backup og meta

အသည်းအဆီဖုံးခြင်းကို ဘယ်လိုကုသလို့ရသလဲ ။


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသည်းအဆီဖုံးခြင်းကို ဘယ်လိုကုသလို့ရသလဲ ။

    အသည်းအဆီဖုံးတဲ့ ပြဿနာဟာ လူတော်တော်များများကို ဒုက္ခပေးနေတဲ့ အဖြစ်အများဆုံး အသည်းပြဿနာတစ်ခုပါ။ လက္ခဏာ သိသိသာသာ မပြတာကြောင့် အာထရာဆောင်းရိုက်ကြည့်မှပဲ သိတာများပါတယ်။ ဒီတော့ ကိုယ့်မှာ အသည်းအဆီဖုံးတဲ့ ပြဿနာရှိမရှိ ကြိုသိချင်ရင် စစ်ဆေးလို့ရတဲ့ နည်းတွေနဲ့ အသည်းအဆီဖုံးတာဖြစ်နေရင်ညလ်း ဘယ်လိုကုသလို့ရလဲဆိုတဲ့အကြောင်းလေးတွေ ပြောပြပေးချင်ပါတယ်။

    အသည်းအဆီဖုံးတဲ့ ပြဿနာကို ဘယ်လိုသိနိုင်သလဲ ။

    ရောဂါကိုယ်တိုင်က သိသာတဲ့ လက္ခဏာ မရှိတာကြောင့် အခြားရောဂါတွေကို စစ်ဆေးကြည့်တဲ့အချိန်ကျမှ သူ့ကို သွားတွေ့တာများပါတယ်။ လုပ်နိုင်တဲ့ရောဂါ စစ်ဆေးခြင်းတွေကတော့

    သွေးစစ်ခြင်း ။ ။

    • Complete Blood count – သွေးဆဲလ်တွေအားလုံးနဲ့ ေသွးအားနည်းြခင်းရှိမရှိကို စစ်ဆေးခြင်း
    • အသည်းအင်ဇိုင်းနဲ့ အသည်းလုပ်ဆောင်နိုင်အားကို စစ်ဆေးခြင်း
    • အသည်းရောင်အသားဝါရောဂါပိုး ( A,B,C ) ရှိမရှိစစ်ဆေးခြင်း
    • Celiac disease လို့ခေါ်တဲ့ ရောဂါရှိမရှိစစ်ဆေးခြင်း
    • သွေးတွင်းသကြားဓါတ်ကို စစ်ဆေးခြင်း
    • သွေးတွင်း အဆီဓါတ်တွေနဲ့ သွေးတွင်းကိုလက်စရောစစ်ဆေးခြင်းတွေ လုပ်ဆောင်ပြီး အသည်းအဆီဖုံးတဲ့ ပြဿနာရှိမရှိနဲ့ ဖြစ်ရတဲ့ အကြောင်းအရင်းကို သိနိုင်ပါတယ်။

    ပုံရိပ်ဖော်စစ်ဆေးခြင်း ။ ။

    ဒီအထဲမှာတော့ အသည်းအဆီဖုံးခြင်းကို ပုံရိပ်ဖော်ပြီး သိရှိနိုင်တဲ့နည်းတွေ ဖြစ်ပါတယ်။

    • အာထရာဆောင်းရိုက်ခြင်း – ဒီအာထရာဆောင်းက တော့ အခြေခံအကျဆုံးနဲ့ အသည်းအဆီဖုံးခြင်းကို အမြန်ဆုံးသိနိုင်တဲ့နည်းဖြစ်ပါတယ်။
    • CT scan ဖတ်ခြင်း – ဒီ ဖန်ပေါင်းချောင်ကြီးထဲဝင်ပြီး CT scan ဖတ်ခြင်းကနေ အသည်းအဆီဖုံးတာ အသည်းရောင်တာတွေကို သိနိုင်ပါတယ်။ ဒါပေမယ့်သူက nonalcoholic steatohepatitis နဲ့ nonalcoholic fatty liver disease ကို တော့ မခွဲနိုင်ပါဘူး။
    • Transient elastography – အဆင့်မြင်တဲ့ အာထရာဆောင်းနည်းပညာတစ်မျိုးဖြစ်ပြီး အသည်းဘယ်လောက် တောင့်နေလဲဆိုတာကို တိုင်းတာပါတယ်။ အသည်းတောင့်တယ်ဆိုတာ အသည်းဆဲလ်တွေ ခဲပြီး တောင့်နေတာကို ပြောတာဖြစ်ပါတယ်။
    • Magnetic resonance elastography – သံလိုက်စက်ကွင်းပုံဖော်နည်းပညာနဲ့ အသံလှိုင်းပုံဖော်နည်းပညာကို ပေါင်းပြီး အသည်းအဆီဖုံးခြင်း ရှိမရှိနဲ့ အသည်းခဲနေတာ အသည်းခြောက်နေတာရှိမရှိရယ် ဘယ်နေရာမှာ ဖြစ်နေလဲဆိုတာရယ်ကို ဖော်ပြနိုင်တဲ့ စစ်ဆေးနည်းဖြစ်ပါတယ်။

    အသည်းတစ်ရှူးကို စစ်ဆေးခြင်း။

    • ဒါကတော့ အသည်းအသားစယူပြီး အသည်းရောင်တာ၊ အမာရွတ်ရှိမရှိနဲ့ အခြားဖြစ်နိုင်တဲ့ ပြဿနာတွေကို စစ်ဆေးတာဖြစ်ပါတယ်။ ဒီလို အသားစယူဖို့ဆို ဗိုက်ကနေတစ်ဆင့် အသည်းဆီကို အပ်နဲ့ ထိုးသွင်းပြီး လုပ်ရတာဖြစ်လို့ နာကျင်မှုကို မခံနိုင်တဲ့ တစ်ချို့လူနာတွေမှာဆို လုပ်လေ့မရှိပါဘူး။

    အသည်းအဆီဖုံးခြင်းကို ဘယ်လိုကုသလဲ ။ ။

    • ကုသမှုရဲ့ အခြေခံအကျဆုံးနဲ့ ပထမဆုံးနည်းလမ်းကတော့ ကိုယ်အလေးချိန်ေလျှာ့ချတာ၊ လေ့ကျင့်ခန်းလုပ်တာနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တာတွေကို စားတာဖြစ်ပါတယ်။
    • နောက်တစ်ခုအရေးကြီးတာကတော့ သူ့ကိုဖြစ်စေတဲ့ အကြောင်းအရင်းတွေကို ကုသတာဖြစ်ပါတယ်။ ဆီးချိုသမားတွေဆို ဆီးချိုထိန်းမယ်၊သွေးတွင်းအဆီဓါတ်များနေတဲ့သူတွေဆို ကိုလက်စရော ကျစေတဲ့ဆေးသောက်မယ်၊ အဝလွန်နေတဲ့သူတွေဆို အဆီကျဆေးတွေသောက်ရမယ်၊ သိုင်းရွိုက်ကြောင့်ဖြစ်တာဆိုရင်ဟော်မုန်းဆေးတွေသောက်ရမယ်။
    • နောက်ပြီး အသည်းရောင်အသားဝါ ရောဂါပိုးတွေ မဝင်ရောက်ဖို့ အသည်းရောင်အသားဝါ ဘီပိုးကာကွယ်ဆေးတွေ ထိုးထားဖို့လည်းလိုအပ်ပါတယ်။
    • အသည်းအဆီဖုံးတာနေ အသည်းခြောက်သွားတဲ့ လူနာတွေအတွက်တော့ အသည်းအစားထိုးကုသခြင်းကသာ အကောင်းဆုံး ကုသခြင်းနည်းလမ်းပါ။

    သဘာဝနည်းလမ်းတွေနဲ့လည်း အသည်းအဆီဖုံးခြင်းကို ကုသလို့ရပါသေးတယ် ။

  • ဗီတာမင် E – ဗီတာမင် E မှာ ပါဝင်တဲ့ ကြွယ်ဝတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေက အသည်းတွေကို ကာကွယ်ပေးပြီး အသည်းရောင်တာ အသည်းအဆိပ်အတောက်ဖြစ်တာတွေကို လျှော့ချပေးပါတယ်။ ဒါပေမယ့် သေချာအောင်တော့ လေ့လာမှုတွေ ဆက်လုပ်နေဆဲပါ။
  • ကော်ဖီ – အရက်ကြောင့် မဟုတ်ဘဲ အသည်းအဆီဖုံးနေတဲ့ ပြသနာရှိတဲ့သူတွေကို လေ့လာကြည့်ရာမှာ ကော်ဖီသောက်တဲ့လူနာတွေက မသောက်တဲ့လူနာတွေထက်စာရင် အသည်းထိခိုက်တာ ပိုနည်းတယ်လို့ ဆိုပါတယ်။ ကော်ဖီသောက်နေတဲ့သူတွေအတွက် အဆင်ပြေတာပေ့ါ။ တစ်ခုရှိတာက ကော်ဖီပမာဏ ဘယ်လောက်သောက်ရမလဲနဲ့ ဘယ်လိုသောက်ရမလဲဆိုတာ သေချာလေ့လာထားခြင်း မရှိသေးတာပါ။
  • ကိုယ်က ကော်ဖီမသောက်တတ်တဲ့သူဆိုရင် အသည်းအဆီဖုံးခြင်းကို သက်သာဖို့ သေချာလေ့လာမှု မလုပ်ရသေးတဲ့ ကော်ဖီ ခုမှ စသောက်ဖို့ ပြန်စဉ်းစားစေချင်ပါတယ်။ ကော်ဖီကြောင့် ရမလာမယ့် ကောင်းကျိုး ဆိုးကျိုးတွေကို ချိန်ဆပြီး သောက်မှ သာ အကောင်းဆုံးပါ။
  • Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement