သွေးဝမ်းသွားခြင်း၊ ကတ္တရာဝမ်းသွားခြင်းအကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date အောက်တိုဘာ 12, 2020 . 2 mins read
Share now

သွေးဝမ်းသွားခြင်း၊ ဝမ်းအရောင်မည်းခြင်းဟာ မပေါ့ဆသင့်တဲ့ အခြေအနေဖြစ်ပါတယ်။ ဝမ်းမည်းခြင်းဟာ အစာအိမ်အူလမ်းကြောင်းမှာ သွေးယိုစီးခြင်း၊ ထိခိုက်မှုဖြစ်ထားခြင်း စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ အရောင်ရင့်တဲ့ အစားအစာတွေ စားပြီးချိန်မှာလည်း ဝမ်းအရောင်မည်းတာမျိုး ဖြစ်တတ်ပါတယ်။

သင့်အနေနဲ့ ဝမ်းအနည်းရောင်တွေ၊ သွေးဝမ်းတွေ သွားနေပြီဆိုရင်တော့ အထူးသတိထားရမယ့် ရောဂါအခြေအနေဟုတ်မဟုတ် သိရအောင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

ဝမ်းအမည်း၊ ကတ္တရာရောင်ဝမ်းတွေ ဘာကြောင့်သွားရသလဲ

အစာအိမ်အူလမ်းကြောင်း အပေါ်ပိုင်းလောက်မှာ သွေးယိုစီးရင် အမည်းရောင်၊ ကတ္တရာရောင်ဝမ်းများ စွားတတ်ပါတယ်။ အစာအိမ်အူလမ်းကြောင်း အနာများ၊ ဒါမှမဟုတ် အစာရေမျိုနဲ့ အစာအိမ်မှာ ထိခိုက်မှုတခုခု ရှိနေရင် သွေးယိုစီးနိုင်ပါတယ်။

သွေးများဟာ အစာချေရည်များနဲ့ ရောနှောသွားတဲ့အတွက် ကတ္တရာစေးရောင်များ ပြောင်းသွားခြင်း ဖြစ်ပါတယ်။ ဆေးဝါးတချို့ကို သောက်သုံးချိန်မှာလည်း ကတ္တရာရောင်ဝမ်းတွေ သွားတတ်ပါတယ်။ ဥပမာ သံဓာတ်အားဖြည့်ဆေးတွေ သောက်သုံးချိန်မှာ ဝမ်းမည်းသွားတတ်ပါတယ်။

တခါတရံမှာ အစာအိမ်အူလမ်းကြောင်းမှာ ဆိုးရွားတဲ့ သွေးကြောဆိုင်ရာ ချို့ယွင်းခြင်းတွေ ဖြစ်ပွားရင်လည်း ဝမ်းအမည်းရောင်များ သွားတတ်ပါတယ်။ အဆိုပါ အခြေအနေများကတော့ အူလမ်းကြောင်း သွေးအရောက်နည်းသွားခြင်း၊ သွေးကြောများ ပုံမှန်ဖွဲ့စည်းမှုမရှိခြင်း၊ အူလမ်းကြောင်းအတွင်း သွေးကြောများ ဖောင်းထွက်နေခြင်း စတာတွေ ဖြစ်ပါတယ်။

သွေးဝမ်းဘာလို့သွားသလဲ

အစာအိမ်အူလမ်းကြောင်း အောက်ပိုင်းမှာ သွေးယိုရင်တော့ အနီရောင်၊ ဒါမှမဟုတ် သွေးဝမ်းသွားတတ်ပါတယ်။ ကင်ဆာကျိတ် ဒါမှမဟုတ် အသားပိုများ အူလမ်းကြောင်းအတွင်း ထိုးထွက်နေတတ်ရင် ဖြစ်တတ်ပါတယ်။ အူအနာဖြစ်ရောင်ရမ်းခြင်း၊ ခရွန်းရောဂါ စတဲ့ အစာအိမ်အူလမ်းကြောင်း ပြဿနာတွေဟာလည်း အူလမ်းကြောင်းမှာ သွေးယိုခြင်း ဖြစ်တတ်ပါတယ်။

လိပ်ခေါင်းရောဂါရှိသူတွေမှာလည်း သွေးဝမ်းသွားတတ်ပါတယ်။ အူမကြီးအောက်ပိုင်း၊ ဒါမှမဟုတ် စအိုမှာ သွေးပြန်ကြောတွေ ဖောင်းနေခြင်း ဖြစ်ပါတယ်။ ဝမ်းသွားဖို့ အားစိုက်ညှစ်ရတဲ့အခါ သွေးယိုတတ်ပါတယ်။ အစာအိမ်အူလမ်းကြောင်းမှာ ပိတ်ဆို့မှုတခုခုရှိရင်တော့ ဝမ်းအမည်းရောင်၊ ကတ္တရာဝန်း၊ ဒါမှမဟုတ် သွေးဝမ်းသွားတတ်ပါတယ်။

အစားအသောက်ကြောင့်ရော ဖြစ်သလား

သင်စားသောက်လိုက်တဲ့ အစားအစာတွေကလည်း ဝမ်းအရောင်ကို သွေးရောင်၊ အမည်းရောင် စသဖြင့် ဖြစ်စေနိုင်ပါသေးတယ်။ ဖြစ်နိုင်ခြေများတဲ့ အစားအစာတွေကတော့

– အမည်းရောင်နွယ်ချို

– ဘလူးဘယ်ရီ

– ချောကလက်အနက်

– ဂျယ်လတင် အနီရောင် စတာမျိုးတွေ ဖြစ်ပါတယ်။

ရောဂါရှာဖွေစစ်ဆေးခြင်း

ဆရာဝန်ဟာ ရောဂါရာဇဝင်မေးပြီး လိုအပ်တဲ့ စမ်းသပ်မှုတွေ ပြုလုပ်ပါလိမ့်မယ်။ သွေးစစ်ခြင်း၊ ဝမ်းနမူနာ စစ်ဆေးခြင်းတွေ ပြုလုပ်ပါလိမ့်မယ်။ ပုံရိပ်ဖော်စစ်ဆေးခြင်း နည်းလမ်းတွေနဲ့လည်း စစ်ဆေးနိုင်ပါတယ်။ လိုအပ်ရင် အစာအိမ်နဲ့ အူလမ်းကြောင်းကို မှန်ပြောင်းကြည့်စစ်ဆေးခြင်းတွေ ပြုလုပ်ပါလိမ့်မယ်။

ဘယ်လိုကုသမလဲ

သွေးဝမ်း၊ ဝမ်းမည်းသွားရတဲ့ အကြောင်းအရင်းပေါ် မူတည်ပြီး ဆရာဝန်များက လိုအပ်သလို ကုသပေးပါလိမ့်မယ်။ လိပ်ခေါင်းရှိသူများ၊ ကင်ဆာကျိတ်ရှိသူများအတွက် ဝမ်းသွားရတာ ချောမွေ့အောင် ဝမ်းပျော့ဆေးတွေ သုံးနိုင်ပါတယ်။ အစာအိမ်အူလမ်းကြောင်းမှာ အနာဖြစ်နေရင် အနာကျက်အောင် ကုသရပါမယ်။ ပဋိဇီဝဆေးတွေလည်း သုံးစွဲရတတ်ပါတယ်။

သွေးပြန်ကြောတွေ ပုံမှန်မဟုတ်ရင် ခွဲစိတ်ပြုပြင်ဖို့ လိုအပ်နိုင်ပါတယ်။ သွေးဝမ်းသွားခြင်းဟာ သွေးအားနည်းခြင်းကိုလည်း ဖြစ်စေနိုင်တာကြောင့် သွေးအားကောင်းစေဖို့ ကုသမှုတွေ လိုနိုင်ပါတယ်။

