backup og meta

မျှဝေပါ။

သို့မဟုတ် လင့်ခ်ကူးယူမည်

ဦးနှောက်သွေးကြောပေါက် လေဖြတ်ခြင်း (Hemorrhagic stroke )

ဦးနှောက်သွေးကြောပေါက် လေဖြတ်ခြင်း (Hemorrhagic stroke )

လေဖြတ်တယ်ဆိုတဲ့ အသုံးအနှုန်းနဲ့ ကျန်းမာရေးအခြေအနေကို စိမ်းတဲ့သူမရှိလောက်ပါဘူး။ ကိုယ်တစ်ခြမ်းဖြစ်ဖြစ် အောက်ပိုင်းဖြစ်ဖြစ် အားနည်းသွားတာ လှုပ်ရှားလို့ မရတော့တဲ့ ကျန်းမာရေး ပြဿနာလောက် စိတ်ညစ်စရာကောင်းတာမရှိဘူးလေ။

လူတိုင်းတော်တော်များများက လေဖြတ်တယ်လောက်သာ သိထားကြပေမယ့် လေဖြတ်တ ာဘယ်နှစ်မျိုးရှိလဲဆိုတာတော့ သိကြတဲ့သူရှားပါတယ်။ အကြမ်းပြောရမယ်ဆိုရင် လေဖြတ်တာကိ ုအဓိက ၂ မျိုးခွဲလို့ရပါတယ်။

  • Ischaemic stroke – ဦးနှောက်သွေးကြောပိတ်သွားလို့ ဦးနှောက်ဆဲလ်လေးတွေဆီသွေးမရောက်တော့ဘဲ ပုပ်ပြီးလေဖြတ်တာနဲ့
  • Hemorrhagic stroke – ဦးနှောက်သွေးကြော သွေးယိုပြီးထွက်လာတဲ့ သွေးခဲက ဦးနှောက်ဆဲလ်ကိုပိမိပြီး လေဖြတ်တာဆိုပြီး ၂ မျိုးရှိပါတယ်။ ဒီနေ့ပြောပြမယ့် ဆောင်းပါးလေးကတော့ အဖြစ်များတဲ့ Hemorrhagic stroke အကြောင်းပဲ ဖြစ်ပါတယ်။
  • ဦးနှောက်သွေးကြောပေါက် လေဖြတ်ခြင်း (Hemorrhagic stroke )

    ဦးနှောက်သွေးကြောပေါက် လေဖြတ်ခြင်း (Hemorrhagic stroke ) ကို ၂ မျိုးပြန်ခွဲလို့ရပါသေးတယ်။

    • Intracerebral hemorrhage ဦးနှောက်အတွင်းမှာပဲ သွေးယိုတာဖြစ်ပြီး အဖြစ်အများဆုံး Hemorrhagic stroke တစ်မျိုးပါ။
    • Subarachnoid hemorrhage – ဦးနှောက်နဲ့ ဦးနှောက်အမြှေးပါးကြားထဲ သွေးယိုတဲ့ပြဿနာဆိုပြီး ၂ မျိုးခွဲလို့ရပါတယ်။ သူတို့ ၂ မျိုးလုံးက လေဖြတ်ခြင်းဆိုတဲ့ နောက်ဆက်တွဲ ပြဿနာကို ဖြစ်စေမှာ ဖြစ်ပါတယ်။

    ဘယ်သူတွေ ဒီလို သွေးကြောပေါက်လေဖြတ်ခြင်း ဖြစ်နိုင်ချေပိုများလဲ ။ ။

    Intracerebral hemorrhage ဖြစ်ဖို့အလားလာရှိတဲ့သူတွေကတော့

    • သွေးတိုးသမားတွေ – ထိပ်ဆုံက တစ်ပြေးနေတာပါ။ သွေးတိုးကို မှန်မှန်ထိန်းမထားနိုင်ဘဲ ရုတ်တရက်ေသွးပေါင်ချိန်တက်သွားတဲ့အခါ သွေးကြောပေါက်ပြီး လေဖြတ်သွားနိုင်ပါတယ်။
    • Cerebral cavernous malfunctions – ဦးနှောက်ထဲမှာရှိတဲ့ သွေးကြောတွေ ပုံမှန်မဟုတ်တဲ့ပြဿနာရှိတဲ့သူတွေ
    • Arteriovenous malformations (AVMs) – မွေးရာပါ သွေးကြောဆိုင်ရာ ပြဿနာရှိတဲ့သူတွေမှာ မတော်တဆ သွေးကြောပေါက်သွားတာမျိုးပါ။ ဒါပေမယ့် ဒီလိုဖြစ်တာ အတော်တော့ရှားပါတယ်။

    subarachnoid hemorrhage ဖြစ်ဖို့ အလားအလာရှိတဲ့သူတွေကတော့

    • AVMs – သွေးကြောဆိုင်ရာ ပြဿနာရှိတဲ့သူတွေ
    • ခေါင်းကို ထိခိုက်ဒဏ်ရာရသွားတဲ့သူတွေ
    • သွေးကျဲဆေးတွေသောက်နေတဲ့သူတွေ
    • Cerebral aneurysm လို့ခေါ်တဲ့ ဦးနှောက်သွေးကြောဖောင်းပြဿာရှိတဲ့သူတွေက subarachnoid hemorrhagic ပြဿနာပိုဖြစ်နိုင်ပါတယ်။

    လက္ခဏာတွေကတော့

    လေဖြတ်တဲ့လက္ခဏာတွေဖြစ်တဲ့

    • ရုတ်တရက် သတိလစ်သွားတာ
    • ခေါင်းပြင်းထန်စွာကိုက်တာ
    • လမ်းကောင်းကောင်းမလျှောက်နိုင်တော့တာ
    • လက်ချောင်းတွေ ထုံကျင်နေတာ
    • မလှုပ်ရှားနိုင်တော့တာ
    • စကားပြောလို့ မရတော့တာတွေအပြင်

    Hemorrhagic stroke မှန်းသိသာစေတဲ့ လက္ခဏာတွေကတော့

  • ကိုယ်တစ်ခြမ်း ဒါမှမဟုတ် တစ်နေရာတည်း ကွက်ပြီး လှုပ်ရှားလို့မရတာ
  • အလင်းရောင်စူးစူးတွေကို မကြည့်နိုင်တာ
  • လည်ပင်းကြီးက တောင့်ပြီး နာနေတာ
  • လက်ချောင်းတွေ တုန်နေတာ
  • အသက်ရှူသံနဲ့ နှလုံးခုန်သံတွေ ပြင်းနေတာ
  • အစာမျိုချရခက်တာ တွေပဲ ဖြစ်ပါတယ်။
  • ဦးနှောက်သွေးကြောပေါက် သွေးယိုခြင်းကြောင့်ဖြစ်တဲ့ လေဖြတ်ခြင်းက ပြန်ကောင်းနိုင်သေးလား။

    ဦးနှောက်သွေးကြောပေါက်ပြီးလေဖြတ်တဲ့ပြဿနာဟာ ယာယီသာဖြစ်နိုင်သလို တစ်သက်လုံး ပြန်မကောင်းတော့တာ လည်း ဖြစ်သွားနိုင်ပါတယ်။ ဦးနှောက်ဆဲလ်ထဲ သွေးမရောက်တာ ဘယ်လောက်ကြာသွားသလဲနဲ့ ဦးနှောက်ရဲ့ ဘယ်အပိုင်းကိုထိသွားတာလဲပေါ်မှာ မူတည်ပါတယ်။

    လုပ်ကိုလုပ်သင့်တဲ စမ်းသပ်မှုတွေက

    • CT (စီတီ စကင်မ်) – ဦးနှောက်သွေးကြောပေါက်လေဖြတ်ခြင်းကို အမြန်ဆုံးနဲ့ အတိကျဆုံး အဖြေထုတ်ပေးပါတယ်။
    • MRI သံလိုက်စက်ကွင်းပုံရိပ်ဖော်ပြီး ဘယ်အပိုင်းမှာ သွေးကြောပေါက်တာလဲ အဖြေရှာတာ
    • သွေးကျဲေနလားဆိုတာကို သိဖို့ သွေးစစ်မယ်
    • electroencephalogram (EEG) – electrode တွေကိုသုံးပြီး ဦးနှောက်လှိုင်းတွေကို ပုံဖော်တာနဲ့
    • ခါးဆစ်ရို းရိုးတွင်းချဉ်စီဖောက်ပြီး hemorrhagic stroke ဖြစ်နေလား ၊ဘယ်လောက်ပြင်းထန်လဲဆိုတာကို စမ်းသပ်စစ်ဆေးလို့ရပါတယ်။

    ကုသမှု အနေနဲ့ကတော့

    hemorrhagic stroke ဦးနှောက်သွေးကြောပေါက်လေဖြတ်တဲ့ပြဿနာ အသက်အန္တရယ်စိုးရိမ်ရပြီး ဆေးကုသမှု ချက်ချင်းခံယူဖို့လိုတဲ့ ပြဿနာတစ်ခုပါ။ ေလဖြတ်ြခင်းပြဿနာတွေထဲမှာ hemorrhagic stroke ကြောင့်ဖြစ်တာက ၁၅ ရာခိုင်နှုန်းလောက်ရှိပြီး hemorrhagic stroke ကြောင့်ပဲ အသက်ဆုံးရှုံးရတဲ့သူတွေက ၄၀ ရာခိုင်နှုန်းလောက်တောင်ရှိပါတယ်။ ဒါ့ကြောင့် ဆက်ပြီးအသက်ရှင်မလား အသက်ဆုံးရှုံးရမလားဆိုတာက ဆေးကုသမှု ချက်ချင်းခံယူတာ မခံယူတာအပေါ်မှာ မူတည်သွားပါတယ်။

    • အရေးပေါ်ကုသမှုကတော့ ထွက်နေတဲ့သွေးယိုတာကို အချိန်မီထိန်းနိုင်ပြီး ဦးနှောက်ဆဲလ်တွေအပေါ်သက်ရောက်နေတဲ့ဖိအားကို လျှော့ချတာပဲ ဖြစ်ပါတယ်။
    • သွေးကျဲဆေးတွေသောက်နေလို့ရှိရင် ဆေးကိုခဏရပ်ခိုင်းထားမယ်
    • သွေးပေါင်ကျဆေးတွေပေးမယ်
    • ဦးနှောက်ဖိအားကျစေတဲ့ဆေးတွေပေးမယ်
    • သွေးကြောတင်းနေတာကိုလျှော့ချမယ့် ဆေးတွေပေးမယ်
    • တက်နေလို့ရှိရင် အတက်ကျစေမယ့် ကုသမှုတွေ ပေးမယ်

    ဆေးတွေနဲ့ ထိန်းလိုက်လို့ သွေးထွက်တာသက်သာသွားပြီဆိုတာနဲ့

    ထွက်နေတဲ့သွေးတွေကို ခွဲစိတ်ပြီး ပြန်စုပ်ထုတ်တာ၊ ခဲသွားတဲ့ သွေးတွေကိုခွဲစိတ်ပြီး ပြန်ထုတ်တာမျိုးတွေ ဆက်လုပ်ရမှာပါ။

    အရေးပေါ် အခြေအနေကို ထိန်းချုပ်နိုင်ပြီးပြီ၊ လူနာလည်း သက်သာသွားပြီးဆိုတာနဲ့ နောက်ပိုင်းစဉ်းစားရမှာကတော့ rehabilitation ပြန်လည်သန်စွမ်းကြံ့ခိုင်ရေးကို အာရုံစိုက်ရမှာ ဖြစ်ပါတယ်။ နဂိုလို ပုံမှန်ပြန်ဖြစ်ပြီး သန်စွမ်းဖို့အတွက် လိုအပ်တဲ့အချိန်ကတော့ ဦးနှောက်ဘယ်အပိုင်းကိုထိခိုက်သွားတာလဲနဲ့ ဦးနှောက်တစ်ရှူးဘယ်လောက်များများ ထိခိုက်သွားလဲ ဆိုတဲ့အပေါ် မူတည်ပါတယ်။

    Hemorrhagic stroke မဖြစ်အောင်ဘယ်လိုကာကွယ်ရမလဲ။

    သွေးတိုးကြောင့်၊ သွေးတွင်းအဆီဓါတ်များနေတာကြောင့် ဆီးချိုကြောင့် နှလုံးရောဂါကြောင့် ဆေးလိပ်ကြောင့်နဲ့ အဝလွန်တာတွေကြောင့်ဖြစ်ရတာဆိုတော့

    • သွေးတိုးရှိရင် ဆေးပုံမှန်သောက်ပြီ းသွေးပေါင်ကိုထိန်းမယ်
    • သွေးတွင်းအဆီဓါတ်ကို လျှော့ချမယ်
    • ဆီးချိုကိုထိန်းမယ်
    • လေ့ကျင့်ခန်းလုပ်ပြီး ကိုယ်အလေးချိန်ကိုလျှော့ချမယ်
    • ဆေးလိပ်ဖြတ်မယ်ဆိုရင် သွေးကြောပေါက်တာကြောင့်ဖြစ်တဲ့ လေဖြတ်ခြင်းကို ကာကွယ်နိုင်မှာပါ ။ ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    https://www.healthline.com/health/hemorrhagic-stroke

    Accessed Date 16.9.2019

    https://www.medicalnewstoday.com/articles/317111.php

    Accessed Date 16.9.2019

    ယခုပုံစံ

    04/10/2022

    Dr. Thin Yadanar @ Frances မှ ရေးသားသည်။

    မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

    Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။

    avatar

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 04/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ad iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    ad iconadvertisement
    ad iconadvertisement