ဖြစ်နိုင်ခြေများ
ငါ့ဆီမှာ Bone Tumors (အရိုးကျူမာ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ
အသက်အရွယ်မရွေး အရိုးကျူမာဖြစ်ပွားနိုင်ပါတယ်။ ကံကောင်းထောက်မစွာဖြင့် ၁ရာခိုင်နှုန်းကသာ ကင်ဆာကို အရိုးကနေစတင် ဖြစ်ပွားကြတာပါ။ ကျန်တာတွေကတော့ ကင်ဆာမဟုတ်ပါဘူး။ ဒါပေမယ့်လည်း ခန္ဓါကိုယ်အခြားအစိတ်အပိုင်းတွေရှိကင်ဆာတွေကနေတော့ ပြန့်ပွားလာနိုင်ပါတယ်။
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Bone Tumors (အရိုးကျူမာ) ကို ဘယ်လိုအတည်ပြုပါသလဲ
မိသားစုဆေးမှတ်တမ်းကို မေးမြန်းပါလိမ့်မယ်။ ပြီးနောက် ကျူမာရှိမရှိသိဖို့ စစ်ဆေးမှုအသေးစားလေးတွေ ပြုလုပ်မှာပါ။ သံသယရှိတဲ့ နေရာမှာ ကိုယ်ကာယပိုင်းစစ်ဆေးမှုတွေပြုလုပ်ပြီး အရိုးနာကျင်ကိုက်ခဲတာတွေရှိလားနဲ့ လှုပ်ရှားမှုတွေကိုလည်း စစ်ဆေးပါလိမ့်မယ်။ ထို့နောက် ဆီးစစ်၊ သွေးစစ်ခြင်း၊ ပုံရိပ်ဖော်ခြင်းဖြင့် စစ်ဆေးခြင်းနှင့် အသားစယူခြင်းတို့ကိုလည်း ပြုလုပ်မှာဖြစ်ပါတယ်။
Bone Tumors (အရိုးကျူမာ) ကို ဘယ်လိုကုသပါသလဲ
ကင်ဆာမဟုတ်တဲ့ အရိုးကျူမာတွေဆိုရင် ကြီးထွားလာနိုင်သလို သူ့ဘာသာသူပျောက်ကွယ်သွားနိုင်ပါတယ်။ ကျူမာက အလျှင်အမြန်ကြီးထွားနိုင်ပြီး ကင်ဆာပြောင်းသွားနိုင်မယ့် လက္ခဏာတွေတွေ့နေရပြီဆိုရင်တော့ ခွဲစိတ်ကုသဖို့လိုအပ်ပါပြီ။ သို့မဟုတ်က ဆရာဝန်နဲ့မှန်မှန်ပြနေဖို့ လိုအပ်ပါတယ်။ ကျူမာသက်သာစေဖို့ ဆေးဝါးတွေလည်းရှိပါသေးတယ်။
ဒါပေမယ့်လည်း ကင်ဆာအကျိတ်တွေက ကွဲပြားခြားနားပါတယ်။ မကုသဘဲထားမယ်ဆိုရင် ထပ်တိုးရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ ကုသနည်းကတော့ ကင်ဆာဘယ်လောက်ထိ ဖြစ်နေတယ်ဆိုတာပေါ်မှာမူတည်ပါတယ်။ အရိုးကျူမှာပဲမှာရှိနေတဲ့ ကင်ဆာဆဲလ်တွေက မပြန့်ပွားတဲ့အခြေအနေမှာရှိပါတယ်။ အခြားနေရာကို ပြန့်ပွားသွားမယ်ဆိုရင်တော့ ပြန့်နှံ့တဲ့အဆင့်ကို ရောက်ရှိသွားပါပြီ။ ကုသမှုမှာတော့ ခွဲစိတ်ဖို့လိုတာများပါတယ်။ ထုတ်ပြစ်လိုက်တဲ့ အရိုးကို စတီးရိုးနဲ့ အစားထိုးပေးပါလိမ့်မယ်။ ကင်ဆာအရမ်းဆိုးဝါးနေပြီဆိုရင်တော့ ဖြတ်တောက်ပြစ်ဖို့ လိုအပ်ပါလိမ့်မယ်။ ခွဲစိတ်မှုအပြင် ကျူမာဆဲလ်တွေ ကျုံ့သွားဖို့၊ သတ်ပြစ်ဖို့အတွက်လည်း ဓါတ်ကင်ခြင်းတွေနဲ့ ဓါတုကုထုံးတွေလည်း လိုအပ်နိုင်ပါတယ်။
လူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့်အိမ်တွင်းဆေးနည်းများ
အရိုးကျူမာကို ရင်ဆိုင်နိုင်စေဖို့ လူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းဆေးနည်းတွေက ဘာတွေလဲ။
အောက်ပါလူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းဆေးနည်းတွေက အရိုးကျူမာကို ရင်ဆိုင်နိုင်စေဖို့ ကူညီပေးပါလိမ့်မယ်။
- ခွဲစိတ်ပြီးနောက်ဆရာဝန်ဖြင့် မကြာခဏပြသပေးပါ။ အရိုးတွေကို ထိခိုက်နိုင်တဲ့ ပြင်းပြင်းထန်ထန်လေ့ကျင့်ခန်းလုပ်ခြင်းကို ရှောင်ကျဉ်ပါ။
- ပြန်လည်ကောင်းမွန်ရန်ကြာချိန်က ကျူမာအမျိုးအစားပေါ်မှာမူတည်ပါတယ်။ ကင်ဆာဆိုရင် ပိုကြာပါတယ်။
- ကင်ဆာအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ထားခြင်းကလည်း အကူအညီဖြစ်နိုင်ပါတယ်။
မေးစရာတွေရှိမယ်ဆိုင် အကောင်းဆုံးဖြေရှင်းနည်းလမ်းတွေကို သိရှိနားလည်စေနိုင်ရန်အတွက် ဆရာဝန်ဖြင့်ဆေးနွေးတိုင်ပင်ပေးပါ။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။