နားထဲမှာ ဖိအားသက်သာဖို့၊ နားဖာချေးတွေ သက်သာဖို့ နားတွင်း အစက်ချ အရည်ကို သုံးနိုင်ပါတယ်။ ဒါပေမယ့် ဒါက ဆရာဝန်ညွှန်ကြားတဲ့ ဆေးနဲ့တော့ မတူနိုင်ပါဘူး။ နောက်ပြီးတော့ ကလေးတွေမှာ နားထဲကို အစက်ချအရည်တွေ မသုံးခင် ဆရာဝန်နဲ့ အရင်တိုင်ပင်တာ ပိုကောင်းပါတယ်။
သွားကိုက်လို့ ဒါမှမဟုတ် မေးရိုးကိုက်လို့ ဖြစ်တဲ့ အနာကနေ နားထိပါ တက်ကိုက်တာကို နှိပ်နယ်ခြင်းနဲ့ သက်သာအောင် လုပ်လို့ရပါတယ်။ ဒီလို ကိုက်တာက သိပ်ပြင်းထန်ပြီး နားတင်မက ခေါင်းတွေပါ တင်းပြီး လိုက်ကိုက်လာတာပါ။ ဒါကြောင့် ကိုက်တဲ့နေရာနဲ့ သူ့ဘေးနားက ကြွက်သားတွေကိုပါ ညင်ညင်သာသာ နှိပ်နယ်ပေးပါ။ နားနောက်ကနေ စပြီး ဇက်ကြောတွေထိ နှိပ်ပေးပါ။ ပြီးရင် တဖြည်းဖြည်း နားရှေ့ရောက်တဲ့အထိ ပြန်နှိပ်ပေးပါ။ ဒီလိုနှိပ်နယ်ပေးတာက နားကိုက်တာကို သက်သာစေတဲ့အပြင် နားအတွင်းထဲက အရည်တွေကိုလည်း အပြင်ကို ထွက်စေပါတယ်။
ကြက်သွန်ဖြူဟာ အရောင်ကျစေပြီး ပိုးသတ်နိုင်တယ်ဆိုတာ အရင်ကတည်းက သိထားပြီးသားပါ။ ပိုးသတ်ဆေးနေရာမှာ အစားထိုးသုံးဖို့ မဟုတ်ပေမယ့် နားပိုးဝင်တာကို ကုနေတဲ့အချိန်အတွင်းမှာ ကြက်သွန်ဖြူစားပေးမယ်ဆိုရင် ပိုပြီး မြန်မြန်သက်သာစေပါတယ်။ ကြက်သွန်ဖြူ ၂မြွှာ၊ ၃မြွှာကို မုန်ညင်းဆီ ဒါမှမဟုတ် နှမ်းဆီနဲ့ ညိုနေအောင် ချက်ပါ။ အရည်ညှစ်ပြီး နားထဲကို တစ်စက်၊ နှစ်စက်လောက် ထည့်ပေးနိုင်ပါတယ်။
ကြက်သွန်နီဟာလည်း ကြက်သွန်ဖြူလိုပဲ ပိုးသေစေပြီး အနာသက်သာစေပါတယ်။ ဒါပေမယ့် ခုနလိုပဲ ပိုးသတ်ဆေးနေရာမှာ အစားထိုး သုံးလို့မရပါဘူး။ ကြက်သွန်နီကို တစ်မိနစ်လောက် နှစ်မိနစ်လောက် မီးအပူပေးပါ။ ပြီးရင် အရည်ညှစ်ပြီး နားထဲကို ထည့်ပေးပါ။ ၁၀မိနစ်လောက် ဘေးစောင်းလှဲနေလိုက်ပါ။ နားထဲက အရည်တွေ ထွက်လာပါလိမ့်မယ်။
ကလေးတွေအတွက် ပိုအဆင်ပြေပါတယ်။ ကလေးတွေ အမေနို့စို့တာ၊ ချိုလိမ်စို့တာ စတာတွေက နားစည်ပြွန်ကို ပွင့်စေပြီး နားထဲကာ ဖိအားကို လျော့ကျစေလို့ အကိုက်သက်သာပါတယ်။ ကလေးကြီးတွေနဲ့ လူကြီးတွေမှာဆိုလည်း စုပ်လုံးသကြားလုံးတွေ စုပ်နိုင်ပါတယ်။
မိခင်နို့ရည်မှာ ပိုးသေစေတဲ့ သတ္တိပါပါတယ်။ အမရဲ့ နို့က ကလေးထိတွေ့တဲ့ ပိုးတွေအပေါ်လိုက်ပြီး ပဋိပစ္စည်းတွေ ပြောင်းလဲထွက်တယ်လို့ လေ့လာချက်တချို့က ပြောထားပါတယ်။ ဒါကြောင့် ဒီနည်းလမ်းကို ကလေးတွေမှာ သုံးတာက ပိုကောင်းပါတယ်။ မိခင်နို့ရည်ကို နားထဲထည့်ပေထးတာက ကောင်းကျိုးမဖြစ်ရင်တောင် ဆိုးကျိုးတော့ မဖြစ်ဘူးလို့ ဆိုပါတယ်။
ဒီနည်းလမ်းတွေက အိမ်မှာ အလွယ်လုပ်လို့ရတဲ့ နည်းလမ်းတွေပါပဲ။ ဒါပေမယ့် ဒီနည်းလမ်းတွေနဲ့ မသက်သာရင် အချိန်မဆွဲဘဲ ဆရာဝန်နဲ့ ပြစေချင်ပါတယ်။ ကလေးက ငယ်လွန်းရင်လည်း ကိုယ့်ဟာကိုယ် ကျိတ်မကုဘဲ ဆရာဝန်နဲ့ ပြတာ အကောင်းဆုံးပါပဲ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။