backup og meta

ကာလတို မှတ်ဉာဏ်ပျောက်ဆုံးခြင်းဆိုတာ ဘာလဲ


Ye Myo Myat မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကာလတို မှတ်ဉာဏ်ပျောက်ဆုံးခြင်းဆိုတာ ဘာလဲ

    အခုလေးတင် မြင်လိုက်၊ ကြားလိုက်၊ လုပ်လိုက်တဲ့အရာတစ်ခုကို ခဏနေတော့ မေ့သွားတာမျိုး ဖြစ်ဖူးလား၊ ကိုယ့်ကိုယ်ကိုယ် သတိထားမိလား။ ဒါဆိုရင်တော့ သင့်မှာ ကာလတို မှတ်ဉာဏ်ပျောက်ဆုံးတဲ့ လက္ခဏာရှိနေနိုင်ပါတယ်။ အသက်ကြီးတဲ့သူတွေ၊ အလုပ်အရမ်းများတဲ့သူတွေမှာတော့ မေ့တတ်တဲ့အကျင့်ရှိတာ သိပ်ပြဿနာမရှိပေမဲ့ ဒါဟာ တခြားသော စိတ်နဲ့ခန္ဓါ ကျန်းမာရေးပြဿနာတွေရဲ့ နောက်ဆက်တွဲ လက္ခဏာလည်း ဖြစ်နိုင်ပါတယ်။

    ကာလတို မှတ်ဉာဏ်ပျောက်ဆုံးခြင်းရဲ့ လက္ခဏာတွေက ဘာတွေလဲ။

    ရုတ်တရက်ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာ၊ အခြေအနေတွေကို မေ့သွားတတ်တာ၊ စဉ်းစားလို့ မပေါ်တော့တာကို ခေါ်တာဖြစ်ပါတယ်။ အတွေ့များတဲ့ ရောဂါလက္ခဏာတွေကတော့

    • မေးပြီးသားမေးခွန်းကို ထပ်ခါတလဲလဲ ပြန်မေးတတ်တာ
    • အခုလေးတင် ထားခဲ့လိုက်တဲ့ ပစ္စည်းကို ဘယ်နားမှာထားခဲ့မှန်း စဉ်းစားရခက်တာ
    • လတ်တလော ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို မေ့လွယ်တာ အစရှိတာတွေပဲ ဖြစ်ပါတယ်။

    ဘာကြောင့် မကြာခဏ မေ့တတ်လာတာလဲ။

    အသက်ကြီးလာတာ၊ အယ်လ်ဇိုင်းမားရောဂါ အစပျိုးလာတာ၊ ဦးနှောက်အကျိတ်၊ ဦးနှောက်တွင်း သွေးထွက်နေတာ သို့မဟုတ် သွေးခဲပြီး ပိတ်ဆို့နေတာ၊ ဦးခေါင်းကို ပြင်းထန်စွာ ထိခိုက်မိတာ၊ ဦးနှောက်တွင်း သို့မဟုတ် ပတ်ပတ်လည်မှာ ရောဂါပိုးဝင်နေတာ၊ စိတ်ကျရောဂါစိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်ခြင်း အစရှိတဲ့ စိတ်ကျန်းမာရေးပြဿနာတွေ၊ ဦးနှောက်တစ်သျှူးကို ထိခိုက်ပျက်စီးစေတဲ့ ပါကင်ဆန်ရောဂါ၊ လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေကို ကိုယ်ခန္ဓါက ပြည့်ဝစွာ မရရှိတာ၊ အိပ်ချိန်နည်းတာ၊ တချို့သော ရောဂါပျောက်ဆေးတွေကြောင့် ကာလတို မှတ်ဉာဏ်ပျောက်ဆုံးခြင်း ဖြစ်နိုင်ပါတယ်။

    ကိုယ့်မှာ ဒီပြဿနာရှိနေပြီဆိုတာ သေချာလား။

    မကြာခဏ မေ့တတ်တယ်ဆိုတာ ကိုယ့်မှာ ဒီပြဿနာရှိတယ်ဆိုတာ ဟုတ်ချင်မှ ဟုတ်မှာပါ။ အကောင်းဆုံးကတော့ ကိုယ်ပုံမှန်ပြနေကျ ဆရာဝန်ဆီမှာ ကိုယ့်ရဲ့ မေ့တတ်တဲ့လက္ခဏာတွေနဲ့ ဖြစ်တာဘယ်လောက်ကြာပြီဆိုတာ ပြောပြဖို့ လိုပါတယ်။

    တစ်ဆက်တည်းမှာပဲ ကိုယ့်ရဲ့ ကျန်းမာရေးနဲ့ နေထိုင်စားသောက်မှုပုံစံ၊ လတ်တလော ဦးခေါင်းနဲ့ ဦးနှောက်ကို ထိခိုက်မိတာ၊ ဖျားနာခြင်းရှိ၊ မရှိ၊ သောက်နေတဲ့ ဆေးဝါးတွေ၊ အရက်ပမာဏ ဘယ်လောက်သောက်လဲ၊ စိတ်ကျန်းမာရေးြပဿနာတွေနဲ့ အိပ်ချိန် မှန်၊ မမှန်ကို ဆရာဝန်ကို မေးသွားမှာဖြစ်ပြီး လိုအပ်ရင် သွေးဖောက်စစ်တာ၊ တခြားကိုယ်တွင်းအင်္ဂါ စစ်ဆေးမှုတွေပါ ပြုလုပ်ပေးသွားမှာပါ။

    ကိုယ့်မှာရှိနေတဲ့ ကျန်းမာရေးပြဿနာတွေနဲ့ ကာလတိုမှတ်ဉာဏ် ပျောက်ဆုံးမှုကို ဖြစ်စေတဲ့ အကြောင်းရင်းကို ရှာဖွေပြီးမှသာ စိတ်ကျန်းမာရေး ဆရာဝန် သို့မဟုတ် ရောဂါအထူးကုဆရာဝန်နဲ့ ပြသဖို့ ညွှန်ပေးမှာ ဖြစ်ပါတယ်။ ကာလတို မှတ်ဉာဏ်ပျောက်ဆုံးမှုကို မကုသဘဲ ပစ်ထားလိုက်မယ်ဆိုရင် သူ့အလိုလို ပျောက်ကင်းသွားတာမျိုး ရှိသလို အယ်လ်ဇိုင်းမားရောဂါ၊ ပါကင်ဆန်ရောဂါလိုမျိုး မှတ်ဉာဏ်နဲ့ အသိစိတ်ပျောက်ဆုံးတဲ့ ပြဿနာတွေပါ ဖြစ်လာနိုင်တာကြောင့် ပေါ့ဆလို့တော့ မဖြစ်ပါဘူး။

    အလွယ်တကူ ကုသလို့ ရတဲ့ အိမ်တွင်းနည်းလမ်းတွေရော ရှိလား။

    ပုံမှန်သတိမေ့တာကိုတော့ ကိုယ့်ရဲ့ နေထိုင်စားသောက်မှုပုံစံကို ပြင်လိုက်ရုံနဲ့ ပျောက်ကင်းသွားစေနိုင်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်ပြီး အာဟာရလည်းရှိတဲ့ အစားအစာတွေကို မျှတစွာ စားသုံးမယ်။ ဆေးလိပ်၊ အရက်၊ ကဖင်းဓါတ်ပါတဲ့ ဖျော်ရည်တွေကို လျှော့သောက်မယ်။ ညဘက်အိပ်ချိန်ဟာ တစ်နေ့ ၇ နာရီအနည်းဆုံး ရှိရမယ်။ တစ်နေရာထဲမှာ မလှုပ်မယှက်နဲ့ အကြာကြီးထိုင်နေတာမျိုးထက် လှုပ်လှုပ်ရှားရှား တက်တက်ကြွကြွဖြစ်အောင် နေရမယ်။ လေ့ကျင့်ခန်းကို ပုံမှန်လုပ်ပေးရမယ်။ ဖြည့်စွက်အားဆေးအနေနဲ့ ငါးကြီးဆီ၊ ဗီတာမင် ဘီ-၁၂ အားဆေးတွေကို သောက်ပေးလို့လည်း ရပါတယ်။ ဦးနှောက်ကို အနားပေးမယ်၊ အားတဲ့အချိန်မှာ ဦးနှောက်အလုပ်လုပ်စေမယ့် ပဟေဠိ ကစားနည်းလေးတွေ ကစားပေးမယ်ဆိုရင် ခဏခဏ မေ့တတ်တဲ့ အကျင့်ကို ပျောက်သွားအောင် ကူညီပေးနိုင်မှာပါ။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement