backup og meta

သတိလက်လွတ် မနေသင့်တဲ့ Dementia ရဲ့ အစောပိုင်း လက္ခဏာများ

အသက် ဘယ်လောက်ရှိပြီလဲ …… ၃၅ နှစ်လား….. ၅၅ နှစ်လား….. ၇၅ နှစ်လား ……. ပြီးရင် နောက်ထပ် မေးစရာ တစ်ခု ရှိနေတာက အိမ်နီးနားချင်းတွေရဲ့ နာမည်တွေနဲ့ သူတို့အိမ်က ခွေးလေး၊ ကြောင်လေးတွေရဲ့ နာမည်တွေကို သေသေချာချာ မှတ်မိရဲ့လား ……. ပြောပြဖို့ တော်တော်လေး စဉ်းစားနေရသလား …..

တစ်ခုခုကို စဉ်းစားလိုက်တိုင်း ပါးစပ်ဖျားတင် မေ့နေတယ်ဆိုပြီး ဖြစ်နေပြီလား ……. ဒါဆိုရင်တော့ နည်းနည်း စိတ်ပူစရာ ကောင်းလာပါပြီ။ လူတွေက အသက် ၃၀ ကျော်လာတဲ့အခါ ဦးနှောက်က တဖြည်းဖြည်းချင်း ကျုံ့လာပါတယ်။ အရမ်းကို နှေးကွေးလှတဲ့ နှုန်းနဲ့ပေါ့။ ဒီ ကျုံ့လာတဲ့ ရလဒ်အနေနဲ့ ဦးနှောက်ရဲ့ လုပ်ဆောင်မှုတွေက နှေးလာပါတယ်။ မေ့တတ်လာပါတယ်။ ကိစ္စတော်တော်များများကို မှတ်လိုက်တယ်ဆိုပေမယ့် ပြန်သတိရဖို့ အတော်လေး အချိန်ယူ စဉ်းစားရပါတယ်။

အသက်အရွယ်ရလာတဲ့အခါ လူတော်တော်များများက Dementiaလို့ခေါ်တဲ့ မှတ်ဉာဏ် နဲ့ ဦးနှောက်ရဲ့ လုပ်ဆောင်မှုက သာမန်အနေအထားထက် ကျော်လွန်ပြီး ကျဆင်းလာတဲ့ အခြေအနေကို ခံစားကြရပါတယ်။

Dementia ဖြစ်တဲ့အခါ ဦးနှောက်ရဲ့ သိမြင်မှုစွမ်းရည် ကောင်းမွန်စေဖို့ လုပ်ဆောင်နေတဲ့ တစ်ခုမကသော ဦးနှောက်ရဲ့ အစိတ်အပိုင်းတွေက စွမ်းဆောင်ရည်တွေ ကျဆင်းသွားပြီး နေ့စဉ်ဘဝမှာ ထိခိုက်တာတွေ ရှိလာပါတယ်။ အစပိုင်းမှာ မှတ်ဉာဏ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ခံစားရတယ်ဆိုပေမယ့် နောက်ပိုင်းမှာ ဘာသာစကားစွမ်းရည် ထိခိုက်တာ၊ အမြင်အာရုံ ထိခိုက်တာ၊ စီမံခန့်ခွဲနိုင်စွမ်း ထိခိုက်တာ၊ လုပ်ငန်းတွေ အများကြီးကို တစ်ချိန်တည်းမှာ စီမံခန့်ခွဲနိုင်တဲ့ စွမ်းရည် ကျလာတာမျိုးတွေ ခံစားရနိုင်ပါတယ်။

Dementiaအမျိုးအစားများ

အသက် ၆၀ နဲ့အထက် လူကြီးပိုင်းတွေရဲ့ ၈၀ ရာခိုင်နှုန်းလောက်က Dementiaရောဂါကို ခံစားနေကြရပါတယ်။ ဒီလို Dementiaကို ခံစားနေရတယ်ဆိုပေမယ့် အမျိုးအစားတွေ မတူကြပါဘူး။ ဒီတော့ Dementia အမျိုးအစားတွေက ဘာတွေ ဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်လား ……

  • Vascular dementia – လေဖြတ်မှုကို အကြိမ်ကြိမ် ခံစားရတာကြောင့် ဦးနှောက်ဆီကို အောက်ဆီဂျင် ရောက်ရှိမှုနည်းတာကြောင့် ဖြစ်ရတဲ့ Dementia အမျိုးအစားပါ။
  • Lewy body dementia–  ဦးနှောက်ထဲမှာ ပုံမှန် မဟုတ်တဲ့ ပရိုတင်းတွေ ဖြစ်ပေါ်တာကြောင့် ဖြစ်ရတဲ့ Dementia အမျိုးအစားပါ။
  • Frontotemporal dementiaကိုယ်ရည်ကိုယ်သွေးနဲ့ အပြုအမူပိုင်းဆိုင်ရာအတွက် လုပ်ဆောင်ပေးနေတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းကို ထိခိုက်တာကြောင့် ဖြစ်ရတဲ့ Dementiaအမျိုးအစားပါ။

တစ်မျိုးထက်မကတဲ့ Dementiaလက္ခဏာကို ခံစားနေရတဲ့အခါမျိုးမှာ mixed Dementiaလို့ ခေါ်ပါတယ်။ အချို့သော သတိမေ့တာ၊ အာရုံတွေ ရှုပ်ထွေးတာက ဗီတာမင် ချို့တဲ့တာ၊ သိုင်းရွိုက်ဂလင်း ပုံမှန် မဟုတ်တာတွေ၊ ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေ၊ စိတ်ဓာတ်ကျတာတွေကြောင့် ဖြစ်ရတာ ဖြစ်ပြီး သေချာ ကုသမှု ခံယူရင် သက်သာပျောက်ကင်းနိုင်ပါတယ်။

သတိလက်လွတ် မနေသင့်တဲ့ Dementia ရဲ့ အစောပိုင်း လက္ခဏာများ

သတိလက်လွတ် မနေသင့်တဲ့ Dementia ရဲ့ အစောပိုင်း လက္ခဏာများ

ရောဂါ အတော်များများမှာ အစောပိုင်း လက္ခဏာတွေရှိသလို Dementiaမှာလည်း အစောပိုင်း လက္ခဏာတွေ ရှိပါတယ်။ Dementia ခံစားနေရပြီဆိုရင် အစောပိုင်း လက္ခဏာအနေနဲ့ အခုလို လက္ခဏာလေးတွေ ခံစားရနိုင်ပါတယ်။

သင်ထားတာတွေကို မေ့လာမယ်

သတင်းအချက်အလက်အသစ်တွေကို မှတ်ထားဖို့ အခက်အခဲရှိလာတယ်။ ဒီလို မေ့လာတာက နေ့စဉ်ဘဝမှာ အနှောင့်အယှက် ဖြစ်လာပါတယ်။ တွေ့ရများတဲ့ လက္ခဏာ အနေနဲ့ ရင်းနှီးရတဲ့ သူငယ်ချင်းတွေ၊ ဆွေမျိုးတွေကို မေးပြီးသား စကားတွေကို ထပ်ခါ ထပ်ခါ မေးမိနေတာပါ။

ဇာတ်လမ်းတွဲတွေကို ကြည့်ပြီးရင် အသေးစိတ် မှတ်မိဖို့ ခက်တာ။ လုပ်ငန်းအသစ်တွေကို လုပ်ဆောင်ဖို့ ခက်ခဲလာတာ၊ အရာရာတိုင်းကို သေသေချာချာ မှတ်မိနိုင်စေဖို့အတွက် သေချာ ရေးမှတ်ထားရတာမျိုးတွေ လုပ်ဆောင်လာရတာပါ။

ငွေကြေးတွေကို စီမံဖို့ ခက်လာမယ်

ငွေကြေးတွေကို စီမံဖို့ ခက်လာတာ၊ ဘေလ်တွေကို အချိန်မီ ပေးဆောင်ဖို့ ပျက်ကွက်လာတာ၊ တိတိကျကျ တွက်ချက် မှတ်မိဖို့ ခက်လာတာ၊ ငွေကြေးတွေကို စိစစ်သုံးစွဲဖို့ ခက်ခဲလာတာတွေက Dementiaရဲ့ အစောပိုင်း လက္ခဏာ တစ်ရပ်ပါ။

သွားနေကျ နေရာတွေကို မသွားတတ်တော့တာ ဖြစ်လာမယ်

မှတ်ဉာဏ် ပျောက်ဆုံးလာတာ၊ အမြင်အာရုံ ထိခိုက်လာတာတွေကြောင့် သိနေကျ အရာတွေကို မေ့တတ်လာပြီး လမ်းလျှောက်သွားရင်း ဖြစ်ဖြစ် ကားမောင်းသွားရင်း ဖြစ်ဖြစ် သွားနေကျနေရာတွေ အကြိမ်ရေ ရာနဲ့ ချီပြီး သွားဖူးတဲ့နေရာတွေကို လမ်းမသိတော့တာမျိုးကလည်း Dementiaရဲ့ အစောပိုင်း လက္ခဏာ တစ်ရပ်ပါ။

ဒိတ်တွေ၊ အချိန်တွေ ရောထွေးလာမယ်

Dementiaကို ခံစားရတဲ့အခါ တစ်နေ့တာရဲ့ အချိန်တွေကို အမှတ်မှားလာတာ၊ ရက်စွဲတွေ၊ လတွေ နှစ်တွေကို မှတ်မိဖို့ ခက်ပြီး လက်ရှိကာလကို မေ့နေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

အမြင်အာရုံ ပြဿနာ ရှိလာမယ်

ဦးနှောက်က အမြင်အာရုံပိုင်းဆိုင်ရာ သတင်းအချက်အလက်တွေကို ပေးပို့နိုင်ဖို့ ခက်ခဲလာတာကြောင့် အမြင်အာရုံနဲ့ ခန့်မှန်းမှုတွေ လွဲချော်ပြီး ချော်လဲကျတာ၊ လွတ်မယ်ထင်ပြီး ဝင်ရင်း မလွတ်ဘဲ ထိခိုက်မိတာတွေ ခံစားလာရနိုင်ပါတယ်။

ပြောနေကျ စကားလုံးတွေ မေ့လာမယ်

Dementiaဖြစ်တဲ့အခါ အချက်အလက်သစ်တွေကို သင်ယူဖို့ ခက်ခဲလာသလို နေ့စဉ် ပြောနေကျ စကားလုံးတွေ ဖြစ်တဲ့ ရေခဲသေတ္တာ၊ အဲလ်ကွန်းလိုမျိုး ပြောနေကျ စကားလုံးတွေကိုပါ မေ့လာတာမျိုး ဖြစ်နိုင်ပါတယ်။

ပစ္စည်းတွေ ပျောက်မယ်

ကားသော့တွေ၊ ရီမုခ်တွေကို အထားမှားတာက လူတိုင်း ဖြစ်နေကျပါ။ သေချာ ဆက်စပ်စဉ်းစားရင် ပြန်တွေ့တာ များပါတယ်။ Dementiaဖြစ်နေမယ်ဆိုရင်တော့ ပစ္စည်းတွေကို ဘယ်နာ ထားမိလဲဆိုတာ ပြန်တွေးမိဖို့ ခက်သလို ပစ္စည်းတွေက ပျောက်ဆုံးသွားတာမျိုးတွေ ဖြစ်လာပါမယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

10 Early Warning Signs of Dementia You Should Never Ignore, According to Experts https://www.prevention.com/health/memory/a36399678/early-warning-signs-of-dementia/?source=nl&utm_source=nl_pnb&utm_medium=email&date=122821&utm_campaign=nl26157330&utm_term=AAA%20–%20High%20Minus%20Dormant%20and%2090%20Day%20Non%20Openers Accessed Date 29 December 2021

Early warning signs https://www.dementia.org.au/about-dementia/health-professionals/dementia-the-essentials/early-warning-signs Accessed Date 29 December 2021

ယခုပုံစံ

20/01/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

Alzheimer’s (အယ်လ်ဇိုင်းမား) ဦးနှောက်လုပ်ဆောင်ပုံများ ချို့ယွင်းလာသည့်ရောဂါအကြောင်း

အယ်လ်ဇိုင်းမားရောဂါ ကာကွယ်ဖို့ ရှောင်ရမယ့် အစားအစာတွေ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 20/01/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။