backup og meta

မျက်စိရောဂါပိုးဝင်ခြင်းအမျိုးမျိုး

မျက်စိရောဂါပိုးဝင်ခြင်းဟာ သိပ်မပြင်းထန်တဲ့ အခြေအနေကနေ ဆိုးရွားတဲ့အခြေအနေထိ ရှိတတ်ပါတယ်။ ဖြစ်ပွားရတဲ့အကြောင်းအရင်းနဲ့ ကုသမှုလည်း မျိုးစုံရှိပါတယ်။ မျက်စိပိုးဝင်ခြင်းဟာ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ မှို စတဲ့ပိုးဝင်ခြင်းကြောင့် ဖြစ်တတ်ပြီး မျက်လုံးတစ်ဖက်တည်း ဒါမှမဟုတ် နှစ်ဖက်စလုံး ဖြစ်တတ်ပါတယ်။ ရောဂါပိုးဝင်ခြင်း အားလုံးဟာ အသက်အန္တရာယ် မရှိနိုင်ပေမယ့် ဆေးဝါးကုသဖို့တော့ လိုအပ်ပါတယ်။

မျက်စိမှာပိုးဝင်တာကိုဘယ်လိုသိနိုင်သလဲ

လူအများစုမှာ မျက်စိပိုးဝင်ရင် နာကျင်ခြင်း၊ ယားယံခြင်း၊ တစ်ခုခုဝင်နေသလို ခံစားရခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ မျက်ရည်များကျပြီး အဝါရောင်၊ အစိမ်းရောင်၊ သွေးရောင် မျက်ဝတ်များ ထွက်နေတတ်ပါတယ်။ တစ်ခါတရံ အလင်းရောင်ကို မခံနိုင်ခြင်း၊ အမြင်အာရုံေဝဝါးခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ နာကျင်ခြင်းနဲ့ တခြားဆိုးရွားတဲ့ လက္ခဏာတွေ မရှိရင် မိမိဖာသာ ကုသနိုင်ပါတယ်။ အမြင်အာရုံမှာ အပြောင်းအလဲဖြစ်နေပြီဆိုရင်တော့ ဆေးကုသမှုခံယူသင့်ပါတယ်။ ဆိုးရွားတဲ့ နောက်ဆက်တွဲပြဿနာတွေကတော့ အမြင်လွှာထိခိုက်ခြင်း၊ မျက်ကြည်လွှာမှာ အမာရွတ်ဖြစ်ပြီး အမြင်ကို ထိခိုက်စေခြင်း စတာတွေ ဖြစ်ပါတယ်။ ဆစ်ဖလစ်လို ရောဂါပိုးကြောင့် ရေတိမ် ဖြစ်ပွားနိုင်ပါတယ်။ သိပ်မသိသာတဲ့ မျက်စိပြသနာတွေဆိုရင် လျစ်လျူရှုမိနိုင်ပါတယ်။ ဥပမာ ကလမိုင်းဒီးယားပိုးဝင်ခြင်းမှာ သိသိသာသာလက္ခဏာ မပြတတ်လို့ မကုဘဲထားရင် ကလေးမြုံခြင်းနဲ့ နှလုံးရောဂါ ဖြစ်ပွားစေနိုင်ပါတယ်။

ဘာတွေက မျက်လုံးပိုးဝင်ခြင်းကို ဖြစ်ပွားစေသလဲ

ထိခိုက်ဒဏ်ရာရခြင်း။ထိခိုက်ဒဏ်ရာရခြင်းဟာ မျက်စိပိုးဝင်ခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။ ဥပမာ ဓါတုပစ္စည်းပမာဏ အနည်းငယ်လောက်ဟာ မျက်လုံးကို အနှောက်အယှက်ဖြစ်စေပြီး ပိုးဝင်ခြင်းကို ပိုပြီး မခံနိုင်ဖြစ်စေပါတယ်။ အထူးသဖြင့် မျက်ကပ်မှန် တပ်ထားသူတွေမှာ ဖြစ်ပါတယ်။ မျက်စိပိုးဝင်ခြင်း အမျိုးအစားတချို့ဟာ မျက်စိကို လျင်မြန်စွာပဲ ထိခိုက်စေနိုင်ပါတယ်။

ကလမိုင်းဒီးယားနှင့် ဂနိုပိုးဝင်ခြင်း။ လိင်မှတဆင့် ကူးစက်ရောဂါဆိုပေမယ့် လူကြီးတွေမှာ မျက်စိနာခြင်းကိုပါ ဖြစ်ပွားစေပါတယ်။ လိင်ဆက်ဆံရာမှထွက်တဲ့ အရည်များ (ဥပမာ သုက်ရည်)ကို တိုက်ရိုက်ထိမိရင်ဖြစ်ဖြစ်၊ ရောဂါပိုးရှိတဲ့ လိင်အင်္ဂါဝန်းကျင်ကို ကိုင်တွယ်မိပြီး မျက်လုံးကို ပွတ်မိရင်ဖြစ်ဖြစ် ကူးစက်တတ်ပါတယ်။ ရောဂါပိုးရှိတဲ့ အမေတွေရဲ့ ကလေးတွေဟာ မွေးလာရင် ကူးစက်နိုင်ခြေ များပါတယ်။

ရေယုန်။ ရေယုန်ကလမိုင်းဒီးယား၊ ဂနိုစတဲ့ ရောဂါပိုးတွေ ကူးစက်သလိုပဲ ပုံစံတူဖြစ်ပွားပါတယ်။ မျက်ကြည်လွှာမှာ အပေါက်၊ အနာ ဖြစ်ပွားစေနိုင်ပြီး အမြင်အာရုံကို ထိခိုက်စေနိုင်ပါတယ်။

ဆင်ရေယုန်။ ဒီရောဂါပိုးဟာ ရေကျောက်ကို ဖြစ်ပွားစေသလို အနာကိုကိုင်မိတဲ့လက်နဲ့ မျက်စိကို ပွတ်မိရင် မျက်စိကိုပါ ကူးစက်နိုင်စေပါတယ်။ မျက်စိရဲ့ အာရုံကြောတွေကို ထိခိုက်စေပြီး ရောင်ရမ်းခြင်း၊ နာကျင်ခြင်း စတာတွေ ဖြစ်စေနိုင်ပါတယ်။ အသက် ၅၀ကျော်အရွယ်တွေမှာ အဖြစ်အများဆုံး မျက်စိပိုးဝင်ခြင်း အကြောင်းအရင်း ဖြစ်ပါတယ်။

ဘက်တီးရီးယားနှင့် မှိုစွဲခြင်း။ အရေပြား၊ ပါးစပ်၊ နှာခေါင်း စတာတွေပေါ်မှာ တွေ့ရတတ်တဲ့ ဘက်တီးရီးယားနဲ့ မှိုစွဲခြင်းဟာ မျက်ကြည်လွှာကို ကူးစက်သွားလို့ ဖြစ်ပါတယ်။ အဲဒီဘက်တီးရီးယားတွေဟာ ကျန်းမာသူတွေရဲ့ မျက်လုံးအပေါ်ယံလွှာကို မထိုးဖောက်နိုင်ပါဘူး။ ဒါပေမယ့် မျက်ကပ်မှန်တပ်ထားသူတွေ၊ ကိုယ်ခံအားကျသူတွေမှာ ဘက်တီးရီးယားတွေဟာ မျက်ကြည်လွှာထဲကို လွယ်ကူစွာ ဝင်ရောက်နိုငပါတယ်။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

  1. Eye infections. http://bodyandhealth.canada.com/condition/getcondition/eye-infections. Accessed in February 24, 2017.
  2. Signs of an eye infection. http://www.webmd.com/eye-health/signs-of-an-eye-infection. Accessed in February 24, 2017.

Eye infections: What you need to know. http://www.eyehealthweb.com/eye-infections/.Accessed in February 24, 2017.

ယခုပုံစံ

13/01/2022

Written by Dr. Thant Zin

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မျက်လုံး ပြဿနာပေါင်း သောင်းခြောက်ထောင် ။ ။

မျက်လုံးခြောက်သူတွေအတွက် ဓါတ်စာ


Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy · မှ ရေးသားထားပါသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 13/01/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement