Stay at Home မှာ အထီးမကျန်စေဖို့ဆိုရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date စက်တင်ဘာ 13, 2020 . 2 mins read
Share now

ခုဆို ရန်ကုန်တစ်မြို့လုံးက မြို့နယ်အများအပြားမှာ Stay at Home အစီအစဉ်နဲ့ နေအိမ်ထဲမှာသာ နေထိုင်ကြဖို့ အမိန့်ထုတ်ပြန်ထားပါတယ်။ ခုလို ကိုဗစ်ကပ်ဘေးကြောင့်ပဲ ဧပြီလဝန်းကျင်တုန်းကလည်း ဒီလို အခြေအနေမျိုးနဲ့ ကြုံခဲ့ကြရဖူးပါတယ်။

ဒီတော့ အိမ်ထဲမှာနေနေရတာက ပျင်းရိငြီးငွေ့ဖွယ်ကောင်းတယ်။ အထီးကျန်ဆန်လွန်းတယ်လို့ တချို့က ရှုမြင်ကောင်းရှုမြင်ကြပါလိမ့်မယ်။ ဘယ်မှလည်း မသွားရ၊ ဘာမှလည်း စားရနဲ့ပေါ့။

တစ်ကမ္ဘာလုံး ကပ်ရောဂါဆိုးကြီးတစ်ခုနဲ့ရင်ဆိုင်နေရတာမို့ မိမိတို့ စည်းကမ်းလိုက်နာပြီး နေအိမ်မှာ နေထိုင်လိုက်တာက ဒီရောဂါဆိုးကို တိုက်ထုတ်ရာမှာ တစ်ဖက်တစ်လမ်းက ကူညီရာရောက်ပါတယ်။ ဒါကြောင့် ပျင်းတယ်၊ ငြီးငွေ့တယ်၊ အထီးကျန်ဆန်လွန်းလှတယ်ဆိုရင်တောင်မှ သည်းခံပြီး အိမ်မှာနေဖို့လိုအပ်ပါတယ်။

တစ်ဖက်မှာလည်း ဒီလိုပျင်းရိငြီးငွေ့မှုတွေကို လျှော့ချနိုင်မယ့် နည်းလမ်းတွေ ရှိထားပါတယ်။ လိုက်နာကြည့်မယ်ဆိုရင် ကိုယ့်ရဲ့ အထီးကျန်ဆန်နေတဲ့ စိတ်လေးကို သက်သာလျော့ပါးသွားစေမှာပါ။ ဒီလိုဆို ကိုယ်လည်းမပျင်း၊ လောကကိုလည်း ကောင်းကျိုးပြုနိုင်မယ်မဟုတ်လား။

Stay at Home မှာ အထီးမကျန်စေဖို့

ကဲ့ အထီးကျန်ဆန်နေတဲ့ စိတ်လေးကို ဖြေဖျောက်ပေးနိုင်မယ့် နည်းလမ်းကောင်းလေးတွေက ဘာတွေလဲဆိုတာကို ကြည့်ရအောင်။