အစာအိမ်အူလမ်းကြောင်းက အကျိတ်တွေ၊ အသားပိုတွေကို ခွဲစိတ်ဖယ်ရှားဖို့လည်း လိုနိုင်ပါတယ်။ အသားစ စစ်ဆေးပြီး ကင်ဆာဖြစ်နိုင်ခြေ အကျိတ်တွေဆိုရင် ဓာတ်ရောင်ခြည်ပေးခြင်း၊ ကင်ဆာဆေးသွင်းခြင်း စတာတွေနဲ့ ကုသရတတ်ပါတယ်။ အကြောင်းအရင်းပေါ် မူတည်ပြီး ကုသမှုမျိုးစုံ ဖြစ်နိုင်ပါတယ်။

သွေးဝမ်းမသွားအောင် ဘယ်လိုနေထိုင်မလဲ

အဓိကကတော့ အစာအိမ်အူလမ်းကြောင်းကို ဂရုစိုက်ရပါမယ်။ ရေများများသောက်ပြီး အမျှင်ဓာတ် များများစားရပါမယ်။ ဒါမှသာ ဝမ်းမှန်မှာ ဖြစ်ပါတယ်။ အစာအိမ်အူလမ်းကြောင်းကို ထိခိုက်စေတဲ့ အရာတွေ ဥပမာ ဆေးလိပ်၊ အရက် စတာတွေ ရှောင်ကြဉ်ရပါမယ်။ အစားကို အချိန်မှန် စားရပါမယ်။ အစာအိမ်နဲ့ အူလမ်းကြောင်းရောဂါ အစပျိုးလာရင် ဆရာဝန်နဲ့ သေချာပြသသင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အသားကင်တွေရဲ့ အန္တရာယ်

အသားကင်တွေက ဆွဲဆောင်မှုအား သိပ်ကောင်းပါတယ်။ တစ်ခါစားပြီးရင် မရပ်ချင်လောက်အောင်ပါပဲ။ ဒါပေမဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကိုရော သတိထားမိကြပါရဲ့လား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

အစာအိမ်ကြွက်သားများအားနည်းခြင်း

အစာအိမ်ကြွက်သားများ အားနည်းပြီး လှုပ်ရှားမှုမကောင်းတဲ့အခါ အစာချေဖို့နဲ့ အစာအိမ်ထဲက အစာတွေကို အူလမ်းကြောင်းထဲကို ပို့ဆောင်နိုင်ဖို့ နှေးကွေးသွားပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

အစာအိမ်ထွက်ပေါက်ကြွက်သားပြုပြင်ခွဲစိတ်ခြင်း

အူသိမ်အဝမှာ ကျဉ်းမြောင်းပိတ်ဆို့ရင်တော့ အစာအိမ်ထွက်ပေါက်ကြွက်သားကို ပြုပြင်ခွဲစိတ်ခြင်း (pyloroplasty) နည်းလမ်းနဲ့ ကုသနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

Probiotics နှင့် အစာအိမ်အူလမ်းကြောင်း ကျန်းမာရေး

Probiotics ဆိုတာဟာ လူသားတွေရဲ့ ကိုယ်ခန္ဓာထဲမှာ မှီတင်းနေထိုင်တဲ့ သက်ရှိဘက်တီးရီးယားလေးတွေပဲ ဖြစ်ပါတယ်။ တနည်းပြောရရင် အကျိုးပြုဘက်တီးရီးယားတွေပဲ ဖြစ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

သင့်အတွက် ရွေးချယ်ထားသည်

အော်ရလွန်းလို့ လည်ချောင်းကွဲ ပြီး သွေးထွက်လာရင်

အော်ရလွန်းလို့ လည်ချောင်းကွဲ ပြီး သွေးထွက်လာရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 10, 2021 . 2 mins read
ဘေဘီလေးကို ချင်း (ဂျင်း) ကျွေးတဲ့အခါ

ကလေးများအတွက် ဒိုင်းသဖွယ် ကာကွယ်ပေးမယ့် နို့တစ်ခွက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 11, 2020 . 2 mins read
မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ အစာအိမ်အူလမ်းကြောင်းရောဂါများ

မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ အစာအိမ်အူလမ်းကြောင်းရောဂါများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 30, 2020 . 3 mins read
စအိုယားခြင်း ကို ဘယ်လိုကုသကြမလဲ

စအိုယားခြင်း ကို ဘယ်လိုကုသကြမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 27, 2020 . 2 mins read