COVID-19 နဲ့ ပတ်သက်ရင် အစိုးရိမ်ရဆုံး လူအုပ်စု (၇) ခု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date စက်တင်ဘာ 25, 2020 . 2 mins read
Share now

COVID-19 ကူးစက်ပြန့်ပွားမှု ဘယ်လောက် မြန်ဆန်သလဲ၊ ကူးစက်လွယ်သလဲ ဆိုတာ သိထားပြီးသား ဆိုတော့ သူသူကိုယ်ကိုယ် စိုးရိမ်နေကြမှာပဲ။ ကိုယ့်အတွက်၊ ကိုယ် ချစ်ခင်ရသူတွေ၊ အိမ်က လူကြီးမိဘတွေ၊ ကိုယ့်ရဲ့ ရင်သွေးလေးတွေ အတွက် စိတ်မအေးနိုင်ဘူးပေါ့။

အားလုံးထဲမှာ ဒီဗိုင်းရပ်စ်ကို ကူးစက်ခံနိုင်ရခြေ ပိုများတဲ့ ဒါမှမဟုတ် ကူးစက်ခံရရင်လည်း ဝေဒနာ ပိုပြင်းထန်နိုင်ခြေ ပိုများတဲ့ သူတွေ ရှိနေပါတယ်။ အသက်ကြီးသူတွေနဲ့ ရောဂါအခံ ရှိသူတွေမှာ အန္တရာယ်ပိုများတယ် လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကလည်း ပြောထားပြီးသား မဟုတ်လား။

အစိုးရိမ်ရဆုံး လူအုပ်စု (၇) ခု

ဒီလို ကူးစက်နိုင်ခြေ များတဲ့သူတွေ ထဲမှာမှ အစိုးရိမ်ရဆုံး လူအုပ်စုတွေ ကို အခုဖော်ပြပေးမှာပါ။ ဘယ်သူတွေမှာ အန္တရာယ် အများဆုံးလဲ ဆိုတာ သိထားပြီးရင် ပိုသတိထားလို့ ရတာပေါ့။

(၁) အသက်ကြီးသူတွေ

COVID-19 ဗိုင်းရပ်စ် ကို ကလေးတွေ အပါအဝင် အသက်အရွယ်မရွေး ကူးစက်ခံရနိုင်ပါတယ်။ ဒါပေမယ့် အများဆုံး ထိခိုက်တာက သက်လတ်ပိုင်းနဲ့ သက်ကြီးပိုင်းတွေပါ။ အသက် ၆၅ နှစ်နဲ့ အထက် အရွယ်တွေ ကူးစက်ခံရတဲ့အခါ အန္တရာယ်များတဲ့ ရောဂါလက္ခဏာတွေ ဖြစ်လာနိုင်ခြေ ပိုများပါတယ်။

သူတို့မှာ ရောဂါအခံ ရှိနေတဲ့အခါ ပိုလို့တောင် အန္တရာယ်များပါတယ်။ ကူးစက်နိုင်ခြေ များတယ်၊ ကူးစက်ခံရရင်လည်း သူများထက် လက္ခဏာ ပိုပြင်းထန်တယ်၊ အသက်အန္တရာယ် ရှိနိုင်တယ်။

(၂) ပန်းနာရင်ကျပ် အပါအဝင် အဆုတ်ရောဂါ ရှိသူတွေ

ပန်းနာရင်ကျပ်ရောဂါ ရှိသူတွေက COVID-19 ကူးစက်ခံရနိုင်ခြေ ပိုများနိုင်ပါတယ်။ COVID-19 က အဆုတ်ကို ပစ်မှတ်ထားတာမို့ ကူးစက်ခံရချိန်မှာ ကိုယ့်မှာ အဆုတ်နဲ့ ပတ်သက်တဲ့ ကျန်းမာရေးပြဿနာ ရှိနေရင် လက္ခဏာ ပိုပြင်းထန်နိုင်ပါတယ်။

COVID-19 က အသက်ရှူလမ်းကြောင်း (နှာခေါင်း၊ လည်ချောင်း၊ အဆုတ်) ကို ထိခိုက်စေနိုင်တယ်၊ ပန်းနာရောဂါထခြင်း (asthma attack) ဖြစ်စေနိုင်တယ်၊ အဆုတ်ရောင်ခြင်း နဲ့ ပြင်းထန်အသက်ရှူလမ်းကြောင်းရောဂါတွေ ဖြစ်လာစေနိုင်တယ်။

(၃) ကိုယ်ခံအားစနစ် အားနည်းသူတွေ

နေထိုင်စားသောက်မှုပုံစံကြောင့် ကိုယ်ခံအားမကောင်းသူတွေ၊ ကင်ဆာကုထုံး ခံယူနေသူတွေ၊ HIV/AIDS ရောဂါ ရှိသူတွေ၊ ဆေးလိပ်သောက်သူတွေ ၊ ဆေးဝါးအပြင်းစားတွေ စွဲသောက်နေရတဲ့ ဝေဒနာရှင်တွေ အပါအဝင် ကိုယ်ခံအားမကောင်းသူတွေ စိတ်ပူရပါတယ်။

အကြောင်းကြောင်းကြောင့် ကိုယ့်မှာ ကိုယ်ခံအားစနစ် အားမကောင်းဘူးဆိုရင် COVID-19ဗိုင်းရပ်စ်ကို ကာကွယ်နိုင်ဖို့ သူများထက် ပိုပြီး ဂရုစိုက်ဖို့ လိုပါတယ်။

(၄) နာတာရှည် ကျောက်ကပ် သို့မဟုတ် အသည်းရောဂါ ရှိသူတွေ

အသည်းရောင် ဘီရောဂါ၊ စီရောဂါ ရှိသူတွေ၊ ကျောက်ကပ် မကောင်းတဲ့ သူတွေ၊ ကျောက်ကပ်ဆေးနေရသူတွေ အပါအဝင် နာတာရှည်အသည်းနဲ့ ကျောက်ကပ်ရောဂါ ရှိသူတွေမှာ COVID-19ကူးစက်ခံခဲ့ရရင် လက္ခဏာဆိုးရွားနိုင်ပါတယ်။

(၅) နှလုံးရောဂါ ရှိသူတွေ

နှလုံးရောဂါ ရှိနေတဲ့ COVID-19လူနာတွေမှာ ၁၀ ရာခိုင်နှုန်းလောက် သေဆုံးကြရတယ်လို့ တရုတ်သုတေသန တစ်ခုက ဖော်ပြခဲ့ပါတယ်။ ဒီရောဂါက အသက်ရှူလမ်းကြောင်းစနစ်ကို ထိခိုက်ပျက်စီးစေပြီး နှလုံးရဲ့ လုပ်ဆောင်နိုင်စွမ်းမှာ အခက်အခဲ ဖြစ်စေပါတယ်။ ဒါ့ကြောင့် လက္ခဏာ ပိုဆိုးပြီး အန္တရာယ်ရှိနိုင်ပါတယ်။

(၆) သွေးတိုးဆီးချို ရောဂါ ရှိသူတွေ

အမျိုးအစား ၁ ဖြစ်ဖြစ်၊ အမျိုးအစား ၂ ဖြစ်ဖြစ် ဆီးချိုသွေးချိုရောဂါ ရှိတဲ့သူတွေမှာ COVID-19အန္တရာယ် ပိုစိတ်ပူရပါတယ်။ သွေးတိုးနဲ့ ဆီးချိုရှိသူတွေမှာ သူတို့ကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကြောင့်  COVID-19ကို ကျော်လွှားနိုင်ဖို့ ပိုခက်ခဲရတာ ဖြစ်ပါတယ်။ ရောဂါအခံ ကြောင့် လက္ခဏာတွေ ပိုပြင်းထန်ရတာမို့ ဆေးဒဏ်၊ ရောဂါဒဏ် ကို ခံနိုင်ရည် မရှိကြပါဘူး။

(၇) အဝလွန်နေသူတွေ

အဝလွန်ခြင်း နဲ့ ဆီးချိုရောဂါတို့က ကိုယ်ခံအားစနစ်ရဲ့ ကာကွယ်နိုင်စွမ်းကို ထိရောက်မှု အားနည်းစေပါတယ်။ အဝလွန်ရင် သွေးတိုး၊ ဆီးချို၊ နှလုံး စတဲ့ တခြားရောဂါတွေလည်း တစ်ဆက်တည်း ပါလာမှာ မလွဲပါဘူး။

အဝလွန်သူတွေမှာ COVID-19ကူးစက်နိုင်ခြေ များသလို ဖြစ်လာခဲ့ရင်လည်း ခံစားရတဲ့ လက္ခဏာ ပြင်းထန်နိုင်ပါတယ်။

ဒါ့ကြောင့် ကိုယ့်မှာ ရောဂါအခံ ရှိနေရင် –

  • ဆရာဝန် ညွှန်ကြားထားတဲ့ ဆေးကို မှန်မှန်သောက်ပါ၊
  • နေထိုင်စားသောက်မှု နဲ့ ပတ်သက်ပြီး ညွှန်ကြားချက် အတိုင်း လိုက်နာပါ။
  • လိုအပ်တဲ့ ကာကွယ်ဆေးတွေ ထိုးပါ (COVID-19အတွက် ကာကွယ်ဆေး မရှိသေးပေမယ့် တုပ်ကွေး အပါအဝင် တခြားရောဂါတွေ ဝင်ရင် ကိုယ်ခံအားကို နည်းစေနိုင်တာမို့ ရနိုင်တဲ့ ကာကွယ်ဆေးတွေ ထိုးထားသင့်ပါတယ်)။
  • အပြင်အသွားအလာ၊ လူတွေနဲ့ ထိတွေ့ဆက်ဆံမှု တို့မှာ အစစ အရာရာ ပိုသတိထားပါ။
  • အာဟာရပြည့်အောင် စားပါ၊ အိပ်ရေးဝအောင် အိပ်ပါ၊ ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ။
  • နေမကောင်းဖြစ်တာ အသေးအဖွဲလည်း မပေါ့ဆပါနဲ့။ နီးစပ်ရာ ဆရာဝန်နဲ့ တိုင်ပင်ပြသပါ။ လိုအပ်ရင် အွန်လိုင်း သို့မဟုတ် ဖုန်းဆက်သွယ်မှုက တဆင့် ဆရာဝန်ကို ဆက်သွယ်မေးမြန်းပါ။
COVID-19 Outbreak updates
Country: Myanmar
Data

117,946

Confirmed

97,819

Recovered

2,484

Death
Distribution Map

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

မြန်မာနိုင်ငံကို တတိယလှိုင်း ဝင်လာနိုင်သလား။ ဘာတွေ ကြိုပြင်ထားကြမလဲ။

ကိုဗစ်နဲ့ ပတ်သက်ပြီး လတ်တလောမှာ တစ်ကမ္ဘာလုံး စိတ်ပူနေကြတာကတော့ တတိယလှိုင်းပါပဲ။ စကတည်းက ပညာရှင်တွေက ကိုဗစ်က လှိုင်းနဲ့ လာတတ်တယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

အမျိုးသားတို့ သိထားသင့်တဲ့ ကျန်းမာရေးအခြေအနေများ

အမျိုးသားတွေက ဆေးရုံဆေးခန်းသွားရမှာ၊ ဆေးသောက်ရမှာ၊ ကုသမှု ခံယူရတာကို သဘောမတွေ့ကြပါဘူး ဒါပေမယ့် လူတိုင်းကတော့ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်တာပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သီချင်းနားထောင်ရင်ရမယ့် ကိုယ်စိတ်နှစ်ပါး အကျိုးကျေးဇူးများ

တေးသီချင်းတွေ၊ ဂီတ သံစဉ်တွေကို နေ့စဉ် နားသောတဆင်တဲ့အခါ ထူးခြားတဲ့ အကျိုးကျေးဇူးတွေ၊ ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုမှုတွေ ရရှိနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

ဝမ်းဗိုက်လေး ကျန်းမာစေဖို့ နေ့တိုင်း ထောပတ်သီးစားပါ

ခုရာသီက ထောပတ်သီးတွေကို ပေါပေါသီသီ တွေ့နိုင်တဲ့ ရာသီမျိုးပါ။ ထောပတ်သီးတွေဟာ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

ကိုဗစ်ကာကွယ်ဆေး နဲ့ myths များစွာ

ကိုဗစ်ကာကွယ်ဆေး နဲ့ myths များစွာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 20, 2021 . 3 mins read
အစားအသောက် မှီဝဲမှုနဲ့ Lupus ကို ထိမ်းချုပ်လို့တော့ ရပါတယ်။ လေ့လာချက်တွေအရဆိုရင် ချင်းဟာ Lupus ကို ထိမ်းချုပ်ကုသရာမှာ အလွန်အသုံးတည့်တယ်လို့ဆိုပါတယ်။ မစ်ချီဂန်တက္ကသိုလ်ရဲ့ လေ့လာချက်အရ ချင်းမှာပါဝင်တဲ့ 6-gingerol လို့ခေါ်တဲ့ bioactive compound တစ်မျိုးဟာ Lupus ရဲ့ ရောဂါလက္ခဏာတွေကို လျှော့ချပေးရာမှာ အလွန်ထိရောက်တယ်လို့ ဆိုပါတယ်။

Lupus ရှိရင် ချင်း (ဂျင်း) စားပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 16, 2021 . 2 mins read
အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ

အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 14, 2021 . 2 mins read
ကိုဗစ်ကပ်ဘေးအတွင်းမှာ ဘယ်သူတွေ အထီးကျန်အဆန်ဆုံးဖြစ်နေလဲ

ကိုဗစ်ကပ်ဘေးကြောင့် ပိုကြီးမားလာတဲ့ နောက်ထပ်ကပ်ဘေးတစ်ခု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 8, 2021 . 3 mins read