backup og meta

ဆံပင်ပျက်စီးခြင်း ၇ မျိုးနဲ့ ကာကွယ်ရန် နည်းလမ်းများ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆံပင်ပျက်စီးခြင်း ၇ မျိုးနဲ့ ကာကွယ်ရန် နည်းလမ်းများ ။

    ဆံပင်ဆိုတာ လူတွေရဲ့ ဒုတိယမျက်နှာပါ။ ဘယ်လောက်ပဲ အလှပြင်ထားပါစေ ဆံပင်ပုံကျပါမှ ဆွဲဆောင်မှု ရှိတဲ့သူတစ်ယောက်ဖြစ်မှာပါ ။ ဒီလို ဆံပင်လှလှလေးတစ်ခုရဖို့အတွက် ကောက်ကြ၊ဖြောင့်ကြ၊ ဆေးဆိုးကြနဲ့ ဆံပင်ကို ဖျက်စီးနေတဲ့ နည်းလမ်းများစွာရှိပါတယ်။ ဆံပင်ကို ပျက်စီးစေတဲ့ အကြောင်းအရာတွေက ဘာတွေလဲ ။ ဒီလိုပျက်စီးနေတာတွေကို ဘယ်လိုပြန်ပြုပြင်မှာလဲ ။ ။

    ၁။ ဆံပင်ပါးခြင်း ။ ။

    • ဆံပင်ပါးတယ်ဆိုတာကလည်း လူတိုင်း စိတ်ညစ်ကြတဲ့ အရာတွေထဲက တစ်ခုပါ။ ဆံပင်ပါးစေတဲ့ အကြောင်းအရင်းတွေ များစွာရှိပါတယ်။ စိတ်ဖိစီးမှုနဲ့ ဆံပင်အတွက် လိုအပ်တဲ့ အာဟာရတွေမျှတအောင် မစားတာတွေကြောင့် ဆံပင်ပါးနိုင်ပါတယ်။
    • ဆံပင်ပါးတာကို ကာကွယ်နိုင်တဲ့ နည်းလမ်းတွေကတော့ ဆံပင်ထူလာစေတဲ့ အစားအသောက်တွေဖြစ်တဲ့ သံဓါတ်ြကွယ်ဝတဲ့ အစားအသောက်တွေ၊ နဲ့ ဥ အမျိုးမျိုးကို စားပေးဖို့ လိုပါတယ်။ ဒါ့အပြင် ကြက်ဥအကာသံလွင်ဆီနဲ့ ပျားရည်သုံးပြီး ဆံပင်ထူလာအောင်ပေါင်းတင်ပေးလို့လည်း ရပါတယ်။

    ၂ ။ ဆံပင် အဖျား ခြောက်ြခင်း။

    • ဆိုးဆေးတွေနဲ့ စိတ်ဖိစီးမှုတွေ နှိပ်စက်လွန်းလို့ ဆံပင် အဖျားတွေ နှစ်ခွဖြစ်ပြီး ခြောက်သွေ့ ပျက်စီးတာမျိုးတွေ ကြုံဖူးပါသလား။
    • ဒီလိုပျက်စီးနေတာတွေကို ပြန်လည် ကောင်းမွန်စေဖို့အတွက်ကတော့ ခေါင်းကို တရော်ကင်ပွန်းလိုမျိုး သဘာဝခေါင်းလျှော်ရည်တွေနဲ့ လျှော်ပါ။ ဆံပင်ကို သဘာဝအတိုင်း ကြက်ဥ၊ သံလွင်ဆီတို့နဲ့ ပေါင်းတင်ပါ။ ခေါင်းလျှော်ပြီးတိုင်း ဆံပင် အစိုဓါတ်ရစေဖို့အတွက် ဆံပင်အဖျားကို အစိုဓါတ်ထိန်းပေးတဲ့ ခေါင်းလိမ်းဆီ လိမ်းပေးပါ။

