backup og meta

ဆီးချိုရှိသူတွေအတွက် အသားအရေ ထိန်းသိမ်းနည်း လမ်းညွှန်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 06/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆီးချိုရှိသူတွေအတွက် အသားအရေ ထိန်းသိမ်းနည်း လမ်းညွှန်

    ဆီးချိုရှိသူတွေက အရေပြားကို အခြားသူတွေထက် ပိုပြီး ဂရုစိုက်ဖို့ လိုပါမယ်။ အကြောင်းကတော့ ဆီးချိုရှိသူတွေမှာ အနာကျက်ဖို့ ခက်ခဲတာ၊ အရေပြား ထိခိုက်လွယ်တာကြောင့်ပါ။ ဆီးချိုသမားတွေအနေနဲ့ အချိန်တိုင်းမှာ အရေပြားကို သေချာလေး ဂရုစိုက်ဖို့ လိုတယ်ဆိုပေမယ့် နွေရာသီလို ပူပြင်းတဲ့ရာသီမျိုးမှာတော့ သေချာလေး ပိုပြီး ဂရုစိုက်ဖို့ လိုပါမယ်။ ဒီတစ်ခေါက်တော့ ဆီးချိုရှိသူတွေအတွက် အသားအရေ ထိန်းသိမ်းနည်း လမ်းညွှန် လေးကို ပြောပြပေးချင်ပါတယ်။

    ဆီးချိုဆိုတာ နာတာရှည် ရောဂါတစ်မျိုးပါ

    ဒါကိုတော့ လူတော်တော်များများ သိထားပြီး ဖြစ်မှာပါ။ ဆီးချိုရောဂါက တစ်သက်တာလုံး ခံစားနေရမယ့် နာတာရှည် ကျန်းမာရေးပြဿနာပါ။ ဒီတော့ အကောင်းဆုံး နည်းလမ်းက ဆီးချိုကို ပိုဆိုးမလာအောင် ထိန်းသိမ်းတာပါ။

    သွေးတွင်းသကြားဓာတ်ကို သေချာ ထိန်းညှိထားတာက ဆီးချိုရှိသူတွေမှာ အရေပြားပြဿနာ ကင်းစေမယ့် နည်းလမ်းကောင်းတစ်ခုပါ။ သွေးချို ထိန်းညှိတာနဲ့အတူ အရေပြားကို သေချာလေး ဂရုစိုက်ပေးတာက ပြင်းထန်တဲ့အရေပြား ကူးစက်မှုပြဿနာကို ကာကွယ်ပေးနိုင်မှာပါ။ ဒီတော့ ဆီးချိုရှိတယ်ဆိုရင် အရေပြားကို သေချာလေး ထိန်းသိမ်းဖို့ကလည်း မေ့ထားလို့ မဖြစ်တဲ့ အချက်တစ်ခုပါ။

    ဆီးချိုနဲ့ အရေပြား ပြဿနာ ဘယ်လိုများ ဆက်စပ်နေသလဲ

    ဆီးချိုရောဂါ ခံစားနေရသူတော်တော်များများဟာ ဆီးချိုနဲ့အတူ အရေပြား ပိုးဝင်ကူးစက်တာကို ခံရတာပါ။ သွေးချိုတက်တာက အရေပြားကို ထိခိုက်လွယ်သေပြီး အနာကျက်ဖို့ ခက်စေပါတယ်။ ဒီလိုကနေတဆင့် အရေပြားက ထိခိုက်လွယ်လာပါတယ်။ သွေးချိုမြင့်နေတာက ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေကို ရှင်သန်နေနိုင်စေဖို့ ထောက်ကူပေးပြီး အနာကျက်နှေးစေတာကနေတဆင့် အရေပြားပိုးဝင်လွယ်လာတာပါ။ ဒီလိုကနေ နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေ ခံစားလာရတော့ပါတယ်။

    ဆီးချိုရှိသူတွေ အနေနဲ့ အသားအရေ ကျန်းမာစေဖို့ အခုလိုလေး အသားအရေ ထိန်းသိမ်းပေးလို့ ရပါတယ်။

    ဆီးချိုရှိတာက အချိန်ကြာလာလေလေ အရေပြားက ထိခိုက်လွယ်လာလေလေပါ။ ဒါကြောင့် အရေပြားကို ဓာတုပစ္စည်းတွေပါတာမျိုးတွေနဲ့ သန့်စင်တာက အရေပြားကို ဓာတ်မတည့်မှု ခံစားရစေပြီး ထိခိုက်တာကြောင့် ပိုးဝင်လွယ်ပါတယ်။ ဒါကြောင့် အရေပြားကို ကျန်းမာစေဖို့အတွက် ဆပ်ပြာခပ်ပျော့ပျော့လေးကို သုံးပြီး သန့်စင်ပေးပါ။ အမွှေးနံ့မပါတဲ့ ဆပ်ပြာတွေကို သုံးပေးပါ။ သဘာဝဆန်တာတွေကို သုံးပေးတာက ပိုအဆင်ပြေမှာပါ။

    ဒါကြောင့် အသားအရေကို နေ့စဉ် အစိုဓာတ်ထိန်းခရင်မ် လိမ်းဖြစ်အောင် လိမ်းပေးပါ။

    အရေပြား ကုတ်ဖဲ့ခြင်းက အသားအရေခြောက်သွေ့မှုကနေ အလကားရလာတဲ့ လက်ဆောင်ပါ။ အရေပြား ခြောက်သွေ့တဲ့အခါ အသားအရေက အလိုလို ယားယံလာပြီး ကုတ်ဖဲ့ချင်လာပါတယ်။ ဒီလို ကုတ်ဖဲ့တဲ့အခါ အရေပြားပေါက်ပြဲပြီး အရေပြား ပိုးဝင်တာလိုမျိုး ကျန်းမာရေးပြဿနာတွေ ခံစားလာရနိုင်ပါတယ်။

    အရေပြားက ယားယံတာကြောင့် ကုတ်ဖဲ့ချင်လာတဲ့အခါ ရေအေးအေးလေးနဲ့ ဆေးချလိုက်ပါ။

    ချွေးတအားထွက်တဲ့အခါ အရေပြားမှာ မှိုပိုးအလွယ်တကူ ကူးစက်နိုင်ပါတယ်။ အထူးသဖြင့် ချိုင်းကြား၊ ပေါင်ခြံ၊ ရင်သားအောက်ဘက်တွေမှာ ချွေးထွက်များတာကြောင့် အရေပြား ထိခိုက်နိုင်ခြေများပါတယ်။ ဒါကြောင့် အရေပြားမှာ ချွေးထွက်နေပြီဆိုရင် မှိုပိုးပေါက်ဖွားတာမျိုး မဖြစ်စေဖို့ အရေပြားကို ချွေးခြောက်အောင် သုတ်ပေးပါ။

    ခြောက်သွေ့နေအောင် သေချာလေး ဂရုစိုက်ပေးပါ။

    ဆီးချိုရှိမယ်ဆိုရင် ထိခိုက်ဒဏ်ရာ တစ်ခုခု ရလာတဲ့အခါ သေချာလေး ဂရုစိုက်ပေးဖို့ လိုပါမယ်။ ထိခိုက်ဒဏ်ရာကြောင့် ကျန်းမာရေး ထိခိုက်စေနိုင်တဲ့ နောက်ဆက်တွဲပြဿနာတွေ မဖြစ်စေဖို့အတွက် သေချာလေး ဂရုစိုက်ပေးဖို့ လိုပါမယ်။ ဒါမှပိုးဝင်ကူးစက်တာမျိုး မဖြစ်မှာပါ။

    ဒဏ်ရာကို သေချာပိုးသတ်တာ၊ ဆေးထည့်တာမျိုး လုပ်ပေးဖို့ လိုပါတယ်။ အနာာက သေးတယ်ဆိုရင်တောင် ဆရာဝန်နဲ့ သေချာပြသပြီး အနာကျက်အောင်၊ ပိုးမဝင်အောင် ဂရုစိုက်ဖို့ လိုပါတယ်။

    ဆီးချိုရှိသူတွေအနေနဲ့ အရေပြားပြဿနာတွေ ကင်းစေဖို့ နေ့စဉ် အရေပြားမှာ ထိခိုက်တာတွေ ရှိလားဆိုတာကို ကိုယ်တိုင် ပုံမှန်လေး စစ်ဆေးကြည့်ပေးပါ။ ထိခိုက်မိတာရှိလား။ အနာဖြစ်နေလား။ အရည်ကြည်ဖုထနေလားဆိုတာကို စစ်ဆေးကြည့်ပါ။ အထူးသဖြင့် ခြေထောက်နှစ်ဖက်ကို ညအိပ်ရာဝင်ချိန်တိုင်း ပုံမှန် စစ်ဆေးဖို့ အကြံပြုချင်ပါတယ်။

    ဆီးချိုရှိသူတွေအတွက် အသားအရေ ထိန်းသိမ်းနည်း လမ်းညွှန် ကို သေချာလေး လိုက်နာ ဂရုစိုက်လုပ်ဆောင်ကြည့်လိုက်နော်။

    ဆီးချိုရှိသူတွေအတွက် အသားအရေ ထိန်းသိမ်းနည်း လမ်းညွှန်

    • ဆပ်ပြာခပ်ပျော့ပျော့လေး သုံးပါ
    • နေ့စဉ် အစိုဓာတ် ထိန်းပါ
    • မကုတ်ဖဲ့ပါနဲ့
    • ချွေးသုတ်ပါ
    • ထိခိုက်ဒဏ်ရာရရင် သေချာလေး ဂရုစိုက်ပါ
    • အရေပြားကို နေ့စဉ် စစ်ဆေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 06/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement