brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကင်ဆာဖြစ် စေနိုင်တဲ့ အမူအကျင့်တွေ

ကင်ဆာဆိုတာ အခုနောက်ပိုင်း အဖြစ်များလာတဲ့ ကျန်းမာရေး ပြဿနာ တစ်ခုပေါ့။ အသက်ကြီးမှ အဖြစ်များတယ်ဆိုပေမယ့် အရွယ်မရွေး ခံစားရနိုင်ပါတယ်။ ကင်ဆာဖြစ် ရတာက နေထိုင်စားသောက်မှုပုံစံကြောင့်လည်း အများကြီး ပါပါတယ်။

ကင်ဆာဖြစ် စေနိုင်တဲ့ အမူအကျင့်တွေ

ဒီတစ်ခေါက်တော့ ဘယ်လို အမူအကျင့်တွေက ကင်ဆာဖြစ်စေနိုင်လဲဆိုတာကို ပြောပြပေးသွားပါမယ်။

ကင်ဆာဖြစ် စေနိုင်တဲ့ အမူအကျင့်အချို့

နေ့စဉ် လုပ်မိနေတဲ့ အမူအကျင့်တွေထဲမှာ ဒါတွေပါနေလား ဆန်းစစ်ပါ။

ချိုချိုလေးမှ ကြိုက်တယ်ဆိုပြီး သကြားတွေ အများကြီး စားမိနေပြီလား။ ဒါဆိုရင်တော့ အခုကစပြီး သကြား လျှော့စားပါ။ သကြား အများကြီး စားတာက အဝလွန်တာနဲ့ ဆဲလ်ရောင်ရမ်းမှုကို ဖြစ်စေနိုင်ပြီး ကင်ဆာ ဖြစ်နိုင်ခြေကို တိုးစေတဲ့ အရာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

သာမန်လူတစ်ယောက်အနေနဲ့ တစ်နေ့တာမှာ သကြားကို အမျိုးသားဆို လက်ဖက်ရည်ဇွန်း ၉ ဇွန်း၊ အမျိုးသမီးဆို ၆ဇွန်းထက် ပိုမစားသင့်ပါဘူး။ ဒီပမာဏထက် ပိုစားမိနေမယ် ဆိုရင်တော့ ရေရှည်မှာ ကင်ဆာဖြစ်နိုင်ခြေက များလာနိုင်ပါတယ်။

ပြုပြင်ထားတဲ့ အသားတွေမှာပါတဲ့ ဓာတုပစ္စည်းတွေက အူမကြီး နဲ့ အစာဟောင်းအိမ်ကဆဲလ်တွေကို ပျက်စီးစေနိုင်ပါတယ်။ တစ်နေ့တာမှာ ပြုပြင်ထားတဲ့ အသား ၁.၈ အောင်စ စားသုံးတာက အူမကြီး ကင်ဆာ ခံစားရနိုင်ခြေကို ၁၈ ရာခိုင်နှုန်းအထိ တိုးစေနိုင်ပါတယ်။

ဒါကြောင့် ဟော့ဒေါ့တွေကစလို့ ပြုပြင်ထားတဲ့ အသားအမျိုးမျိုးကို တတ်နိုင်သမျှ လျှော့စားပါ။

ကင်ဆာ ဖြစ်စေနိုင်တဲ့ အဓိက အကြောင်းအရင်း တစ်ရပ်က အထိုင်များတာပါ။ ခန္ဓာကိုယ်က လှုပ်ရှားဖို့ လိုပါတယ်။ မလှုပ်ရှားဘဲ ထိုင်ပဲထိုင်နေတာက အဝလွန်စေပြီး ကင်ဆာဖြစ်စေဖို့ တွန်းအားပေးပါတယ်။

တစ်​နေ့တာမှာ အနည်းဆုံး ၁၅ မိနစ်ကနေ ၁ နာရီလောက် လှုပ်ရှားမှု ရှိဖို့ ဂရုပြုပါ။ ဒါမှ အဝမလွန်ဘဲ ကိုယ်အလေးချိန်ကို ထိန်းနိုင်မှာပါ။

ကင်ဆာဖြစ် စေနိုင်တဲ့ အမူအကျင့်တွေ

တစ်နေ့တာ စားသုံးမှုမှာ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်တွေ သင့်တင့်မျှတစွာ ပါဝင်အောင် စားသုံးဖို့ လိုပါမယ်။ ဒီလိုမှ မဟုတ်ဘဲ သစ်သီး၊ ဟင်းသီးဟင်းရွက်တွေကို မစားသုံးတာက လုံလော်ကဲ့ အမျှင်ဓာတ် ရရှိမှုကို အဟန့်အတားဖြစ်စေပြီး ဦးခေါင်းနဲ့ လည်ပင်း ကင်ဆာ၊ အစာရေမျိုကင်ဆာ၊ အူမကြီးကင်ဆာ၊ အစာအိမ်ကင်ဆာတွေ ဖြစ်နိုင်ခြေကို တိုးစေပါတယ်။

သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေက အမျှင်ဓာတ်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်း၊ အဆိပ်အတောက်ဖြေပေးတဲ့ အင်ဇိုင်းတွေ ပါဝင်တာကြောင့် ကင်ဆာ မဖြစ်စေဖို့ အထိရောက်ဆုံး ကာကွယ်ပေးပါတယ်။

အချို့သော ပလပ်စတစ်တွေမှာ BPA လို့ခေါ်တဲ့ synthetic hormone ပါဝင်နေပါတယ်။ ဒီဟော်မုန်းက ခန္ဓာကိုယ်ရဲ့ ဟော်မုန်းစနစ်ကို ထိခိုက်စေပြီး ရင်သားကင်ဆာဖြစ်နိုင်ခြေကို တိုးစေနိုင်ပါတယ်။

ဒီအချက်တွေအပြင်

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 08/03/2024 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။