close-icon
close-account

Hello Sayarwon မှ ထွက်မည်။

ထွက်မှာ သေချာပြီလား။

tip_welcome

မင်္ဂလာပါ။ !

ဝက်ဘ်ဆိုက်ကို လာရောက်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်ုပ်တို့နှင့်အတူ ပိုမိုကျန်းမာပျော်ရွှင်ပြီး အသက်ရှည်ရှည် နေနိုင်မယ့် နည်းလမ်းကောင်းတွေကို ရှာဖွေလိုက်ပါ။ Hello Sayarwonမှာ ဆောင်းပါးတွေကို ဖတ်ရှုလိုက်ပါ။

ဘာထူးပါသလဲ။

ကျန်းမာရေး ဆောင်းပါးများ
ကျန််းမာရေး ကိရိယာများ

သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

မျှဝေမည်


သို့မဟုတ် လင့်ခ်ကူးယူမည်

ပင်မ စာမျက်နှာ
နှလုံးနှင့်သွေးကြော ကျန်းမာရေး
နှလုံးရောဂါ

အထိုင်များတာကြောင့် ရှင်သန်မှုလက္ခဏာ နှလုံးလေးကို ထိခိုက်စေနိုင်ပါသတဲ့

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 2 ပတ် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။
    အထိုင်များတာကြောင့် ရှင်သန်မှုလက္ခဏာ နှလုံးလေးကို ထိခိုက်စေနိုင်ပါသတဲ့

    ပြောင်းလဲလာတဲ့ ခေတ်အခြေအနေကြောင့် လူတော်တော်များများ လှုပ်ရှားမှုနည်းလာကြတယ်။ နေအိမ်မှာလည်း အထိုင်များကြသလို အလုပ်ခွင်မှာလည်း တစ်နေကုန်ထိုင်ပြီး အလုပ်လုပ်နေရသူက ခပ်များများပါ။ အထိုင်များတာက ကျန်းမာရေးကို ထိခိုက်စေမယ်ဆိုတာ ထွေထွေထူးထူးပြောနေဖို့ မလိုအောင်ပါ။ ဒီတစ်ခေါက်တော့ အထိုင်များတာကြောင့် နှလုံးလေး ဘယ်လိုထိခိုက်နိုင်လဲဆိုတာကို ပြောပြပေးပါရစေလား…….

    နေ့တိုင်း အချိန်ကြာမြင့်စွာ ထိုင်နေတတ်တဲ့ အမျိုးသမီးတွေဟာ နှလုံးရောဂါခံစားရနိုင်ခြေပိုများတယ်လို့ လေ့လာမှု အသစ်တစ်ရပ်အရ သိရပါတယ်။

    နှလုံးကျန်းမာရေးကို ဘာတွေကများထိခိုက်စေတာလဲ………..

    တစ်ခုမကသော နှလုံးကို ထိခိုက်စေနိုင်တဲ့ အချက်တွေက

    • ကျန်းမာရေးနဲ့ မညီညွတ်တဲ့ စားသောက်မှုပုံစံ
    • အိပ်ရေးပျက်တာ
    • ဆေးလိပ်သောက်တာ
    • ကိုယ်လက်လှုပ်ရှားမှုနည်းတာ
    • ရောဂါအခံ တစ်ခုခုရှိတာ
    • စိတ်ဖိစီးတာ
    • အဝလွန်
    • သွေးတိုးရောဂါရှိတာ
    • သွေးတွင်းအဆီများတာ
    • အထိုင်များတာတွေ ပါ။

    လူတိုင်းနီးပါး လုပ်မိနေတဲ့ နှလုံးကို ထိခိုက်စေနိုင်တဲ့ အချက်တစ်ခု

    သုတေသီတွေနဲ့ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေလုပ်ဆောင်ခဲ့တဲ့ လေ့လာမှုတွေအရ အထိုင်များတာက နှလုံး ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုတဲ့ အချက်ပါ။ အခုနောက်ပိုင်း လူလတ်ပိုင်းလောက်မှာကတည်းက အများစုဟာ အထိုင်များတဲ့ ဘဝနေထိုင်မှုပုံစံကို ပိုင်ဆိုင်လာကြပါတယ်။

    အကြောင်းကတော့ နေအိမ်မှာလည်း အပန်းဖြေတဲ့ သဘောနဲ့ ထိုင်တာ၊ ရုပ်ရှင်ကြည့်တဲ့အခါ ထိုင်ကြည့်တာ။ အလုပ်ခွင်မှာ ထိုင်ပြီး အလုပ်လုပ်ရတာတွေကြောင့် အထိုင်များတဲ့ လူနေမှုပုံစံက အလိုလို လုပ်မိနေရက်သား ဖြစ်နေပါတော့တယ်။

    မကြာသေးခင်ကလုပ်ဆောင်ခဲ့တဲ့ လ့လာမှုတစ်ရပ်အရ သိရတာက အသက် ၁၈ နှစ် အထက် လူ ၄ ဦးမှာ ၁ ဦးက တစ်နေ့ကို ၈ နာရီနဲ့အထက်ထိုင်ကြတယ် ဆိုတာပါ။ အသက် ၁၈ နှစ်အထက် လူတွေထဲက ၃ ရာခိုင်နှုန်းလောက်ဟာ တစ်နေ့ကို လှုပ်လှုပ်ရှားရှားနေတဲ့အချိန်က ၄ နာရီတောင်မရှိဘူးလို့ သိရပါတယ်။
    အခုလုပ်ဆောင်ခဲ့တဲ့ လေ့လာမှုအသစ်တစ်ရပ်အရ အထိုင်များတာက အမျိုးသမီးတွေမှာ သွေးဆုံးပြီးတဲ့အချိန်မှာ အဝလွန် တာနဲ့ ရှိသင့်တဲ့ကိုယ်အလေးချိန်ထက်များတာတွေ ခံစားရနိုင်ခြေများပါတယ်။ ဒီပြဿနာကို အများဆုံး ကြုံတွေ့ရတာက အသက် ၅၅ နှစ် နဲ့အထက် အမျိုးသမီးတွေမှာပါ။

    လေ့လာမှုအတွင်း အသက် ၅၀ နဲ့အထက် အမျိုးသမီးတွေကို အုပ်စု ၂ စုခွဲပြီး လေ့လာခဲ့ပါတယ်။ လေ့လာမှုအတွင်း အမြဲမပြတ် ကျန်းမာရေးစောင့်ကြည့်စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဒီလေ့လာမှုမှာပါဝင်ခဲ့သူတွေထဲကမှ အထိုင်များတဲ့အမျိုးသမီးတွေဟာ နှလုံးရောဂါ ခံစားရနိုင်ခြေများနေတာကို တွေ့ရှိခဲ့ရပါတယ်။

    အမျိုးသမီး ၃ ပုံ ၁ပုံကို အသက်ဆုံးရှုံးစေတဲ့ အကြောင်းအရင်း

    အမျိုးသမီးတွေကို အသက်ဆုံးရှုံးမှု အများဆုံးဖြစ်စေတဲ့ အကြောင်းအရင်းက နှလုံးရောဂါပါ။ အမျိုးသမီး ၃ ဦးမှာ ၁ ဦးက နှလုံးရောဂါကြောင့် သေဆုံးနေရသလို အသက် ၅၀ အထက်ရောက်လာတဲ့အခါ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေနဲ့ အမျိုးအစား (၂) ဆီးချိုလိုမျိုး ရောဂါတွေကို ခံစားကြရပါတယ်။
    တကယ်ကတော့ အထိုင်များတာက နှလုံးရောဂါဖြစ်နိုင်ခြေကိုတင် များစေနိုင်တာ မဟုတ်ဘဲ။ သေဆုံးနိုင်ခြေကိုပါ များစေနိုင်ပါတယ်။ အထူးသဖြင့် အသက်အရွယ်ကြီးရင့်သူတွေမှာပေါ့။ တစ်နေ့ကို ၁၄ နာရီနဲ့အထက် ထိုင်နေကြသူတွေဟာ အချိန်ကြာလာတာနဲ့အမျှ အဝလွန်နိုင်ခြေ များလာကြသလို နှလုံးရောဂါ ခံစားရနိုင်ခြေလည်း တော်တော်လေးများပါတယ်။

    အထိုင်များတာက သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်သလို အမျိုးအစား (၂) ဆီးချိုရောဂါ ခံစားရနိုင်ခြေကိုလည်း မြင့်တက်စေနိုင်ပါတယ်။ နောက်တစ်ချက်က အထိုင်များတာက သွေးတွင်း အဆီဓာတ်ကိုလည်း တိုးစေနိုင်ပါတယ်။ အထိုင်များတာက လေဖြတ်နိုင်ခြေကိုလည်း မြင့်တက်စေနိုင်တာကြောင့် အထိုင်များတဲ့ ဘဝနေထိုင်မှုပုံစံကို ပြောင်းလဲဖို့က မဖြစ်မနေ လိုအပ်မှာပါ။

    အထိုင်များတာက အမြန်စား၊ အသင့်စား အစားအစာတွေကို စားသောက်သလောက်နီးပါး ကျန်းမာရေးကို ထိခိုက် စေနိုင်တာပါ။ ဒါကြောင့် ကျန်းမာတဲ့နှလုံးနဲ့ ပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်စေဖို့ဆိုရင် တော်ရုံ သိပ်မဝေးတဲ့နေရာတွေကို လမ်းလျှောက်သွားတာမျိုး၊ အမြဲထိုင်နေတာမျိုးမလုပ်ဘဲ ၃နာရီခြား တစ်ခါလောက် ရုံးတွင်းမှာ လမ်းလျှောက်တာမျိုး မတ်တတ်ရပ်တာမျိုး လုပ်ပေးသင့်ပါတယ်။

    နေ့စဉ်ကိုယ်လက် လှုပ်ရှားမှုရှိစေတာက စိတ်ရောကိုယ်ပါကျန်းမာစေပြီး အသက်ရှည်ကျန်းမာစေဖို့ရော နှလုံး ကျန်းမာ စေဖို့ပါ အကောင်းဆုံး အထောက်အပံ့ပေးနိုင်မှာပါ။ လှုပ်ရှားမှု ၁၅ မိနစ်လောက် လုပ်ပေးတာက နှလုံးထိခိုက်နိုင်ခြေကို ၁ ရာခိုင်နှုန်း လျှော့ချပေးနိုင်တာကြောင့် မဖြစ်မနေ အထိုင်များတဲ့ ဘဝနေထိုင်မှုကို ပိုင်ဆိုင်ထားရင်တောင်မှ လှုပ်ရှားမှု ပုံမှန်ရှိနေဖို့ လိုပါမယ်။

    ကိုယ့်ရဲ့ ကျန်းမာရေးနဲ့ နှလုံးကျန်းမာရေးကို စောင့်ရှောက်ဖို့ တာဝန်အရှိဆုံးသူက ကိုယ်တိုင်ဖြစ်တာကြောင့် တစ်နေ့တာမှာ အနည်းဆုံး ၁၅ မိနစ်လောက် လှုပ်ရှားမှု ပုံမှန်လုပ်ရင်း နှလုံး ကျန်းမာရေးကို စောင့်ရှောက်ကြဖို့ တိုက်တွန်းလိုက်ရပါ ကြောင်း……….

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    health-tool-icon

    ရှိသင့်သည့် နှလုံးခုန်နှုန်း တွက်ချက်ကိရိယာ

    သင့်အသက်အလိုက် နားနေချိန်နှင့် လှုပ်ရှားချိန်မှာ ရှိရမယ့် နှလုံးခုန်နှုန်းက ဘယ်လောက်လဲဆိုတာ တွက်ချက်လိုက်ပါ။ နှလုံးခုန်နှုန်းကို လေ့ကျင့်ခန်းနှင့် အခြားအချက်များက ဘယ်လိုသက်ရောက်စေသလဲဆိုတာာကို လေ့လာလိုက်ပါ။

    အမျိုးသား

    အမျိုးသမီး

    မည်သူ့အတွက် စစ်ဆေးမည်နည်း။

    နားနေချိန်မှာ ရှိသည့် နှလုံးခုန်နှုန်း (တစ်မိနစ်လျှင် အကြိမ်ရေ)

    60

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    ရင်းမြစ်များ

    More evidence that sitting may raise heart disease risk https://www.medicalnewstoday.com/articles/more-evidence-that-sitting-may-raise-heart-disease-risk Accessed Date 6 March 2020

    Heart Disease: Types, Causes, and Symptoms https://www.webmd.com/heart-disease/heart-disease-types-causes-symptoms#1 Accessed Date 6 March 2020
    Causes and Risks of Heart Disease https://www.healthline.com/health/heart-disease/causes-risks Accessed Date 6 March 2020

    အကြံပြုလိုသည့် ဆောင်းပါးများ

    အထိုင်များတဲ့ သူတွေရဲ့ ကျန်းမာရေးအန္တရာယ်

    အထိုင်များခြင်းကြောင့် ဖြစ်လာနိုင်သော ပြဿနာများ

    ထိုင်နေတာ များလွန်းရင် ဖြစ်လာနိုင်တဲ့ ဆိုးကျိုး များစွာ

    တစ်နေ့လုံးထိုင်ပြီး အလုပ်လုပ်နေသူတွေ ကိုယ့်ကျန်းမာရေးကို ဘယ်လိုဂရုစိုက်မလဲ


    စာရေးသူ ဓာတ်ပုံbadge
    Aye Thi Mon မှ ရေးသားသည်။ 2 ပတ် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။
    Share

    Logo

    Helloဆရာဝန်အနေဖြင့် ပိုမို ကျန်းမာပျော်ရွှင်စေဖို့ နှင့်ကျန်းမာရေးနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် စိတ်ချရသော ကျန်းမာရေး အချက်အလက်များကို ထောက်ပံ့ပေးသည့် ယုံကြည်စိတ်ချရသော ကျန်းမာရေး စောင့်ရှောက်ပေးသူ ဖြစ်ချင်ပါတယ်။

    FOLLOW US

    Logo SocialLogo SocialLogo SocialLogo Social

    ကျန်းမာရေး ဆောင်းပါးများကျန််းမာရေး ကိရိယာများ

    သတင်းအချက်အလက်

    ကျွန်ုပ်တို့အကြောင်း

    ကိုယ်ရေးအချက်အလက်စောင့်ထိန်းခြင်းမူဝါဒ

    ကြော်ငြာနှင့် စပွန်ဆာ လက်ခံခြင်းဆိုင်ရာ မူဝါဒ

    တည်းဖြတ်ခြင်းနှင့် ပြင်ဆင်ခြင်းဆိုင်ရာမူဝါဒ

    ဝဘ်ဆိုက်အသုံးပြုမှု စည်းမျဉ်းများ

    မင်္ဂလာပါ ကျန်းမာရေး

    Hello Health အကြောင်း


    Country Flag
    Country Flag
    Country Flag
    Country Flag
    Country Flag
    Country Flag
    Country Flag
    Country Flag

    DMCA Icon

    ©2022 Hello Health Group Pte. Ltd. All Rights Reserved. Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။