backup og meta

လေဆာဖြင့်မျက်စိပါဝါဖျောက်ခြင်း (Lasik Surgery)

LASIK eye surgery ဆိုတာဘာလဲ

LASIK လို့ခေါ်တဲ့ laser in-situ keratomileusis ဆိုတာဟာ အနီးမှုန်၊ အဝေးမှုန်သူတွေ နဲ့ သူငယ်အိမ်စောင်းခြင်း (astigmatism) ရှိသူတွေကို အမြင်အာရုံကောင်းမွန်အောင် လေဆာနည်းနဲ့မျက်စိကုသခြင်းတစ်မျိုးဖြစ်ပါတယ်။ ဒီကုသမှုက မျက်ကြည်လွှာရဲ့အသွင်သဏ္ဍာန်ကိုပြောင်းလဲစေပါတယ်။

လေဆာဖြင့်မျက်စိပါဝါဖျောက်ခြင်း (Lasik Surgery)

လေဆာဖြင့်မျက်စိပါဝါဖျောက်ခြင်း (LASIK ) ကုထုံးမှာ မျက်စိအထူးကုပညာရှင်က အရင်ဆုံး microkeratome ကိရိယာကိုသုံးပြီး မျက်ကြည်လွှာမှာ တိကျပါးလွှာတဲ့corneal flap တစ်ခုကို အရာပေး ဖန်တီးပါတယ်။ ပြီးမှ flap ကိုခွာပြီး မျက်ကြည်လွှာတစ်ရှူုးအောက်ခံလွှာပေါ်လာစေပါတယ်။ အဲ့ဒီနောက်မှာတော့ အထူးပြုလုပ်ထားတဲ့ excimer laser နဲ့ လူနာရဲ့မျက်စိပါဝါအနေအထားကိုမူတည်ပြီး မျက်ကြည်လွှာကို ပြန်လည်ပုံသွင်း ကုသပေးပါတယ်။နောက်မှ ပြန်ချုပ်စရာမလိုဘဲ flapလေးကို မျက်ကြည်လွှာပေါ်ညင်သာစွာနေရာပြန်ချပေးတာဖြစ်ပါတယ်။

Refractive error (မျက်မှန်လို၍မျက်စိမှုန်ခြင်း)

လူသားတွေရဲ့မျက်လုံးမှာ မျက်လုံးအတွင်းမှာရှိတဲ့မျက်ကြည်လွှာနဲ့မှန်ဘီလူးတို့က မျက်စိအာရုံစူးစိုက်မှုစနစ်ကို လုပ်ဆောင်ပေးပြီးမြင်လွှာပေါ်ကို အလင်းရောင်ကျရောက်မှုကို ကင်မရာတွေမှာ focus ချိန်ပေးသလို တုံ့ပြန်ပေးတာဖြစ်ပါတယ်။ ကောင်းမွန်တဲ့အမြင်အာရုံစနစ်တစ်ခုမှာ မျက်ကြည်လွှာနဲ့မှန်ဘီလူးအကွာအဝေး ကိုက်ညီမှုရှိပြီး ပုံရိပ်နဲ့ မျက်လုံးကြားအကွာအဝေးမှန်မှန်နဲ့ ကြည်လင်နေမှာဖြစ်ပါတယ်။ ဒီဖြစ်စဉ်မှာ အပြန်အလှန်ကိုက်ညီမှုမရှိရင်refractive error လို့ခေါ်တဲ့ ပုံရိပ်ပြတ်သားမှုမရှိပဲ တချို့နေရာတွေမှာ ဝါးတားတားတွေဖြစ်နေနိုင်ပါတယ်။

အမျိုးအစားများ

မျက်စိမှုန်ခြင်း အမျိုးအစားသုံးမျိုးရှိပါတယ် –

  • Myopia (အဝေးမှုန်ခြင်း)- အဝေးမှုန်သူတွေမှာ မျက်စိရဲ့အာရုံစိုက်နိုင်အားနဲ့eye length ကိုက်ညီမှုမရှိရင် အဝေးကအရာဝတ္ထုတွေကို မှုန်ဝါးပြီး အနီးကအရာတွေကို ပိုရှင်းရှင်းလင်းလင်းမြင်ရပါတယ်။
  • Hyperopia (အနီးမှုန်ခြင်း) -အဝေးမှုန်သူတွေမှာ မျက်စိအာရုံစိုက်နိုင်အားနဲ့eye length ကိုက်ညီမှုမရှိရင် အနီးကအရာဝတ္ထုတွေမှုန်ဝါးပြီး အဝေးကအရာဝတ္ထုတွေပိုမြင်ရပါတယ်။
  • Astigmatism(သူငယ်အိမ်စောင်းခြင်း) – သူငယ်အိမ်စောင်းခြင်း/ ဆလင်ဒါရှိသူတွေမှာ မျက်ကြည်လွှာ သို့မဟုတ် မှန်ဘီလူးပုံသဏ္ဍာန်ပျက်ယွင်းတဲ့အခါမြင်လွှာပေါ်မှာပုံရိပ်တွေထပ်စေပါတယ်။ ဒီလိုဖြစ်တဲ့အခါမှာလည်း အနီးအဝေးအရာဝတ္ထုတွေ အကုန် မှုန်ဝါးစေနိုင်ပါတယ်။ အနီးမှုန်သမားတွေမှာရော၊ အဝေးမှုန်သမားတွေမှာပါAstigmatismြဖစ်နေနိုင်ပါတယ်။

Lasik Surgery ကိုခံယူဖို့ မသင့်တော်သူများ

သင့်မှာ အနာကျက်နှေးစေတဲ့ဆေးဝါးတွေသောက်သုံးနေရရင်၊ အနာကျက်နှေးနိုင်တဲ့ရောဂါတစ်ခုခုရှိရင်မခံယူသင့်ပါဘူး။lupus(နာတာရှည်ရောင်ရမ်းနာ)နဲ့လေးဖက်နာအဆစ်ရောင်ရောဂါလိုမျိုးautoimmuneရောဂါတွေ၊ အိတ်ခ်ျအိုင်ဗီလို ကိုယ်ခံအားကျဆင်းတဲ့ရောဂါတွေ၊ ဆီးချိုသွေးချိုရောဂါတို့နဲ့ (retinoic acid and steroids)တို့လိုဆေးဝါးတချို့က မျက်စိခွဲစိတ်ကုသမှုနောက်ပိုင်း အနာကျက်ဖို့နှေးစေနိုင်ပါတယ်။

လက်ဝှေ့၊ နပမ်း၊သိုင်းပညာ သို့မဟုတ် မျက်နှာနဲ့မျက်လုံးကိုထိခိုက်စေတဲ့တခြားလှုပ်ရှားမှုတွေလုပ်ဆောင်လေ့ရှိသူဖြစ်ရင်လေဆာကုသမှု မခံယူသင့်ပါဘူး။

အသက် ၁၈ နှစ်မပြည့်သေးသူဖြစ်ရင် Lasik ကုသမှုအတွက် ခွင့်ပြုမထားပါဘူး။

ကုသမှုအတွက် ဘာတွေပြင်ဆင်ထားရမလဲ

LASIK ခွဲစိတ်ကုသမှုမခံယူမီ ကုသမှုအတွင်းနဲ့နောက်ပိုင်း ဘာတွေဖြစ်နိုင်သလဲဆိုတာ ဆရာဝန်နဲ့တွေ့ဆုံဆွေးနွေးပါ။ ဒီအပိုင်းမှာ သင့်ရဲ့ဆေးမှတ်တမ်းကိုပြန်လည်သုံးသပ်ပြီး မျက်စိပြန်လည်စစ်ဆေးမှာဖြစ်ပါတယ်။ အစပိုင်းစစ်ဆေးမှုတွေလိုပဲ မျက်ကြည်လွှာရဲ့အထူအပါး၊ အလင်းယိုင်ခြင်း၊corneal mapping၊လေထုဖိအား၊ သူငယ်အိမ်အကျယ် တို့ကိုတိုင်းတာစစ်ဆေးခြင်းတို့ပါဝင်ပါတယ်။ ကနဦး စစ်ဆေးမှုတွေပြီးသွားတာနဲ့ ခွဲစိတ်ဆရာဝန်နဲ့တွေ့ဆုံပြီး သိလိုတာတွေမေးမြန်းနိုင်ပါတယ်။ပြီးရင်တော့ ခွဲစိတ်ဖို့ ရက်ချိန်းယူလို့ရပါပြီ။

သင်က rigid gas permeablecontact lensesမျက်ကပ်မှန်တပ်သူဖြစ်ရင်ဆေးမစစ်မီ အနည်းဆုံး ၃ ပတ်လောက်တည်းက မျက်ကပ်မှန်မသုံးပါနဲ့။ တခြားအမျိုးအစားမျက်ကပ်မှန်ဆိုရင်တော့ မစစ်ဆေးမီ အနည်းဆုံး ၃ရက်အတွင်း မတပ်ဘဲနေသင့်ပါတယ်။ ဆရာဝန်ဆီလာတဲ့အခါ ကိုယ်သုံးနေတဲ့မျက်မှန်တွေယူလာဖို့ မမေ့ပါနဲ့။

ခွဲစိတ်တဲ့နေ့မှာ ဆရာဝန်ဆီမသွားခင် အစာနည်းနည်းစားပြီး ညွှန်ကြားထားတဲ့ဆေးတွေအားလုံးသောက်ပါ။ မျက်နှာကိုဘာမှမလိမ်းပါနဲ့။လေဆာအောက်မှာ ဦးခေါင်းအနေအထားမှန်ကန်ကျနစေဖို့ ဆံပင်မှာ ဘာမှတပ်မလာပါနဲ့(ခေါင်းညှပ်၊ကလစ်၊စသည်)။ မနက်ပိုင်းမှာနေလို့သိပ်မကောင်းဘူးဆိုရင် ခွဲစိတ်မှုကို ရက်ရွှေ့လို့ရမရ ဆရာဝန်ကိုဆက်သွယ်ဆွေးနွေးပါ။

လေဆာကုသမှုရဲ့ အကျိုးကျေးဇူုးတွေကဘာလဲ

Lasik ကုသမှုမှာ အကျိုးကျေးဇူးတွေအများကြီးရှိပါတယ် –

  • အမြင်အာရုံကောင်းစေတယ်။ ကုသမှုခံယူခဲ့တဲ့လူနာ ၉၆ ရာခိုင်နှုန်းက အလိုရှိတဲ့အမြင်အာရုံကိုရရှိနိုင်ကြပါတယ်။
  • ထုံဆေး(အစက်ချခြင်း)အသုံးပြုတာကြောင့် ဒီကုထုံးမှာ နာကျင်မှုအနည်းငယ်သာရှိပါတယ်။
  • ကုသမှုခံယူပြီး ချက်ချင်း သို့မဟုတ် နောက်တစ်နေ့မှာပဲ အမြင်အာရုံကောင်းမွန်စေပါတယ်။
  • Lasik ကုသမှုနောက်ပိုင်း ပတ်တီးစည်းစရာမလို၊ ချုပ်ရိုးဖြည်စရာမလိုပါဘူး။
  • အသက်ကြီးလာတဲ့အခါ အမြင်အာရုံပြောင်းလဲလာခဲ့ရင် ထပ်မံပြင်ဆင်ကုသနိုင်ဖို့ Lasikနောက်ပိုင်း နှစ်အတော်ကြာမှပြန်လည်ထိန်းညှိစရာလိုပါတယ်။
  • Lasik ကုသမှုခံယူထားပြီးနောက် လူနာအများစုက မျက်မှန်နဲ့ မျက်ကပ်မှန်အားထားရတာ သိသိသာသာလျော့သွားပြီး အတော်များများက မျက်မှန်ကိုမလိုတော့တာဖြစ်ပါတယ်။Lasik surgery ရဲ့ဘေးထွက်ဆိုးကျိုးတွေကဘာလဲ
  • လူနာတစ်ဦးချင်းစီမှာ အနာကျက်နှုန်းက အနည်းငယ်ကွာခြားနိုင်တာကြောင့် ရလဒ်တွေကလည်း တစ်ယောက်နဲ့တစ်ယောက် မတူညီနိုင်ကြပါဘူး။
  • Lasikကြောင့် အမြင်အာရုံပိုင်း တချို့အပိုင်းတွေမှာ ဆိုးလာစေနိုင်ပါတယ်။ (ညဘက်အလင်းစူးစူးတွေမခံနိုင်တာ၊ မျက်လုံးခြောက်တာ)
  • ဖြစ်တောင့်ဖြစ်ခဲအခြေအနေကတော့ အမြင်အာရုံပိုဆိုးစေပြီး ရိုးရိုးမျက်မှန် သို့မဟုတ် မျက်ကပ်မှန်တွေနဲ့ အဆင်မပြေတော့တာတွေဖြစ်စေနိုင်ပါတယ်။

ဘယ်အချိန်မှာ သတိထားသင့်သလဲ

သိလိုတာရှိရင်၊ နာကျင်ကိုက်ခဲမှုခံစားရရင်၊ အမြင်အာရုံဆုတ်ယုတ်မှုဖြစ်လာရင်၊ မျက်စိနီရဲလာရင်၊ မျက်ဝတ်တွေထွက်လာရင်၊ ဆရာဝန်ကို အမြန်ဆုံးပြသပါ။

ကုသမှုနောက်ပိုင်း ဘယ်လိုဆင်ခြင်နေထိုင်မလဲ

လေဆာနဲ့မျက်စိပါဝါဖျောက်ပြီးနောက် ထိခိုက်မှု သို့မဟုတ်ရောဂါပိုးဝင်ခြင်း မဖြစ်စေဖို့အောက်ပါသတိပေးချက်တွေကို လိုက်နာဆင်ခြင် နိုင်ပါတယ် –

  • ခွဲစိတ်ပြီးနောက်တစ်ရက်ကျော်တဲ့အထိရေမချိုးပါနဲ့၊ခေါင်းမလျှော်ပါနဲ့။
  • ရေချိုးတဲ့အခါလည်း သတိထားပါ။ခေါင်းလျှော်တဲ့အခါ မျက်လုံးထဲ ဆပ်ပြာမဝင်ပါစေနဲ့။ ဆံပင်ဖျန်းဆေးနဲ့ လိုးရှင်းတွေကို သတိထားပါ။
  • တစ်လလောက်ကြာတဲ့အချိန်အထိ မျက်လုံးကို မပွတ်မိအောင် ဂရုစိုက်ပါ။
  • မျက်စိအဆင်မပြေသေးသရွေ့ ကားမမောင်းပါနဲ့။ ဆရာဝန်ကခွင့်ပြုမှမောင်းပါ။
  • ပထမတစ်ပတ်အတွင်းတော့ ဆရာဝန်ပေးထားတဲ့ မျက်စိအကာ သို့မဟုတ် မျက်မှန်ကိုတပ်အိပ်ပါ။
  • အနည်းဆုံးတစ်ပတ်လောက်တော့ ဘုံဘိုင်ရေကို မျက်စိထဲမဝင်ပါစေနဲ့။
  • အနည်းဆုံး ၃ ပတ်လောက်အတွင်း ရေကူးကန်တွေ၊ရေပူစမ်း၊ရေကန်တွေကိုရှောင်ပါ။
  • ခွဲစိတ်ပြီးအနည်းဆုံးတစ်ပတ်လောက်တော့ မိတ်ကပ်မလိမ်းပါနဲ့။ရောဂါပိုးမဝင်စေဖို့သတိထားပါ။
  • နှစ်ရက်လောက် ကိုယ်လက်လေ့ကျင့်ခန်းမလုပ်ပါနဲ့။
  • လေ့ကျင့်ခန်းသို့မဟုတ် အားကစားပြန်လုပ်တဲ့အခါမှာလည်း တစ်လလောက် မျက်စိအကာ တပ်ပြီးလုပ်ပါ။
  • အနည်းဆုံး၁၀ရက်အတွင်း ဆံပင်အရောင်မဆိုးပါနဲ့။
  • ညစ်ပေပြီးဖုန်ထူတဲ့ပတ်ဝန်းကျင်တွေကိုရှောင်ပါ။
  • နေရောင်တောက်လွန်းရင် အနာရွတ်ဖြစ်စေနိုင်တာကြောင့်နေသာတဲ့နေ့တွေမှာနေကာမျက်မှန်တပ်ဖို့ကို တစ်နှစ်လောက် ဂရုစိုက်ပေးပါ။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

LASIK Eye Surgery

http://www.webmd.com/eye-health/lasik-laser-eye-surgery#1

http://www.medicinenet.com/lasik_eye_surgery/article.htm

http://www.webmd.com/eye-health/precautions-take-after-laser-eye-surgery

https://www.fda.gov/MedicalDevices/ProductsandMedicalProcedures/SurgeryandLifeSupport/LASIK/ucm061366.htm

 

ယခုပုံစံ

12/09/2022

Yun Sandi Nan Mon မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

Stye (မျက်စိစွံခြင်း)

Eye Angiogram (မျက်လုံးသွေးကြောပုံရိပ်ဖော်စစ်ဆေးခြင်း)


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Yun Sandi Nan Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/09/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement