျှင် Granuloma annulare ဖြစ်နိုင်ချေ ပိုမြင့်နေနိုင်ပါသည်။

    • ဆီးချို
    • သိုင်းရွိုက်ရောဂါ မကြာခဏဆိုသလို lesions များ များပြားနေခြင်း သို့မဟုတ် နေရာအနှံ့ဖြစ်နေခြင်းနှင့် တွဲတတ်သည်။

    ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

    ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

    Granuloma Annulare ကို ဘယ်လိုအတည်ပြုပါသလဲ

    သင့်၌ Granuloma annulare ရှိကြောင့် ဆရာဝန်မှ သံသယရှိလျှင် စမ်းသပ်ကြည့်ရှုပါလိမ့်မည်။ ထို့နောက် ဆရာဝန်သည် အရေပြားနမူနာတစ်ချို့ကိုယူကာ အဏုမြူမှန်ပြောင်းနှင့် ကြည့်ရှုစစ်ဆေးရန် ညွှန်ပါလိမ့်မည်။ နမူနာကို ဓါတ်ခွဲခန်းသို့ပိုပြီး နာရီအနည်းငယ်အကြာတွင် အဖြေရမည်ဖြစ်သည်။

    Granuloma Annulare ကို ဘယ်လိုကုသပါသလဲ

    ဖြစ်ရပ်အများစုတွင် Granuloma annulare အတွက် ကုသမှုမလိုပါ။ Lesion အများစုမှာ လအနည်းငယ်အတွင်း အလိုလိုပျောက်သွားတတ်ပြီး ရှားပါးစွာဖြင့် ၂ နှစ်ထက်ပိုကြာတာမျိုးရှိတတ်ပါသည်။ အရေပြားပုံစံမှာ သင့်အတွက် စိတ်အနှောက်အယှက်ဖြစ်ရလျှင် ဆရာဝန်မှ အောက်ပါတို့ကို ညွှန်ပါလိမ့်မည်။

    • ကော်တီကိုစတီးရွိုက်လိမ်းဆေးများ

    အလွယ်ဝယ်ယူနိုင်သည့် ထိုဆေးများက Lesion များကို သက်သာစေပြီး ပျောက်ကင်းနှုန်း မြန်စေပါသည်။ ကုသမှုထိရောက်စေရန် ဆရာဝန်သည် လိမ်းဆေးလိမ်း ပတ်တီးပတ်ထားရန် သို့မဟုတ် ကပ်ခွာကပ်ရန် လမ်းညွှန်ပါလိမ့်မည်။

    • ကော်တီကိုစတီးရွိုက်ထိုးဆေးများ

    အရေပြား lesion မှာ ပိုထူထဲပြီး လက္ခဏာများ ဆိုးဝါးနေပါက lesion ထဲသို့ ကော်တီကိုစတီရွိုက်များ တိုက်ရိုက်ထိုးခြင်းဖြင့် မြန်မြန်ပျောက်ကင်းစေနိုင်ပါသည်။

    • Lesion အားအေးခဲစေခြင်း

    နိုက်ထရိုဂျင်အရည်များအား ဖြစ်နေသည့် ဧရိယာပေါ်လိမ်ခြင်းက lesion ကို ဖယ်ထုတ်စေနိုင်ပြီး အရေပြားအသစ်ပြန်ဖြစ်စေရန် အားပေးပါလိမ့်မည်။

    • အလင်းကုထုံး

    တစ်ချို့သောအလင်းအမျိုးအစားများအား lesion နှင့်ထိတွေ့စေခြင်းက အကူအညီဖြစ်နိုင်ပါသည်။ တစ်ချို့သော လေဆာကုထုံးများမှာ တစ်ချို့လူများအတွက် အလုပ်ဖြစ်၏။

    • သောက်ဆေးများ

    ပြင်းထန်သော ဖြစ်ရပ်များ အထူးသဖြင့် lesion များမှာ ပျံ့နေပါက ဆရာဝန်သည် ပိုးသတ်ဆေးများ၊ ငှက်ဖျားဆေးများ သို့မဟုတ် ကိုယ်ခံအား တုန့်ပြန်မှုများကို တားနိုင်မည့်ဆေးများ ပေးနိုင်ပါသည်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

    လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက Granuloma annulare ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

    အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် Granuloma annulare ကိုကုသသည့်နေရာနှင့် လိုက်လျောညီထွေဖြစ်အောင်လုပ်ရာတွင် အကူအညီပေးနိုင်ပါသည်။

    • အင်းဆက်အကိုက်ခံရခြင်းမှကင်းဝေရန် အပြင်ထွက်လျှင် အင်ဆက်နိုင်စပရေးများ သုံးပါ။
    • နေရောင်ခံဆေးလိမ်းခြင်းဖြင့် နေထိမှုကို ရှောင်ပါ။
    • လတ်ဆတ်သောသစ်သီးများ ဟင်းသီးဟင်းရွက်များ စားသုံးခြင်းဖြင့် အရေပြားကို ထိန်းသိမ်းပါ။

    အကယ်၍သင့်၌ မေးခွန်းများရှိသည်ဆိုပါက သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ရာ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement