မှတ်ဉာဏ်ချို့တဲ့ရောဂါကို တိုက်ရိုက် ကာကွယ်ဖို့ခက်ပါတယ် ၊ ဘာကြောင့်လဲဆိုတော့ ဘယ်အချိန်မှာ ဘယ်လို စဖြစ်မလဲဆိုတာကို သိဖို့ ခက်ခဲနေလို့ပါ။ လေဖြတ်ခြင်းကနေ ဖြစ်ပေါ်လာတဲ့ မှတ်ဉာဏ်ချို့တဲ့ခြင်းကိုတော့ လေမဖြတ်အောင် နှလုံးရောဂါနဲ့ လေဖြတ်စေနိုင်တဲ့ အခြေခံအကြောင်းအရင်းတွေကို ရှောင်ရှားရင်းနဲ့ ကြိုတင်ကာကွယ်နိုင်ပါတယ်။