backup og meta

ကိုးချီဘယ်ရီသီးရဲ့ အစွမ်းအာနိသင် (၁၁) မျိုး

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


Aye Thi Mon မှ ရေးသားသည်။ · 2 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုးချီဘယ်ရီသီးရဲ့ အစွမ်းအာနိသင် (၁၁) မျိုး

    ကိုးချီဘယ်ရီသီးရဲ့ အစွမ်းအာနိသင် (၁၁) မျိုး က ဘာတွေ ဖြစ်မလဲ …….ကိုးချီဘယ်ရီသီးဆိုတာ တရုတ်ပြည်မှာဆေးဖက်ဝင်အသီးအဖြစ်သတ်မှတ် စားသုံးကြတဲ့အသီးတစ်မျိုးပါ။ အခုဆိုရင် တရုတ်တင်မကဘဲ ကိုရီးယား၊ဂျပန်၊ဗီယက်နမ်တို့လို အာရှနိုင်ငံတွေမှာလည်းဆေးဖက်ဝင်အသီးအဖြစ်နဲ့ခေတ်စားနေပြီဖြစ်ပါတယ်။မြန်မာမှာတောင် ကိုးချီသီးခြောက်တွေကို ရေနွေးကြမ်းအဖြစ်သောက်သုံးသူများလာပြီး အွန်လိုင်းမှာအရောင်းသွက်နေတဲ့ပစ္စည်းဖြစ်ပါတယ်။ မျက်စိအားကောင်းတယ်၊ အဆီကျတယ်ဆိုတဲ့ကောင်းကျိုးတော့ လူသိများတယ်။ ဆိုတော့ သူ့ရဲ့တခြားကျန်းမာရေးအကျိုးကျေးဇူးတွေကို ဒီဆောင်းပါးမှာဖော်ပြချင်လို့ပါ။

    ကိုးချီဘယ်ရီသီးရဲ့ အစွမ်းအာနိသင် (၁၁) မျိုး

    ကိုးချီဘယ်ရီသီးရဲ့ အစွမ်းအာနိသင် (၁၁) မျိုး ကတော့

    (၁) ဆီးချိုသွေးချိုကာကွယ်တယ်

    ကိုးချီသီးမှာပါတဲ့ သွေးတွင်းသကြားဓါတ်ကိုကျစေတဲ့အာနိသင်ကြောင့် ဆီးချိုရောဂါကိုကာကွယ်တယ်၊ ရှိပြီးသားလူတွေမှာလည်း ဆီးချိုမတက်အောင် ကာကွယ်ပေးတယ်။

    (၂) ကိုလက်စထရောကျစေတယ်

    သွေးကြောတွေမှာ ကပ်တွယ်ပြီး ဒုက္ခပေးနိုင်တဲ့ မကောင်းတဲ့ ကိုလက်စထရောဓါတ်တွေကို ကိုးချီသီးကလျော့ပါးစေနိုင်ပါတယ်။

    (၃) ကင်ဆာကာကွယ်တယ်

    သူ့မှာပါတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေက free radicalsတွေကို ဓါတ်ပြယ်စေပြီး ကင်ဆာကာကွယ်ပေးတဲ့အပြင် ကိုယ်ခံအားကိုပါတိုးစေပါတယ်။

    (၄) နှလုံးသွေးကြောကျဉ်းခြင်းကာကွယ်ပေးတယ်

    သူ့ရဲ့ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေက free radicalတွေကြောင့်နှလုံးကိုမထိခိုက်အောင်ကာကွယ်ပေးနိုင်တော့ နှလုံးရောဂါရှိသူတွေ စားသုံးဖို့လည်းသင့်တော်ပါတယ်။

    (၅) စိတ်ကြည်စေတယ်

    ကိုးချီသီးရဲ့အကျိုးကျေးဇူးတွေထဲမှာ စိတ်ကျန်းမာရေးအတွက်ပါ ပါဝင်ပါတယ်။ စိတ်ဖိစီးမှုကို လျော့စေပြီး ခေါင်းကြည်စေပါတယ်။ အာရုံကြော်စနစ်နဲ့ စိတ်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်တွေ ပိုကောင်းစေပါတယ်တဲ့။

    (၆) ဦးနှောက်ကျန်းမာရေးအတွက် ကောင်းတယ်

    ကိုးချီလေးတွေက ဦးနှောက်အာရုံကြော လုပ်ဆောင်ချက်တွေကို သိသိသာသာ ကောင်းမွန်စေနိုင်ပြီး ဦးနှောက်ဆဲလ်တွေကို အားဖြည့်ပေးပါတယ်။ အရွယ်တင်နုပျိုစေတဲ့ အစွမ်းလည်း ရှိတော့ လူကြီးပိုင်းတွေ အတွက်ပါ အသုံးဝင်တဲ့ ဆေးတစ်မျိုး ဖြစ်နေပါတယ်။

    (၇) အသည်းမပျက်စီးအောင် ကာကွယ်ပေးတယ်

    ကိုးချီသီးကို တရုတ် တိုင်းရင်းဆေးမှာဆိုရင် အသည်းရောဂါတွေ ကုသတဲ့ ဆေးအဖြစ် ဖော်စပ်အသုံးပြုကြတာ ဖြစ်ပါတယ်။ Free radicalsတွေ ရန်က ကာကွယ်ပေးပြီး အသည်းကျန်းမာရေးကို ထိန်းသိမ်းကာကွယ်နိုင်စွမ်း ရှိပါတယ်။

    (၈) အသားအရေလှတယ်

    ခရမ်းလွန်ရောင်ခြည်ကြောင့် ဖြစ်လာတဲ့ အသားအရေ ထိခိုက်ပျက်စီးမှုတွေကို ကိုးချီသီးက ကုစားပေးနိုင် ပါတယ်။ အသားအရေမှာ ဖြစ်တဲ့ရောင်ရမ်းမှုတွေ၊ ပျက်စီးမှုတွေကို ဓါတ်တိုးဆန့်ကျင် အာနိသင်နဲ့ ကူညီကုသပေးနိုင်တာ ဖြစ်ပါတယ်။

    (၉) အိပ်လို့ကောင်းစေမယ်

    ညအိပ်မပျော်ဘူး၊ မျက်စိကြောင်တာတွေ ဖြစ်နေတယ်ဆို ကိုးချီသီး လက်ဖက်ရည်ကြမ်းလေး သောက်ရင် ကောင်းကောင်း အိပ်ပျော်စေပြီး စိတ်ဖိစီးမှုတွေကို လျော့ပါးစေပါတယ်။

    (၁၀) သုက်ပိုးအရေအတွက်တိုးစေတယ်

    ကိုးချီသီးကို တရုတ်ပြည်မှာ ကျားအားတိုးဆေး အဖြစ် အသုံးပြုကြ ပါတယ်။ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်ကြောင့် သုက်ပိုး ပမာဏကို တိုးစေတာ ဖြစ်ပါတယ်။

    (၁၁) မျက်စိအားကောင်းစေတယ်

    ကိုးချီသီးကြောင့် အမြင်အာရုံ ပိုကောင်းစေပြီး မျက်မှန် လွတ်စေတယ်လို့ နာမည်ကြီး ပါတယ်။ ဓါတ်တိုးဆန့်ကျင် ပစ္စည်းတွေက မျက်စိတိမ်စွဲခြင်းတွေနဲ့ မျက်စိ ဝေဒနာတွေ အားလုံးကို ကာကွယ်ပေးပါတယ်။

    ဒီအချက်တွေတော့ မှတ်ထားပေးပါ

    ကိုးချီဘယ်ရီသီးက ကောင်းကျိုးတွေ များပေမယ့် ပဋိဇီဝဆေးတွေ၊ ပိုးသတ်ဆေးတွေ၊ ကင်ဆာဆေးတွေ၊ စိတ်ကျရောဂါ သောက်ဆေးတွေ၊ နှလုံးနဲ့ သွေးတိုးဆေးတွေ၊ ဟော်မုန်းဆေးတွေ၊ အရိုးပွရောဂါ သောက်ဆေး တချို့နဲ့ ဓါတ်ပြုတုံ့ပြန်နိုင် ပါတယ်။ ဒါ့ကြောင့် ဘယ်ဆေးနဲ့ဖြစ်ဖြစ် အချိန် ခြားပြီး သောက်တာ ကောင်းပါလိမ့်မယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Htet Htet Zaw Win

    အထွေထွေရောဂါကုဆရာဝန် · HHG


    Aye Thi Mon မှ ရေးသားသည်။ · 2 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement