လူနာသည် အထူးသဖြင့် ခြေသလုံး နှင့်လက် တွင် ကြွက် သားအားနည်းမှုများ ရှိပါက ချက်ချင်း ကျန်းမာရေး စောင့် ရှောက်မှု ရယူရန် လိုအပ်ပါသည်။ Charcot – Marie – Tooth (CMT) လူနာ၏ ဆွေမျိုးများ သည်လည်း ဆရာဝန် နှင့် တွေ့ဆုံကာ အကြံညဏ်များ ရယူသင့်ပါသည်။ CMT သည် မျိုးရိုးလိုက်ပြီး ကာကွယ်၍ မရသောကြောင့် ဖြစ်ပါ သည်။ လူတိုင်းတွင် ရောဂါအခြေအနေသည် ကွဲပြားနိုင်ပါ သည်။ ရောဂါအဖြေရှာမှုများ၊ ကုသမှုများ ပြုလုပ်ရန်နှင့် သင့် အတွက် အကောင်းဆုံး ကုသမှု ရရှိရန် ဆရာဝန်နှင့် အမြဲ တိုင်ပင် ဆွေးနွေးပါ။
အကြောင်းရင်းများ
Charcot Marie Tooth Disease (မျိုးရိုးဗီဇကြောင့်ဖြစ်သော အစွန်အဖျား အာရုံကြောရောဂါ) ကိုဘာတွေကဖြစ်စေသလဲ
Charcot Marie Tooth (CMT) ဖြစ်စေသော အကြောင်း ရင်းသည် မျိုးဗီဇ ဖွဲ့စည်းပုံနှင့် အဓိကမဟုတ်သော အာရုံ ကြောများ၏ လုပ်ငန်းများ ပြောင်းလဲခြင်း ဖြစ်သည်။ ထိုသို့ ပြောင်းလဲခြင်းသည် အာရုံကြော လုပ်ငန်းရောဂါကို ဖြစ်စေ ပြီး ဦးနှောက်မှ လက်မောင်းနှင့် ခြေထောက်တွင် ရှိသော ကြွက်သားများကို ပို့လွှတ်သော အချက်ပြမှုများကို ထိန်းချုပ် ပါသည်။ ရလဒ်အနေဖြင့် ခြေလက်များ အားနည်းပါသည်။ ထို့ အပြင် ခန္ဓါကိုယ် အစိတ်အပိုင်းများမှ တုံ့ပြန်ချက် သည် အာရုံကြော ဗဟိုဌာနသို့ မရောက်သဖြင့် လူနာသည် တောင့် တင်းနေပြီး နာကျင်ခြင်း ပူခြင်းတို့ကို မခံစားနိုင်ပါ။
Risk factors
ငါ့ဆီမှာ Charcot Marie Tooth Disease (မျိုးရိုးဗီဇကြောင့်ဖြစ်သော အစွန်အဖျား အာရုံကြောရောဂါ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ
Charcot Marie Tooth (CMT) ရောဂါသည် မျိုးဗီဇရောဂါ ဖြစ်ပြီး မိသားစုဝင်များတွင် CMT ရှိပါက သင့်တွင် ဖြစ်နိုင်ချေ မြင့်ပါသည်။ လူနာသည် ဆီးချိုသွေးချိုစသော ဓါတ်ပြောင်း လဲမှု ရောဂါများ၊ အခြား အာရုံကြော ရောဂါများ ရှိပါက ရောဂါ လက္ခဏာများကို စောစီးစွာ သိရှိနိုင်ပါသည်။ ဖြစ်နိုင်ချေ မြင့်စေသော အချက်များ မရှိခြင်းသည် သင့်အား ရောဂါ မရနိုင်ဟု မဆိုလိုပါ။ ထိုလက္ခဏာများသည် ကိုးကားချက် သာလျှင် ဖြစ်သည်။ ပိုမိုသော အချက်အလက် များ အတွက် အထူးကု ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေး သင့်ပါ သည်။
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Charcot Marie Tooth Disease (မျိုးရိုးဗီဇကြောင့်ဖြစ်သော အစွန်အဖျား အာရုံကြောရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ
Charcot Marie Tooth ရောဂါသည် လုံးဝပျောက်ကင်း အောင် ကုသ၍ မရပါ။ သို့သော်လည်း ရုပ်ပိုင်းဆိုင်ရာ ကုထုံး သည် ကြွက်သားများ သန်မာလာအောင်နှင့် ခန္ဓါကိုယ် အစွန် များသို့ သွေးလည်ပတ်မှု များအောင် ကူညီပေးနိုင်ပါသည်။
လူနာသည် အရမ်း မဆိုးရွားပါက ကြွက်သားကြော နှင့် အရွတ်များ ထိခိုက်ခြင်း ကာကွယ်ရန် ခြေထောက် ပတ်တီး၊ အထူးပြုလုပ်ထားသော ဖိနပ် အကူအညီ ဖြင့် ပုံမှန် လှုပ်ရှား မှုများ ပြုလုပ်နိုင်ပါသည်။
ဆရာဝန်သည် ထုံကျင်ခြင်း၊ နာကျင်ခြင်း တို့အတွက် အနာပျောက်ဆေးများကို ပေးနိုင်ပါသည်။ ဆရာဝန်သည် အထောက်အကူ ပစ္စည်းများ ထည့်ရန် ခွဲစိတ်ကုသမှုပြုခြင်း ကို အကြံပြုပါမည်။ တစ်ချိန်တည်းမှာပင် လူနာများ လေ့ကျင့် ခန်း ပြုလုပ်ရန် သူတို့၏ စွမ်းရည်ကို မြင့်စေပါသည်။
Charcot Marie Tooth Disease (မျိုးရိုးဗီဇကြောင့်ဖြစ်သော အစွန်အဖျား အာရုံကြောရောဂါ) ကို ဘယ်လိုကုသပါသလဲ
ဆရာဝန်သည် Charcot Marie Tooth ကို အာရုံကြော ထုတ်လွှင့်မှု ပစ္စည်း စစ်ဆေးခြင်းဖြင့် ရောဂါအဖြေရှာနိုင်ပါ သည်။ ထပ်ပေါင်း၍ ဆရာဝန်သည် လျှပ်စစ်စီးမှု စစ်ခြင်း (EMG) သို့မဟုတ် မျိုးဗီဇ သန္ဓေပြောင်းခြင်းကို ရှာဖွေရန် အာရုံကြော တစ်ရှူးစယူခြင်း တို့ကို ပြုလုပ်ပါလိမ့်မည်။ အာရုံ ကြော တစ်ရှူးစယူခြင်းသည် အာရုံကြောကို အဏုကြည့် မှန် ပြောင်းဖြင့် နည်းစနစ်တကျ လေ့လာခြင်းဖြစ်သည်။
လူနေမှုပုံစံ ပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများ
လူနေမှုပုံစံ ပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများ အသုံးပြုခြင်း သည် Charcot Marie Tooth ကို ကုသရာတွင် ဘယ်လို အထောက် အကူပြုနိုင်မလဲ။
အောက်ပါ လူနေမှုပုံစံများ နှင့် အိမ်သုံး ကုထုံးများ သည် Charcot Marie Tooth ကို ထိန်းချုပ်နိုင် ပါသည်။
- ကျန်းမာရေး အခြေအနေနှင့် ရောဂါလက္ခဏာများ တိုးတက်မှုကို စောင့်ကြည့်ရန် ပြန်လည် စစ်ဆေးပြ သမှုများ ပြုလုပ်ပါ။
- ဆရာဝန် ညွှန်ကြားချက်များကို လိုက်နာပါ။ မိမိ သဘောဖြင့် ဆေးသောက်ခြင်း မပြုရ။
- ကောင်းမွန်စွာ နေထိုင်ပါ။
- ဆရာဝန် ပေးသော ဇီဝကမ္မ ကုထုံးနှင့် ပြန်လည်ထူ ထောင်ခြင်း ကိုလိုက်နာလုပ်ဆောင်ပါ။
- ဤရောဂါ အတွေ့အကြုံရှိသော လူများထံမှ အကြံ ညဏ်များ ရယူပါ။
အကယ်၍ သင့်တွင် မေးခွန်းများ ရှိပါက သင့်အတွက် သင့်တော်သော အဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေး တိုင်ပင် သင့်ပါသည်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။