  • ကိုယ်တစ်ယောက်တည်း မဟုတ်ဘူးဆိုတာကို နားလည်ပါ – ကိုယ်တစ်ယောက်တည်း အထီးကျန်နေတာမဟုတ်ပါဘူး။ လူတိုင်းနီးပါးပါပဲ။ ရောဂါဆိုးကို တိုက်ထုတ်ဖို့အတွက် တစ်ဖက်တစ်လမ်းက ပါဝင်ကူညီနေတယ်လို့ တွေးထားပါ။
  • လူတွေကို အချိန်ပေးပါ – အပြင်မထွက်နဲ့ဆိုတာနဲ့ လူတိုင်းနဲ့ အဆက်အသွယ်ဖြတ်ပြီး အိမ်ထဲ ပုန်းနေခိုင်းတာမဟုတ်ပါဘူး။ သူငယ်ချင်တွေနဲ့ ဖုန်းဆက်စကားပြောတာမျိုး၊ အိမ်နီးနားချင်းတွေနဲ့ ဆက်သွယ်ပြောဆိုတာမျိုးတွေလုပ်ရင် လူတွေနဲ့ အဆက်အသွယ်မပြတ်ရှိနေမှာပေါ့။ လုံးဝဘယ်သူနဲ့မှ အဆက်အသွယ်မရှိတာက ကောင်းမွန်တဲ့ ကိစ္စမဟုတ်ပါဘူးနော်။
  • ကိုယ်ပြောင်းလဲနိုင်တာတွေကို ပြောင်းလဲလိုက်ပါ – တစ်ချိန်က ကိုယ်လုပ်ချင်ပေမယ့် မလုပ်နိုင်ခဲ့တာတွေ၊ လုပ်ခွင့်မသာခဲ့တာတွေကို ခုချိန်မှာ စလုပ်ကြည့်ပါ။ ပြောင်းလဲလို့မရနိုင်ဘူးလို့ထင်တဲ့ အမူအကျင့်တွေ အပြောအဆို အနေအထိုင်တွေကို ခုချိန်မှာ ပြောင်းလဲကြည့်ပါ။
  • အွန်လိုင်းကနေ အသိုက်အဝန်းလေးဖန်တီးပါ – အပြင်မထွက်ရချိန်မှာ လူတစ်ဦးနဲ့တစ်ဦး ဆက်သွယ်ပြောဆိုဖို့ဆိုရင် အွန်လိုင်းကိုပဲ အသုံးချရပြီလေ။ ဒီတော့ မိတ်ဆွေတွေနဲ့ Chatting လေးတွေလုပ်မယ်၊ Video Call လေးတွေ ခေါ်ကြမယ်။ ဒီကနေ မပြတ်ဆက်သွယ်ရင်း အချိန်ကြာလာရင် အလေ့အကျင့်တစ်ခု ဖြစ်လာမှာပါ။
  • ဖုန်းကိုင်ပါ – ခုနောက်ပိုင်း ကြော်ငြာဖုန်းတွေ မကြာခဏ ဝင်တတ်တော့ လူအတောများများက ဖုန်းမကိုင်ချင်ကြတော့ဘူး။ ကိစ္စတစ်ခုခုရှိရင် Chatting တွေကနေပဲ ပြောဖြစ်ကြတော့တယ်။ Typing Message တွေ Video Call တွေနဲ့ ပြောဆိုဆွေးနွေးကြတာကောင်းပေမယ့် တစ်ခါတစ်လေကျ Traditional နည်းအတိုင်း ဖုန်းနဲ့ ပြောဆိုဆက်သွယ်ကြည့်ပါ။ အရသာတစ်မျိုးပေါ့။
  • သူငယ်ချင်းတွေကို ကောင်းကောင်း ဆက်ဆံပါ – ခုချိန်မှာ အားလုံး စိတ်ပင်ပန်းမှုတွေနဲ့ ရင်ဆိုင်နေကြရတာပါ။ တစ်ယောက်နဲ့ တစ်ယောက် အဆင်မပြေမှုခြင်းမတူညီနိုင်ပေမယ့် ကိုဗစ်ကို အခြေပြုထားတဲ့ ပြဿနာတွေဖြစ်နေတတ်တာတော့ အမှန်ပါ။ ဒီတော့ မိတ်ဆွေ အပေါင်းအသင်းတွေကို ဂရုစိုက် ဖေးမပေးပါ။ တိုင်ပင်ညှိနှိုင်း အကြံပေးပါ။ ကိုယ်လည်း လေ့လာသင်ခန်းစာယူစရာတွေ ရတာပေါ့။
  • လူတွေကို ကူညီပါ – ဝါသနာပါပြီး စိတ်အားထက်သန်တယ်ဆိုရင် အပြင်ထွက်ပြီး ကူညီဖေးမပါ။ NGO တွေ အသင်းအဖွဲ့တွေနဲ့ ပူးပေါင်းပြီး တစ်ဖက်တစ်လမ်းကနေ ကူညီလို့ရပါတယ်။ စေတနာ့ဝန်ထမ်းပေါ့။ ဒီလိုမဟုတ်ဘူး။ အပြင်မထွက်ဘဲ ကူညီချင်တယ်ဆိုလဲ ကိုယ်တတ်ထားတဲ့ အတတ်ပညာတွေ အသိပညာတွေကို အသုံးချပြီး ကူညီလို့ရပါတယ်။ ဒီနည်းလမ်းက ကိုယ့်ကိုလည်း စိတ်ခွန်အားဖြစ်စေသလို အကူအညီလိုအပ်နေသူအတွက်လည်း အကျိုးဖြစ်ထွန်းစေမှာပါ။
  • ကျန်းမာရေးလိုက်စားပါ – လေ့ကျင့်ခန်းလုပ်တာ၊ အာဟာရပြည့်ဝအောင်စားတာတွေကို ဒီအချိန်မှာပိုပြီးလုပ်သင့်ပါတယ်။ ကျန်းမာပြီး စိတ်ကြည်လင်နေရင် အထီးကျန်နေစိတ်ကို ကောင်းကောင်းဖြေဖျောက်နိုင်မှာပါ။
  • ကိုယ့်ကိုယ်ကို ဖျော်ဖြေဖို့ မမေ့ပါနဲ့ – ကိုယ့်ကိုယ်ကို ပျော်အောင်၊ အထီးမကျန်အောင် လုပ်ပေးနိုင်တဲ့အရာတွေထဲမှာ စာဖတ်တာ၊ ဂိမ်းဆော့တာ၊ ရုပ်ရှင်တွေ စီးရီးတွေကြည့်တာမျိုးတွေကလည်း အပါအဝင်ပါပဲ။ နောက်ပြီး အားကစားပြိုင်ပွဲတွေလည်း ပြန်စနေပြီဖြစ်တာမို့ ကိုယ်ဝါသနာပါတဲ့ အားကစားနည်း၊ အားကစားပြိုင်ပွဲတွေကို အားပေးလို့ရနေပါပြီ။ ဒီလိုလုပ်ပေးတာကလည်း စိတ်ပင်ပန်းမှုတွေကို လျှော့ချပေးမှာပါ။
COVID-19 Outbreak updates
Country: Myanmar
Data

6,959

Confirmed

1,951

Recovered

116

Death
Distribution Map

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

၆ ပေ ခွာရင် စိတ်ချရပြီလား

COVID-19၊ Social Distancing၊ ကူးစက်နှုန်း၊ သေဆုံးနှုန်း၊ Lock-down၊ သံသယလူနာ၊ Quarantine၊ နှာချေ၊ ချောင်းဆိုး၊ Droplets၊ ကိုယ်ခံအားစနစ်၊ Mask၊

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

မေမေတို့ အတွက် Stay At Home ကာလ လမ်းညွှန်ချက် ၁၀ ချက်

ဖေဖေတွေဟာ အိမ်ဦးနတ်ဆိုရင် မေမေတို့ ကလည်း အိမ်ရဲ့ အရှင်သခင်မတွေပါပဲ။ နေအိမ်တစ်ခုကို စီမံခန့်ခွဲရာမှာ မေမေ့လောက် ကျွမ်းကျင်တဲ့သူမျိုးတွေမရှိနိုင်ဘူးလေ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

ကိုကိုတို့ရဲ့ ချွေးနံ့နဲ့ မမတွေရဲ့ အချစ်စိတ်ဟာ ဆက်စပ်နေသလား

ချွေးနံ့၊ နှာခေါင်း၊ ကိုယ်ခန္ဓာ၊ အပူချိန်၊ အဆိပ်အတောက်၊ အိပ်ပျော်၊ စိတ်ကြည်လင်၊ ဆန့်ကျင်ဘက်လိင်၊ Androstadienone၊ အချစ်၊ လိင်စိတ်ဆန္ဒ၊ စိတ်ဖိစီး၊ ဟိုမုန်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

ကိုဗစ်ကြောင့် ကျန်းမာလာကြသူများ

COVID-19၊ လေ့ကျင့်ခန်း၊ အစားအသောက်၊ ချက်ပြုတ်စား၊ အကျင့်ဆိုးတွေ၊ ဆေးလိပ်သောက်၊ အရက်သောက်၊ ကျန်းမာရေးသတင်း၊ Night Life၊ အိပ်ချိန်မှန်၊ မိသားစု၊ Stay at Home

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

Covid-19 ကူးစက်ခံရသူမှာ ရောဂါလက္ခဏာလုံးဝမပြတာရော ဖြစ်နိုင်လား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 19, 2020 . 2 mins read
ကိုဗစ် ပထမလှိုင်း နဲ့ ဒုတိယလှိုင်း နှိုင်းယှဉ်ချက်

ကိုဗစ် ပထမလှိုင်း နဲ့ ဒုတိယလှိုင်း နှိုင်းယှဉ်ချက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 18, 2020 . 2 mins read
လူစုလူဝေးကို ရှောင်ကျဉ်တဲ့ သင်ဟာ COVID-19 ကာလ သူရဲကောင်းပါ

လူစုလူဝေးကို ရှောင်ကျဉ်တဲ့ သင်ဟာ COVID-19 ကာလ သူရဲကောင်းပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 17, 2020 . 3 mins read

လူတွေဘာကြောင့် သတ်သေကြတာလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 11, 2020 . 2 mins read