Migraine ဆိုတာ ပြင်းထန်တဲ့ ခေါင်းတစ်ခြမ်းကိုက်ခြင်းပါ။ ဖြစ်လာရင် တဒိန်းဒိန်းနဲ့ ခေါင်းထိုးနေတာကြောင့် အလုပ်ပျက်အကိုင်ပျက်ဖြစ်တဲ့အထိ ပြင်းထန်တတ်ပါတယ်။ တစ်ခါကိုက်ရင် နာရီပိုင်းလောက်ကနေ ရက်ပိုင်းအထိကြာတတ်ပါတယ်။ မကြာခဏခေါင်းကိုက်တတ်သူတွေ ဒီmigraineရဲ့ ထူးခြားတဲ့လက္ခဏာတွေကို လေ့လာကြည့်ရအောင်။