သမားရိုးကျနည်းနဲ့ ခွဲမှာလား၊ အပေါက်လေးဖောက်ပြီး ခွဲမှာလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 23, 2020 . 2 mins read
Share now

ဒါက ဆေးရုံတွေမှာ ကြားနေကြစကားပါ။ ခွဲစိတ်ဖို့ ဆုံးဖြတ်လိုက်ပြီဆို ခွဲမယ့်နည်းလမ်းကို စဉ်းစားရပါတယ်။ လူနာရဲ့ အခြေအနေရော၊ ရောဂါရဲ့ အခြေအနေရောက ဘယ်လိုခွဲခွဲ အဆင်ပြေတယ်ဆိုရင် ဆရာဝန်တွေ မေးလေ့ရှိတာက ‘ရိုးရိုးခွဲမှာလား၊ အပေါက်လေးဖောက်ပြီး ခွဲမှာလား’။ လူနာအများစုကတော့ သိပ်နားမလည်ဘူးပေါ့။ ဒီဆောင်းပါးမှာ ဒါက ဘာတွေကို ပြောတာလဲ။ အားသာချက်၊ အားနည်းချက်တွေ ဘာရှိလဲဆိုတာ ပြောပြပေးပါ့မယ်။

သမားရိုးကျခွဲတယ်ဆိုတာ

သမားရိုးကျ ခွဲတယ်ဆိုတာ အရင်လို ခွဲကြောင်းပေးပြီး ဓားနဲ့ ခွဲတာကို ဆိုလိုတာပါ။ ရုပ်ရှင်ထဲမှာ မြင်ဖူးနေကြပုံစံပေါ့။ ခွဲစိတ်မှုအများစုက သမားရိုးကျခွဲနည်းကိုပဲ သုံးကြပါတယ်။ သူ့မှာလည်း အားသာချက်၊ အားနည်းချက်တွေ ရှိပါတယ်။

အားသာချက်တွေကတော့

  • ခွဲစိတ်မှုမြင်ကွင်းကို ရှင်းရှင်းလင်းလင်း မြင်ရတယ်။
  • ကိုယ်တွင်းအင်္ဂါတွေကို လက်နဲ့ ထိတွေ့ပြီး ကိုင်တွယ်ရတဲ့အတွက် အပူချိန်၊ အပျော့အမာ စတာတွေကို ခံစားသိရှိနိုင်တယ်။
  • လိုအပ်ရင် ခွဲကြောင်းကို ချဲ့လို့ရတယ်။ (ဥပမာ ကင်ဆာကျိတ်ကို ခွဲတဲ့အချိန်မှာ ကိုယ်ထင်ထားတာထက် ပိုကြီးနေရင် ခွဲကြောင်းကို ချဲ့လို့ရပါတယ်။)
  • အသားစယူတာ၊ ကိုယ်တွင်းအင်္ဂါဖယ်ရှားတာကို လွတ်လွတ်လပ်လပ် လုပ်လို့ရတယ်။
  • ရှုပ်ထွေးတဲ့ခွဲစိတ်မှုတွေ လုပ်လို့ရတယ်။
  • သွေးထွက်လာရင်လည်း ရှင်းရှင်းလင်းလင်း မြင်ရတဲ့အတွက် အလွယ်တကူထိန်းချုပ်နိုင်တယ်။
  • ကုန်ကျစရိတ်လည်း ပိုသက်သာပါတယ်။

အားနည်းချက်တွေကတော့

  • မေ့ဆေးဒဏ်၊ ထုံဆေးဒဏ် ခံရမယ်။
  • ခွဲကြောင်းကြီးတဲ့အတွက် ခွဲစိတ်ပြီးရင် ပိုနာတယ်။
  • အနာကောင်းကောင်း မကျက်တာ ဖြစ်တတ်တယ်။
  • သေချာဂရုမစိုက်ရင် ပိုးဝင်တတ်တယ်။
  • နောက်ပိုင်းကျရင် ခွဲကြောင်းနေရာကနေ အူကျွံတတ်တယ်။
  • ဆေးရုံမှာ ရက်ကြာကြာနေရမယ်။
  • ဆေးရုံဆင်းသွားရင်လည်း ပုံမှန်အတိုင်း အလုပ်ပြန်လုပ်ဖို့ အချိန်ကြာတတ်တယ်။
  • အိပ်ရာမှာပဲ ကြာကြာလှဲရတဲ့အတွက် သွေးပျစ်တာ၊ သွေးခဲတာ စတဲ့ နောက်ဆက်တွဲ ပြဿနာတွေ ခံစားရတတ်တယ်။

အပေါက်လေးဖောက်ပြီး ခွဲတယ်ဆိုတာ

ဆေးပညာအရ laproscopic surgeryလို့ ခေါ်ပါတယ်။ တိုးတက်လာတာနဲ့အမျှ ခွဲစိတ်မှုတွေကို သေးသထက် သေးအောင် ကြိုးစားလာကြပါတယ်။ ခပ်သေးသေးပဲ ခွဲပြီး အနာမြန်မြန်ကျက်ဖို့ အားထုတ်လာကြပါတယ်။ ဒါကြောင့် အပေါက်ဖောက်ပြီး ခွဲတယ်ဆိုတဲ့ နည်းလမ်း ခေတ်စားလာတာပါ။

ဒီလို သေးသေးလေးဖောက်ပြီး ခွဲစိတ်တာကို ခွဲစိတ်မှုတိုင်းအတွက် မလုပ်နိုင်သေးပါဘူး။ များသောအားဖြင့် အူအတက်ခွဲဖို့၊ နေရာလွဲ သန္ဓေသားကို ခွဲထုတ်ဖို့၊ အူကျတာကို ခွဲစိတ်ဖို့၊ သည်းခြေအိတ်ဖယ်ဖို့ စတဲ့ ခွဲစိတ်မှုတွေမှာတော့ လုပ်လေ့ရှိပါတယ်။

စက်ရုပ်လက်တံလေးတွေ အသုံးပြုပြီး ထိပ်မှာ ကင်မရာတပ်၊ ဝမ်းဗိုက်မှာ အပေါက်လေးတွေဖောက်ပြီး ဒီအပေါက်လေးတွေကတဆင့် စက်ရုပ်လက်တံတွေကို သုံးပြီး ခွဲစိတ်တာပါ။ လက်တံထိပ်မှာ ကင်မရာတပ်ထားတဲ့အတွက် ကိုယ်တွင်းအင်္ဂါတွေကို စကရင်ပေါ်မှာ အလွယ်တကူ ကြည့်လို့ရပါတယ်။

သူ့မှာလည်း အားသာချက်၊ အားနည်းချက်တွေ ရှိပါတယ်။

အားသာချက်တွေကတော့

  • အပေါက်လေးပဲ ဖောက်တဲ့အတွက် ခွဲကြောင်းအကြီးကြီး မလိုပါဘူး။ ပြန်ချုပ်ရင်လည်း အမာရွတ်သေးပါတယ်။
  • အမာရွတ်သေးတဲ့အတွက် နောက်ပိုင်း အူကျွံတာ သိပ်မဖြစ်ပါဘူး။
  • အနာကျက်မြန်တဲ့အတွက် အဝလွန်သူတွေ၊ ဆီးချိုရှိသူတွေအတွက် သင့်တော်ပါတယ်။
  • ပိုးဝင်တာလည်း ဖြစ်ခဲပါတယ်။
  • ဆေးရုံကြာကြာ မတက်ရပါဘူး။
  • အိမ်ပြန်ရောက်ရင်လည်း သိပ်မကြာခင်မှာပဲ သာမန်အတိုင်း ပြန်နေနိုင်ပါတယ်။
  • ခွဲစိတ်ရာ သေးတဲ့အတွက် ခွဲစိတ်ပြီး နာကျင်တာမျိုးလည်း သိပ်မခံစားရပါဘူး။

အားနည်းချက်တွေကတော့

  • လက်နဲ့တိုက်ရိုက် ထိတွေ့ကိုင်တွယ်တာမျိုး မဟုတ်တဲ့အတွက် ခွဲနေတဲ့ အင်္ဂါအကြောင်းကို အသေးစိတ်မသိရပါဘူး။
  • ကင်မရာကနေတဆင့် ခွဲရတာဖြစ်တဲ့အတွက် လက်နဲ့ မျက်လုံး အလေ့အကျင့် လိုပါတယ်။
  • သေချာလေ့ကျင့်ထားပြီး အတွေ့အကြုံရှိတဲ့ ခွဲစိတ်ဆရာဝန်လိုပါတယ်။
  • ရုတ်တရက် သွေးထွက်တာဖြစ်လာခဲ့ရင် သွေးတိတ်အောင် လုပ်ဖို့ ခက်ပါတယ်။ ဒါကြောင့် သမားရိုးကျခွဲစိတ်နည်းနဲ့ ပြန်ခွဲရတာမျိုး ရှိတတ်ပါတယ်။
  • ရောဂါက ထင်ထားတာထက် ကြီးလို့ ခွဲကြောင်းကို ချဲ့ဖို့ လိုလာရင်လည်း အပေါက်ဖောက်ခွဲစိတ်တာကိုရပ်ပြီး သမားရိုးကျခွဲစိတ်နည်းနဲ့ ပြန်လည်ခွဲစိတ်ရတတ်ပါတယ်။
  • မေ့ဆေး။ ထုံဆေးဒဏ် ခံရတတ်ပါတယ်။
  • တစ်ခါတလေ အသားစ ယူခါနီး၊ ကိုယ်တွင်းအင်္ဂါထုတ်ခါနီး အပေါက်နဲ့ မဆန့်လို့ ခွဲကြောင်းချဲ့ရတာမျိုး ရှိတတ်ပါတယ်။
  • အဆင့်မြင့် စက်ရုပ်လက်နဲ့ ကျွမ်းကျင်ဆရာဝန်လိုအပ်တဲ့အတွက် ငွေကုန်ကြေးကျများနိုင်ပါတယ်။

ခွဲစိတ်မှုတိုင်းကို ရိုးရိုးခွဲမှာလား၊ အပေါက်ဖောက်ပြီး ခွဲမှာလားလို့ ရွေးလို့မရပါဘူး။ တချို့ရောဂါတွေက သမားရိုးကျခွဲစိတ်မှုနဲ့ သင့်တော်သလို၊ တချို့ရောဂါတွေက အပေါ်ကဖောက်ပြီး ခွဲတာက ပိုကောင်းပါတယ်။ လူနာအခြေအနေ၊ ရောဂါအခြေအနေပေါ် အများကြီး မူတည်ပါတယ်။ နှစ်ခုလုံး ဘာနဲ့ ခွဲခွဲ အဆင်ပြေတယ်၊ ကြိုက်တာတစ်ခုကို ရွေးချယ်ပါလို့ အခွင့်အရေးရှိလာခဲ့ရင် ကောင်းကျိုး၊ ဆိုးကျိုးတွေကို ကြိုတင် လေ့လာထားနိုင်ဖို့ ရေးသားလိုက်ရပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ချက်တစ်ဝိုက်က အောင့်နေတယ်။ ဘာကြောင့်များလဲ။

ချက်တဝိုက် အောင့်နေတယ် နာကျင်တာ လက္ခဏာတွေ ဆရာဝန် ကိုယ်ဝန် ရှိနေတာ ကျန်းမာရေးပြဿနာ အစာခြေစနစ် ခွဲစိတ်မှု အမျိုးသမီးတွေ အစာမကြေတဲ့အခါ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

ကျန်းမာရေးဝန်ထမ်းတစ်ယောက် ဖြစ်ရခြင်းရဲ့ နောက်ကွယ်က အန္တရာယ်များ

ကျန်းမာရေးဝန်ထမ်း COVID-19 Corona virus ကူးစက်ရောဂါ ချောင်းဆိုး ထိခိုက်ဒဏ်ရာတွေ လုပ်ငန်းခွင် ပိုးမွှား မိသားစုဘဝ ရောဂါ ကိုဗစ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint

အနောက်နိုင်ငံတွေနဲ့ Covid-19 အရှုပ်တော်ပုံ

Covid-19 ကပ်ဘေး အာရှနိုင်ငံ အနောက်နိုင်ငံ ဆေးရုံ ကာကွယ်မှု ကူးစက်ရောဂါ coronavirus ကိုရိုနာဗိုင်းရပ်စ် ဆားစ်ရောဂါ မားစ်ရောဂါ စစ်ဆေးမှု ရောဂါထိန်းချုပ်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

ဆေးရုံ က ကူးတဲ့ ရောဂါများ

ဆေးရုံ nosocomial infection ဆေးယဉ်ပါး ဆီးပိုးဝင် ဦးနှောက်အမြှေးပါးရောင် အဆုတ်ရောင် ပြည်တည် ပိုးသတ်ဆေး ကိုမာ ဆီးပိုက်တပ် အထူးကြပ်မတ်ကုသဆောင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

Covid ကာလမှာ ကလေးနေမကောင်း ရင် ဘယ်လိုပြုစုပေးရမလဲ

Covid ကာလမှာ ကလေးနေမကောင်း ရင် ဘယ်လိုပြုစုပေးရမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 16, 2020 . 1 min read

လိင်တံထိပ်အရေပြား ခွဲစိတ်ဖယ်ရှားရင် နာသလား ဆရာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 17, 2020 . 2 mins read
ဘာလို့ အူကျရတာလဲ။ ဘယ်လိုကုသကြမလဲ။

ဘာလို့ အူကျရတာလဲ။ ဘယ်လိုကုသကြမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 11, 2020 . 2 mins read
Body piercing လုပ်မယ်ဆိုရင် သိထားသင့်တဲ့ အချက်များ

Body piercing လုပ်မယ်ဆိုရင် သိထားသင့်တဲ့ အချက်များ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 22, 2020 . 2 mins read