    ၃ ။ ဆံသားကြမ်းခြင်း ။ ။

    • ခေါင်းလျှော်ပြီးတာနဲ့ ခေါင်းခြောက်အောင် အပူပေးစက်သုံးပြီး မှုတ်တာ၊ နေ့တိုင်းနီးပါးလောက် ခေါင်းလျှော်တာ၊ ဆံပင် အရောင်ဆိုးတာ၊ ဆံပင် အရောင်ချွတ်တာ စတာတွေက ဆံသားကြမ်းရခြင်းရဲ့ အဓိက အကြောင်းအရင်းတွေပါ။
    • ကြမ်းနေတဲ့ဆံသားတွေ အတွက် အကောင်းဆုံးကတော့ ဆံပင် အရင်းကနေ အဖျားအထိ သံလွင်ဆီသုတ်လိမ်းပြီး ၁၅ မိနစ်လောက် ဦးရေပြားကို နှိပ်နယ်ပေးတာဖြစ်ပါတယ်။ အပြင်သွားတဲ့ အခါတိုင်းလည်း ဆံသားကို ခရမ်းလွန်ရောင်ခြည်တွေ မထိစေဖို့ ထီးတို့ ဦးထုပ်တို့ဆောင်းသွားပါ။ ဆံသားကြမ်းတာကို ပြုပြင်ဖို့အတွက် နောက်ထပ်နည်းလမ်းတစ်ခုကတော့ ဆန်ဆေးရည်ကို အသုံးပြုပြီးခေါင်းလျှော်တာဖြစ်ပါတယ်။

    ၄ ။ ဆံသားရှုပ်ထွေးခြင်း ။ ။

    • ခေါင်းဖြီးခါနီးတိုင်း ဆံပင်တွေ ရှုပ်နေလို့ စိတ်ရှုပ်ကြတာမျိုးတွေ ဖြစ်ဖူးကြပါသလား။ ဒါတွေရဲ့ အဓိက တရားခံကတော့ ဆံပင်ကို အပူချောင်းတွေနဲ့ ကောက်တာ၊ ဖြောင့်တာ၊ Dryer နဲ့ ဆံပင် အခြောက်ခံတာ၊ ဆံပင်ကို ကြမ်းကြမ်းတမ်းတမ်းဖြီးတာတို့ကြောင့် ဖြစ်နိုင်ပါတယ်။
    • ဆံသားရှုပ်တဲ့ ဆံပင်ကို ပိုင်ဆိုင်ထားရင်တော့ ခေါင်းကို တစ်ပတ်မှ ၂ ကြိမ်ပဲလျှော်ပါ။ လျှော်ပြီးရင်လည်း သဘာဝအတိုင်း အခြောက်ခံပါ။ ဆံပင်ကို ရေသုတ်ရင်လည်း ဖွဖွလေးဖိသုတ်ပါ။ အတင်းပွတ်မဆွဲပါနဲ့။ ဆံပင်စိုနေတဲ့ အချိန်မှာ ခေါင်းအတင်းဖြီးတာမျိုးလည်း မလုပ်ပါနဲ့။

    ၅ ။ ဆံပင်ဖြူုခင်း ။ ။

    • ဆံပင်ဖြူရမယ့် အရွယ်လည်းမရောက်သေးဘဲ ခေါင်းပေါ်မှာ ဆံပင်ဖြူတွေ ထိုးထိုးထောင်ထောင်ထွက်နေတာ ဖြစ်ဖူးကြတဲ့သူတွေ ရှိပါလိမ့်မယ်။ ဆံပင်ဖြူရခြင်းကို ဖြစ်စေတဲ့ အဓိက အကြောင်းအရင်းကတော့ သံဓါတ်၊ ဗီတာမင် D3 နဲ့ ကယ်လ်ဆီယမ်ဓါတ်ကို ကြွယ်ဝစွာမစားပေးလို့ဖြစ်ရတာပါ။ နောက်တစ်ခုက မျိုးရိုးကြောင့်လည်း ဆံပင်စောစောဖြူတာ ဖြစ်နိုင်ပါသေးတယ်။
    • အချိန်မတန်ခင် ဆံပင်ဖြူနေတဲ့ သူတွေ ကိုယ်စားနေတဲ့ အစားအသောက်တွေထဲမှာ ကြက်ဥ၊ ငါးကြီးဆီကိုက်လန် နဲ့ ပန်းဂေါ်ဖီ တွေ ပါအောင်စားပေးပါ။ မျိုးရိုးကြောင့်ဖြစ်တဲ့ ဆံပင်စောစောဖြူတာအတွက်ကတော့ ဆံပင် အရောင် အနက် ဆိုးပေးတာကသာ အကောင်းဆုံးပါ။

    ၆ ။ အဖျားနှစ်ခွ ဖြစ်တဲ့ ဆံပင် ။ ။

    • ဆံပင်ဆိုးဆေးတွေ အသုံးများတာ၊ ဆံပင်ကို ကောက်လိုက်ဖြောင့်လိုက်လုပ်လွန်းတာ၊ ကိုယ်နဲ့ ကိုက်ညီတဲ့ ခေါင်းလျှော်ရည်တွေ မသုံးတာ၊ ရေအေးမသုံးဘဲ ရေနွေးနဲ့ ခေါင်းလျှော်တာ၊ Dryer သုံးပြီး ဆံပင် အခြောက်ခံတာတွေက ဆံသားနှစ်ခွဖြစ်စေတဲ့ အကြောင်းအရင်းတွေပါ။
    • အဖျားနှစ်ခွဖြစ်နေတဲ့ ဆံပင်တွေ အတွက် အကောင်းဆုံး နည်းလမ်းကတော့ အဖျားတွေကို ညှပ်ပစ်လိုက်တာပါ။ တရော်ကင်ပွန်းသုံးပြီး ခေါင်းလျှော်တာ၊ ရေအေးသုံးပြီး ခေါင်းလျှော်တာတွေကလည်း အဖျားနှစ်ခွ ဖြစ်နေတဲ့ ဆံပင်ကို ကုသနိုင်တဲ့ နည်းလမ်းတွေပါ။

    ၇။ ဆံပင်ကျွတ်ခြင်း ။ ။

  • ဆံပင်တိုတို ရှည်ရှည် တစ်နေ့ကို အချောင်း ၅၀ ကနေ ၁၀၀ လောက်ထိ ပုံမှန် ဆံပင်ကျွတ်နိုင်ပါတယ်။ ဆံပင် ကျွတ်နိုင်တဲ့ အကြောင်းအရင်းတွေကတော့ စိတ်ဖိစီးမှုများတာ၊ သောက်နေတဲ့ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့် ဆံပင်ကျွတ်တာ၊ ဆံပင်ကို စည်းထားလွန်းအားကြီးလို့ ဆံပင် အမြစ်အိတ်ကနေ ဆံပင်တွေ ကျွတ်ကုန်တာတွေ ဖြစ်နိုင်ပါတယ်။
  • ဆံပင် အတွက် လိုအပ်တဲ့ ပရိုတင်းဓါတ်တွေ ရရှိဖို့ ကြက်ဥစားပေးတာမျိုး၊ သံလွင်ဆီ၊ ကြက်ဆူဆီတို့ သုံးပြီး ဆံပင်အသစ်တွေ ပေါက်လာအောင် လုပ်တာမျိုး၊ ဆံပင်စိုက်တာမျိုးတွေ လုပ်ပေးလို့ရပါတယ်။
  • ကိုယ့်ဆံပင်က ဘယ်အမျိုးအစားထဲမှာ ပါနေတာလဲ။ ဘာတွေ ရှောင်ရမလဲ၊ ဆောင်ရမလဲ ဆိုတာ သိသွားစေဖို့အတွက် ဒီဆောင်ပါးလေးက ရည်ရွယ်ပါတယ်။ ။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement