- နေ့ခင်းဘက် အပြင်သွားတဲ့အချိန် ခေါင်းတဆစ်ဆစ်ကိုက်လာတဲ့အခါ အရိပ်ရနိုင်တဲ့ သစ်ပင်၊ အဆောက်အအုံတစ်ခုကို အမြန်ရှာပြီး အရိပ်ထဲဝင်နေပါ။ ခေါင်းကိုက်တာသက်သာပြီဆိုမှ အပြင်ပြန်ထွက်ပြီး သွားစရာရှိတဲ့နေရာကို အမြန်သွားပါ။
- အပြင်သွားတိုင်းလည်း ဦးထုပ်၊ အင်္ကျီလက်ရှည်၊ နေကာမျက်မှန်တို့ကိုဝတ်သွားဖို့ မမေ့ပါနှင့်။ အရိပ်ထဲရောက်တဲ့အခါလည်း အပြင်က အပူတွေကိုစုပ်ထားတဲ့ ဦးထုပ်၊ အင်္ကျီလက်ရှည်၊ တို့ကို ပြန်ချွတ်ပါ။
- ရေများများသောက်ပါ။ ချွေးတွေနဲ့ အတူထွက်သွားတဲ့ ရေနဲ့ဓါတ်ဆားတွေ ခမ်းခြောက်တဲ့အခါ ခေါင်းပိုကိုက်တတ်တာကြောင့် ေနွရာသီမှာ ရေများများသောက်ဖို့လိုအပ်ပါတယ်။
- အရည်ရွှမ်းတဲ့အသီးအနှံတွေ များများစားပါ။ အပူအစပ်တွေ မစားပါနဲ့။ ရေဓါတ်ခမ်းခြောက်ခြင်းကိုဖြစ်စေတဲ့ ကဖင်းဓါတ်များတဲ့ အရက်ကော်ဖီတို့ကို လျှော့သောက်ပါ။
- လေဝင်လေထွက်ကောင်းတဲ့ ချွေးစုပ်တဲ့ ချည်သား အဝတ်အစားကို ဦးစားပေးဝတ်ပါ။
- အပူဒဏ်ကိုအံတုဖို့ အဲယားကွန်းကို အအေးဆုံးဖြစ်နေအောင် ထားမယ့်အစား ကိုယ်ခန္ဓါအတွက် သင့်တော်တဲ့ အပူချိန် ၂၅ ဒီဂရီ စင်တီဂရိတ်ကနေ ၂၇ ဒီဂရီ စင်တီဂရိတ် အတွင်းထားတာ အကောင်းဆုံးပါ။
- နောက်ဆုံး မရတော့တဲ့ အဆုံး အစာအိမ်ရောဂါ မရှိဘူး၊ ခေါင်းကိုက်တာကလည်း ပိုပိုဆိုးလာတယ်ဆိုရင် အကိုက်အခဲ ပျောက်ဆေး တစ်ခုခု သောက်ပါ။
ဒီတော့ နွေရာသီမှာ ခေါင်းပိုကိုက်ကြတယ်ဆိုတာ တိုက်ဆိုင်မှု တစ်ခုမဟုတ်ပါဘူး။ ပြင်းထန်တဲ့အပူချိန်ဟာ ခေါင်းကိုက်ခြင်းဝေဒနာကို အမှန်တကယ်ဖြစ်စေပါတယ်။ ပတ်ဝန်းကျင်မှာဖြစ်နေတဲ့ အပူချိန်ကို ပြောင်းလဲလို့မရပေမယ့် အပူချိန်ကြောင့်ဖြစ်လာတဲ့ ခေါင်းကိုက်ခြင်းကိုတော့ ဖြေရှင်းလို့ရသလို ကြိုတင်ကာကွယ်လို့လည်း ရပါတယ်။
Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။