brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အသည်းကို ချက်ချင်းဂရုစိုက်ဖို့လိုအပ်နေပြီလား

အသည်းကို ချက်ချင်းဂရုစိုက်ဖို့လိုအပ်နေပြီလား

အသည်းကို ချက်ချင်းဂရုစိုက်ဖို့လိုအပ်နေပြီလား

ဒီတော့ အသည်းကျန်းမာဖို့ဘာတွေလုပ်ရမလဲ။ မကြာသေးခင်ကတွေ့ရှိချက်တွေအရတော့ အရက်တွေကပဲ အသည်းကိုထိခိုက်စေတာမဟုတ်ဘဲ အဆီများတဲ့ အစားအစာတွေကလည်း အသည်းကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့်နေ့စဉ် လုံလောက်တဲ့ ကိုယ်လက်လှုပ်ရှားမှုကိုလုပ်တာ၊ အာဟာရသင့်တင့်မျှတအောင်စားသုံးတာ၊ အယ်လ်ကိုဟောကိုရှောင်တာ၊ဆေးလိပ်ေရှာင်တာ၊ အိပ်ရေးဝအောင်အိပ်စက်တာမျိုးတွေကို သတိထားလုပ်ပေးဖို့လိုပါမယ်။နောက်တစ်ချက်ကတော့ဆေးတွေကို မလိုအပ်ဘဲမသောက်ဖို့နဲ့ ကိုယ်အလေးချိန်ကို ထိန်းဖို့ပါ။

ဒီအချက်တွေခံစားနေရပြီဆိုရင် အသည်းထိခိုက်နေပါပြီ

အသည်းက ခန္ဓါကိုယ်ကောင်းကောင်းရပ်တည်နိုင်ဖို့ ထောက်မပေးထားတဲ့ ယက်မကြီးပေါ့။ အသည်းမကောင်းတော့ဘူးဆိုရင် ထိခိုက်လာမှာကအများကြီးပါ။ တကယ်လို့ သင့်မှာ ဒီလက္ခဏာတွေခံစားနေရပြီဆိုရင် အသည်းအတွက်လိုအပ်မယ့် ကုသမှုတွေကို ချက်ချင်းလုပ်ဖို့ပြောပါရစေနော်။

ဘယ်သူတွေမှာ ပိုဖြစ်နိုင်လဲ

ဒီအချက်ရှိသူတွေက အသည်းထိခိုက်နိုင်ခြေပိုများပါတယ်။

  • ရောဂါအခံတစ်ခုခုရှိတဲ့သူ
  • ဆီးချိုရောဂါရှိသူ
  • အသည်းရောင်အသားဝါပိုးကူးစက်ခံထားရသူ
  • အရက်သောက်တတ်သူ
  • ဆေးလိပ်သောက်တတ်သူ
  • တစ်ဆင့်ခံဆေးလိပ်ငွေ့ထိတွေ့နေသူတွေ
  • အဆိပ်အတောက်ဖြစ်စေနိုင်တဲ့အရာတွေနဲ့ ထိတွေ့သူတွေ
  • အဝလွန်နေသူတွေ
  • အသည်းရောဂါခံစားရဖူးတဲ့ မျိုးရိုးရှိသူတွေမှာ အသည်းထိခိုက်နိုင်ခြေက အခြားသူတွေထက်ပိုများနေနိုင်ပါတယ်။

အသည်းကျန်းမာစေဖို့

  • အရက်သေစာသောက်သုံးမှုကိုလျှော့ပါ။
  • နေ့စဉ် အာဟာရမျှတတဲ့ အစားအသောက်တွေစားသုံးပေးပါ။ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေနဲ့ အမျှင်ဓါတ်ပါတဲ့ အစားအစာတွေစားသုံးပေးပါ။
  • ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းညှိပေးပါ။
  • လေ့ကျင့်ခန်းပုံမှန်လုပ်ပေးပါ။
  • မူးယစ်ဆေးဝါးသုံးစွဲတာမျိုးမလုပ်ပါနဲ့။
  • ဆေးထိုးအပ်တွေမျှမသုံးပါနဲ့။
  • သွားပွတ်တံတွေ၊ မုတ်ဆိတ်ရိတ်ဓါးတွေကို သီးသန့်ထားအသုံးပြုပါ။ မျှမသုံးပါနဲ့။
  • အကာအကွယ်မပါဘဲ လိင်မဆက်ဆံပါနဲ့။
Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 26/09/2022 ဖြစ်ပါသည်။