backup og meta

မျက်စိစွေခြင်းဆိုတာဘာလဲ

မျက်စိစွေခြင်းဆိုတာဘာလဲ

မျက်စိစွေခြင်း သည် ကလေးများတွင်အဖြစ်များသော မျက်စိပြဿနာတစ်ခုဖြစ်သည်။ မျက်စိစွေခြင်းကိုနောက်ဆက်တွဲများ ဥပမာ အန်ဘိုင်လိုပီယား နှင့် အခြား အမြင်ပြဿနာများမဖြစ်ခင် စေစာစောသိပြီး ကုသရန်လိုအပ်သည်။

မျက်စိစွေခြင်းနှင့်ဖြစ်စေသောအကြောင်းများ။

မျက်စိစွေခြင်း သည် အမြင်အာရုံပြဿနာတစ်ခုဖြစ်ပြီး မျက်လုံးမညီခြင်း လားရာမတူခြင်းကြောင့်ဖြစ်သည်။ တစ်လုံးက အရှေ့သို့ကြည့်နေပြီး အခြားမျက်စိတစ်ဖက်က အပေါ်သို့ အောက်သို့ အတွင်းသို့ သို့မဟုတ် အပြင်သို့ ထွက်နေတတ်သည်။

ပုံမှန်အားဖြင့် မျက်ဝန်းရှိကြွက်သားများ (ခြောက်ခု)က မျက်လုံးကိုတွယ်ထားပြီးမျက်လုံးလှုပ်ရှားမှုကိုထိန်းချုပ်ပေးသည်။ ထိုသို့မျက်လုံးစွေခြင်းသည် မျက်လုံးကြွက်သားများလှုပ်ရှားမှုတွင် အတူတကွအလုပ်မလုပ်တော့ခြင်း ကြောင့် မျက်လုံးများမညီညာတော့ပဲ တူညီသောလားရာကိုတစ်ကြိမ်တည်းမကြည့်နိုင်ခြင်းတို့ဖြစ်နိုင်သည်။

မျက်စိစွေခြင်းလုံးမျိုးရိုးလိုက်နိုင်သည်။ အချို့ကမွေးရာပါဖြစ်သည်။ ပုံရိပ်ပြန်သောမှားယွင်းခြင်းများရှိခြင်းဥပမာ (အဝေးမှုန်ခြင်း) အနီးမှုန်ခြင်း အမြင်အာရုံချို့ယွင်းခြင်းကြောင့်ဖြစ်နိုင်သည်။ ဖျားခြင်း ထိခိုက်ဒဏ်ရာရခြင်းတို့ကြောင့် ကြွက်သားအာရုံကြောများထိခိုက်မိခြင်းကြောင့်လည်းဖြစ်နိုင်သည်။ များသောအားဖြင့် မျက်စိစွေခြင်းသည် ကြွက်သားပြသာနာများကြောင့်အဓိကမဟုတ်ပဲ ဦးနောက်ရှိ ထိန်းချုပ်သောစနစ်မူမမှန်ခြင်းကြောင့်ဖြစ်သည်။

ကလေးတွင် မျက်စိစွေခြင်းရှိ၊မရှိကိုမိဘတွေဘယ်လိုသိနိုင်မလဲ။

မျက်စိစွေခြင်းသည်သိသာသည်-မျက်စိနှစ်လုံး ညီမျှမှုမရှိခြင်း လားရာမတူကို တစ်ချိန်တည်းတွင်ကြည့်နေခြင်းတို့ဖြစ်သည်။ မွေးကင်းစများတွင် အဓိကအားဖြင့်ပင်ပန်းချိန်တွင် မျက်စိမညီခြင်းရှိနိုင်သော်လည်း ထိုသို့ဖြစ်ခြင်းသည် မျက်စိစွေခြင်းရှိသည်ကိုမဆိုနိုင်ပါ။ သို့သော်အသက်လေးလကျော်သည်အထိဆက်ရှိနေပါက မိဘက ဆရာဝန်ထံခေါ်သွားပြီးစစ်ဆေးခြင်းများလုပ်သင့်သည်။ အရာတစ်ခုကိုကြည့်ရင်း ကလေးခေါင်းလှည့်ခြင်း သို့မဟုတ် မျက်လုံးတစ်ဖက်ပိတ်ခြင်း အဓိကအားဖြင့် နေအလင်းရောင်တွေ့ပါက မျက်လုံးစွေခြင်း၏လက္ခဏာများဖြစ်နိုင်သည်။ အသက်ကြီးသောကလေးများက နှစ်ထပ်မြင်ခြင်း အမြင်ဝါးခြင်း မျက်လုံးညောင်းခြင်းတို့ဖြစ်နိုင်သည်။

ကုထုံးများ။

ထိုသို့ရောဂါသေချာပါက သေချာစွာကုသရန်လိုအပ်သည်။ ကလေးအသက်ငယ်လေလေ ကုသမှုထိရောက်နိုင်လေလေဖြစ်သည်။

  • မျက်မှန်တပ်ခြင်းက အသုံးများဆုံးနှင့် လွယ်ကူသောကုထုံးဖြစ်သည်။
  • ကလေးတွင်အမြင်အာရုံချို့တဲ့ခြင်းရှိပါက ခဏတာမျက်စိကပ်သောအရာများက သန်မာသော မျက်လုံးကိုပိုထိခိုက်စေသည်။
  • အခြားကုထုံးများတွင် ဆေးဝါးနှင့် အထူးမျက်လုံးလေ့ကျင့်ခန်းများပါဝင်သည်။
  • ခွဲစိတ်ခြင်းကို အခြားကုထုံးများနှင့်မသက်သာသောအခါတွင်မှအသုံးပြုသည်။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

  1. What is a squint? What is strabismus?

http://www.medicalnewstoday.com/articles/220429.php

Accessed March 5, 2016

  1. Strabismus – Topic Overview

http://www.webmd.com/children/tc/strabismus-topic-overview#1

Accessed March 5, 2016

ယခုပုံစံ

06/04/2022

Nadi မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးတွေမှာဖြစ်တဲ့ မျက်စိထိခိုက်ခြင်း

မျက်စိမှုန်တဲ့ ကလေးတွေအတွက် အစာအာဟာရ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Nadi မှ ရေးသားသည်။ · 06/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement