backup og meta

ဆီးချို နဲ့ အခါးဓါတ်

လူတိုင်းလိုလိုလက်ခံထားတဲ့ ကျန်းမာရေးနဲ့ပတ်သက်တဲ့ အမှန်တရားလေးတစ်ခုရှိတယ်။ ဒါကတော့ အခါးဓါတ်က ခန္ဓါကိုယ်အတွက်ကောင်းတယ်ဆိုတာပါ။ သင်ရော ဒီအယူအဆကိုလက်ခံတဲ့သူလား။ အထူသဖြင့် ဆီးချိုဝေဒနာခံစားနေရသူတွေကို အခါးစားပေး သွေးချိုကျတယ်၊ လို့ပြောကြတာကြားဖူးမှာပါ။ ဒါဆို အခါးဓါတ်ပါတဲ့ အသီးအရွက်တွေက ကျန်းမာရေးအတွက် ဘယ်လိုများအကျိုးပြုတာလဲဆိုတာကို ကြည့်လိုက်ကြမလား။

ခန္ဓါကိုယ်အတွက် အခါးဓါတ်

အခါးဓါတ်အကြောင်းမပြောခင်အရင်ဆုံး အချိုဓါတ်အကြောင်းပြောပြချင်ပါတယ်။ အချိုဓါတ်က ခန္ဓါကိုယ်အတွက် လိုအပ်တယ်ဆိုပေမယ့် အရမ်းများမယ်ဆိုရင်တော့သွေးတွင်းသကြားဓါတ်၊ အင်ဆူလင်တို့အပေါ်မှာ သက်ရောက်မှုရှိစေနိုင်သလိုရေရှည်မှာ အဝလွန်တာအမျိုးအစား – ၂ ဆီးချိုဝေဒနာခံစားရတာမျိုးတွေဖြစ်နိုင်ပါတယ်။ အချိုဓါတ်က အရမ်းအစားများရင် သွားတွေကိုထိခိုက်စေနိုင်သလို အရွယ်မတိုင်ခင်အိုမင်းမှုတွေကိုပါဖြစ်စ်စေနိုင်ပါတယ်။ ဒါတွေအပြင် အချိုဓါတ်က အသည်းအဆီဖုံးတာလိုမျိုးရောဂါတွေကိုဖြစ်စေနိုင်ပါတယ်။ ကဲ ဒီလိုဆို အခါးဓါတ်ကရော ခန္ဓါကိုယ်အတွက် ဘယ်လိုများအကျိုးပြုတာလဲ။

အခါးဓါတ်ကတော့ အချိုဓါတ်နဲ့ ဆန့်ကျင်ဘက်ပါ။ ခန္ဓါကိုယ်အတွက်တော်တော်လေးအထောက်အပံ့ပေးပါတယ်။ အခါးဓါတ်က အစာခြေစနစ်အတွက် အရေးပါတဲ့ သည်းခြေရည်တွေထုတ်ပေးဖို့ အသည်းကို လှုံ့ဆော်ပေးသလိုသွေးတွင်းသကြားဓါတ်ကိုထိန်းညှိပေးပါတယ်။ ခန္ဓါကိုယ်အတွက် အကျိုးပြုတဲ့ အဆီတွေကို ထုတ်ပေးစေသလို ၊ အဝလွန်တာနဲ့ အသည်းအဆီဖုံးတာ၊ အမျိုးအစား – ၂ ဆီးချိုရောဂါတွေမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ ကိုယ်ခံအားကောင်းစေဖို့လည်း အထောက်အပံ့ပေးပါသေးတယ်။ အစာအိမ်အူလမ်းကြောင်းကအာဟာရဓါတ်တွေကို စုပ်ယူနိုင်စေဖို့ လှုံ့ဆော်ပေးတာကြောင့် ခန္ဓါကိုယ်အတွက် လိုအပ်တဲ့ အာဟာရတွေ၊ဗီတာမင်တွေကိုပြည့်ဝစွာရရှိစေမှာဖြစ်ပါတယ်။

ဆီးချို နဲ့ အခါးဓါတ်

အခါးဓါတ်ကသွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးတဲ့အတွက် ဆီးချိုသမားတွေနဲ့ အထူးသင့်တော်တယ်ဆိုတာက အရင်ကတည်းက လက်ခံထားတဲ့ အချက်တစ်ခုပါ။ အခါးဓါတ်ကသွေးတွင်းသကြားဓါတ်ကိုတင် မဟုတ်ပါဘူး။ ကိုယ်ခံအားကောင်းစေပြီးသွေးတွင်းအဆီဓါတ်ကိုပါ ထိန်းညှိပေးနိုင်ပါတယ်။ အခါးဓါတ်က အစားအစာတွေမှာပါတဲ့ ကယ်လ်လိုရီပမာဏကိုလျှော့ချပေးနိုင်စွမ်းလည်းရှိပါတယ်။ ဆီးချိုဝေဒနာခံစားနေရသူတွေအနေနဲ့ အခါးဓါတ်ကို ဓါတ်စာအဖြစ်စားသုံးပေးလို့ရသလို ခန္ဓါကိုယ်ကိုရောဂါတွေကနေကာကွယ်ဖို့အတွက်လည်းနေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာ အခါးဓါတ်ပါဝင်အောင်စားသုံးပေးသင့်ပါတယ်။ ဆီးချိုသမားတွေအနေနဲ့ တစ်ပတ်ကို ၃ ကြိမ် ကနေ ၅ကြိမ်လောက်အထိ အခါးဓါတ်ပါတဲ့ အသီးအနှံတွေကို စားသုံးပေးသင့်ပါတယ်။ ဆီးချိုသမားအများစုဟာ တစ်နေ့တာမှာလေးလံထိုင်းမှိုင်းနေသလို ခံစားကြရတတ်ပါတယ်။ ဒီပြဿနာက ကင်းဝေးစေချင်တယ်ဆိုရင်တော့ မနက်ခင်း စားသုံးတဲ့အစားအစာထဲမှာ အခါးဓါတ်ပါဝင်အောင်စားသုံးပြီး တစ်နေ့တာကို လန်းဆန်းတက်ကြွစွာနေထိုင်လိုက်ပါ။ အခါးဓါတ်ကို ဆီးချိုအတွက် ကုထုံးတစ်ရပ်အနေနဲ့ရှေးယခင် ကာလတွေကတည်းက လက်ခံကျင့်သုံးလာခဲ့ကြတာပါ။

ဆီးချိုသမားတွေစားသုံးပေးသင့်တဲ့ အခါးဓါတ်အရင်းအမြစ်တွေ

ကြက်ဟင်းခါးသီး – သွေးချိုကျစေပြီး ကိုယ်ခံအားကောင်းစေနိုင်ပါတယ်။နေ့စဉ်စားသုံးပေးလို့ရပါတယ်။

ကိုက်လန် – ဗီတာမင်၊ဓါတ်တိုးဆန့်ကျင်ပစ္စည်း၊ကယ်လ်ဆီယမ်တို့ပါဝင်နေသလိုရောင်ရမ်းမှုကိုသက်သာစေနိုင်ပြီးသွေးတွင်းသကြားဓါတ်ကိုထိန်းညှိပေးနိုင်ပါတယ်။နေ့စဉ်စားသုံးပေးလို့ရပါတယ်။

ပဲနံ့သာရွက် – အင်ဆူလင်ထွက်ရှိအောင်လှုံ့ဆော်ပေးပြီးသွေးတွင်းသကြားဓါတ်ကို ကျဆင်းစေနိုင်ပါတယ်။နေ့စဉ် အတန်အသင့်စားပေးသင့်ပါတယ်။

နှမ်း – ဆီးချိုသမားတွေနဲ့ သင့်တော်တဲ့ အစားအစာတစ်ခုပေါ့။သွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးရုံတင်မကပါဘူး။ အူမကြီးကို သန့်စင်စေနိုင်ပါတယ်။ ကယ်လ်ဆီယမ် နဲ့ မဂ္ဂနီဆီယမ်ကြွယ်ဝစွာပါဝင်နေပါတယ်။

ဒန့်သလွန်ရွက် – ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံးအဖြစ်ရှေးယခင်ကာလတွေကတည်းက လက်ခံထားကြပါတယ်။နေ့တိုင်းစားသုံးပေးလို့ရပါတယ်။ အတန်အသင့်ပေ့ါနော်။

ဟင်းနုနွယ် -တော်တော်များများက ဟင်းနုနွယ်ကိုသွေးအားနည်းတတ်သူတွေ စားသုံးပေးသင့်တဲ့ ဓါတ်စာလို့ ယူဆထားကြတာပါ။ ဆီးချိုအတွက်သင့်တော်တယ်လို့ သိသူရှားပါတယ်။ ဟင်းနုနွယ်ရဲ့ အခါးဓါတ်က ဆီးချိုသမားတွေအတွက် သင့်တော်ပါတယ်။နေ့စဉ်စားသုံးပေးလို့ရပါတယ်။

လက်ဖက်စိမ်းရေနွေးကြမ်း – တစ်ကမ္ဘာလုံးက လက်ခံထားတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့သောက်စရာတစ်ခုပေါ့။ နှလုံးရောဂါဖြစ်နိုင်ခြေကို ကျဆင်းစေနိုင်သလို ဆီးချိုရှိသူတွေအတွက်လည်း အထူးသင့်တော်ပါတယ်။ ကင်ဆာကာကွယ်ပေးနိုင်စွမ်းလည်းရှိပါတယ်။

ဆီးချိုရှိသူတွေအနေနဲ့ တစ်နေ့တာလန်းဆန်းနေစေဖို့ အခါးဓါတ်လေးနဲ့ စတင်မယ်ဆိုရင် အများကြီးစဉ်းစားမနေဘဲနဲ့ လက်ဖက်စိမ်းရေနွေးကြမ်းလေးနဲ့စတင်လိုက်ပါနော်။ ကဲ ဆီးချိုသမားအတွက်ရော သာမန်လူတွေအတွက်ပါ အခါးဓါတ်က စားပေးသင့်တဲ့အရာတစ်ခုဆိုတော့နေ့စဉ်စားသုံးတဲ့အစားအစာတွေထဲမှာ အခါးဓါတ်ကိုဆေးဖြစ်ဝါးဖြစ်အနေနဲ့ ထည့်စားပေးသင့်တယ်နော်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Bitter Foods For Diabetes: Benefits https://www.boldsky.com/health/diabetes/2014/bitter-foods-for-diabetes-benefits/articlecontent-pf29111-037315.html Accessed Date 11 January 2019

9 Bitter Foods That Are Good for Youhttps://www.healthline.com/nutrition/bitter-foods Accessed Date 11 January 2019

Why Bitter Is Betterhttps://www.huffingtonpost.com/andrew-weil-md/bitter-foods_b_5206909.html Accessed Date 11 January 2019

ယခုပုံစံ

18/07/2022

Aye Thi Mon မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဆီးချိုသွေးချိုရှိသူအတွက် ဆောင်ရန် ရှောင်ရန်များ

ဒီအချက်တွေကြောင့် အမျိုးအစား- ၂ ဆီးချိုဖြစ်နိုင်ပါတယ်


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 18/07/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement