brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

သွေးဖြူဥဆဲလ် ရောဂါ (White Blood Cell Disorder)

သွေးဖြူဥဆဲလ် ရောဂါ (White blood cell disorders) ဆိုတာ ခန္ဓာကိုယ်ထဲမှာ သွေးဖြူဥဆဲလ် (WBCs or leukocytes) အရေအတွက် အရမ်းနည်းနေတာ ဒါမှမဟုတ် အရမ်းများနေတဲ့ အခြေအနေပါ။ သွေးဖြူဥဆဲလ်ဆိုတာက သွေးထဲမှာပါဝင်နဲ့ သွေးဆဲလ် ၄ မျိုးထဲက တစ်မျိုးပါ။

သွေးဖြူဥဆဲလ် ရောဂါ (White Blood Cell Disorder)

သွေးဖြူဥဆဲလ်တွေက ရိုးတွင်းခြင်ဆီထဲကနေ ဖြစ်လာတဲ့ သွေးဆဲလ်တွေပါ။ သွေးဖြူဥဆဲလ်တွေက ရောင်ရမ်းမှုကို တုံ့ပြန်ပေးပြီး ကိုယ်ခံအားစနစ် အနေနဲ့ကူးစက်ရောဂါတွေကို တိုက်ဖျက်ပေးဖို့ လုပ်ဆောင်ရာမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။

သွေးဖြူဥဆဲလ် ရောဂါလို့ ဆိုတဲ့နေရာမှာ autoimmune neutropenia လိုမျိုး သိပ်မပြင်းထန်တဲ့ အဆင့်ကနေ သွေးကင်ဆာလိုမျိုး အရမ်းပြင်းထန်တဲ့ အဆင့်အထိ ဖြစ်နိုင်ပါ။ ဒီအခြေအနေတွေက ကလေးတွေမှာရော လူကြီးတွေမှာပါ ခံစားရနိုင်ပါတယ်။

သွေးဖြူဥဆဲလ် ပမာဏ မြင့်တက်နေတာက ပုံမှန်အားဖြင့်တော့ မသိနိုင်ပါဘူး။ ရောဂါတစ်ခုခု ခံစားရတာ၊ ရောင်ရမ်းတာ၊ ကူးစက်ရောဂါ တစ်ခုခု ကူးစက်ခံရတာလိုမျိုး အခြေအနေတွေ ခံစားရမှ သွေးဖြူဥဆဲလ် အရေအတွက် ပုံမှန် မဟုတ်တာကို သိရတာပါ။

သွေးဖြူဥဆဲလ်တွေ ပုံမှန် မဟုတ်တဲ့အခါ ဘယ်လိုလက္ခဏာတွေ ခံစားရနိုင်လဲ

သွေးဖြူဥဆဲလ်တွေ ပုံမှန် မဟုတ်တဲ့အခါ ဘယ်လိုလက္ခဏာတွေ ခံစားရနိုင်လဲ

သွေးဖြူဥဆဲလ်တွေ ပုံမှန် မဟုတ်တဲ့အခါ တစ်ယော်ကနဲ့ တစ်ယောက် ခံစားရတဲ့ လက္ခဏာတွေ ကွာခြားနိုင်ပါတယ်။ ဒါပေမယ့် များသောအားဖြင့်ကတော့

ခန္ဓာကိုယ်ထဲက အဓိကကျတဲ့ သွေးဖြူဥဆဲလ် အုပ်စု (၅) ခု

  • Neutrophils –  ဘက်တီးရီးယားပိုးဝင် ကူးစက်မှုကို တိုက်ဖျက်ပေးတဲ့ သွေးဖြူဥဆဲလ်
  • Lymphocytes – Immune antibodies ထုတ်ပေးပြီး ခန္ဓာကိုယ်ထဲကို ကျူးကျော်ဝင်ရောက်လာတဲ့ ဘက်တီးရီးယား၊ ဗိုင်းရပ်စ် နဲ့ ကင်ဆာဆဲလ်တွေကို တိုက်ဖျက်ပေးဖို့ လုပ်ဆောင်ပေးတဲ့ ကိုယ်ခံအားဆဲလ်
  • Monocytes – သေဆုံးသွားတဲ့ ဆဲလ်တွေနဲ့ သွေးထဲက အညစ်အကြေးတွေကို ဖယ်ရှားပေးပြီး ကိုယ်တွင်းဝင်ရောက်လာတဲ့ ရောဂါပိုးတွေကို သိရှိစေဖို့ လုပ်ဆောင်ပေးတဲ့ သွေးဖြူဥဆဲလ်
  • Eosinophils: ဓာတ်မတည့်မှုတွေနဲ့ ကူးစက်ရောဂါ ဖြစ်စေနိုင်တဲ့ ကပ်ပါးပိုးတွေကို တိုက်ဖျက်ပေးတဲ့ သွေးဖြူဥဆဲလ်
  • Basophils: ရောင်ရမ်းမှုတွေကို တိုက်ဖျက်ပေးတဲ့ သွေးဖြူဥဆဲလ်

သွေးဖြူဥဆဲလ် ရောဂါကို ဖြစ်စေတဲ့ အဓိက အကြောင်းအရင်း ၂ ခု ရှိပါတယ်။ တစ်ခုကတော့

  • သွေးဖြူဥဆဲလ် များခြင်း (proliferative disorders) နဲ့
  • သွေးဖြူဥဆဲလ် နည်းခြင်း (leukopenias) တို့ပါ။

အဖြစ်များတဲ့ သွေးဖြူဥဆဲလ် ရောဂါတွေကတော့

  • Leukocytosis – သွေးဖြူဥဆဲလ် အရေအတွက်များတဲ့ အခြေအနေ တစ်ရပ်ပါ။ ဘက်တီးရီးယား နဲ့ ဗိုင်းရပ်စ်တွေ ဝင်ရောက်ကူးစက်တာ၊ အချို့သော ဆေးဝါးတွေ၊ ဓာတ်မတည့်မှု၊ autoimmune disorders၊ မျိုးဗီဇ၊ ဆေးလိပ်သောက်တာ၊ ဓာတုပစ္စည်းတွေနဲ့ ထိတွေ့တာ၊ ဓာတ်ရောင်ခြည်သင့်တာတွေကြောင့် ခံစားရနိုင်ပါတယ်။
  • Leukemia သွေးကင်ဆာ) – ရိုးတွင်းခြင်ဆီကနေ ထုတ်လိုက်တဲ့ သွေးဖြူဥဆဲလ်တွေမှာ ကင်ဆာဖြစ်စေနိုင်တဲ့ဆဲလ်တွေ ပါဝင်နေတာပါ။ မျိုးဗီဇ၊ ဆေးလိပ်သောက်တာ၊ ဓာတုပစ္စည်းတွေနဲ့ ထိတွေ့တာ၊ ဓာတ်ရောင်ခြည်သင့်တာတွေကြောင့် ခံစားရနိုင်ပါတယ်။
  • Autoimmune neutropenia – ဒီအခြေအနေမှာတော့ခန္ဓာကိုယ်က ရောဂါပိုးတွေကို တိုက်ထုတ်ပေးတဲ့ သွေးဖြူဥဆဲလ်တွေကို တိုက်ခိုက်ဖျက်စီးဖို့အတွက် antibodies တွေ ထုတ်လုပ်တာပါ။ ရောဂါအခံ တစ်ခုခုကြောင့် ဖြစ်နိုင်ပါတယ်။
  • Severe congenital neutropenia – မျိုးဗီဇပြောင်းလဲမှုကြောင့် ဒီအခြေအနေကို ခံစားရနိုင်ပါတယ်။
  • Cyclic neutropenia – မျိုးဗီဇပြောင်းလမြငကြောင့်ဖြစ်တဲ့ သွေးဖြူဥဆဲလ် ရောဂါ တစ်မျိုးပါ။
  • Chronic granulomatous disease – သွေးဖြူဥဆဲလ်တွေ လုပ်ငန်းဆောင်တာများကို ကောင်းကောင်း မလုပ်ဆောင်နိုင်တဲ့ အခြေအနေတစ်ရပ်ပါ။
  • Leukocyte adhesion deficiencies (LAD syndromes) – ဒီအခြေအနေက ရှားပါးတဲ့ မျိုးဗီဇ ဆိုင်ရာ ကျန်းမာရေး ပြဿနာ တစ်ရပ်ပါ။ သွေးဖြူဥဆဲလ်တွေက ရောဂါပိုး ဝင်ရောက်ကူးစက်နေတဲ့နေရာကို မရောက်ရှိနိုင်တဲ့ အခြေအနေပါ။

ဘယ်လို သိရှိနိုင်မလဲ။

ဘယ်လို သိရှိနိုင်မလဲ။

ပုံမှန်အားဖြင့်ကတော့ သွေးဖြူဥဆဲလ်တွေ နည်းနေတာ။ များနေတာကို အလွယ်တကူ မသိနိုင်ပါဘူး။ ခဏခဏ ဖျားတာ။ ပိုးဝင်ကူးစက်ခံရမှု မကြာခဏ ဖြစ်တာတွေကနေတဆင့် စစ်ဆေးမှုကနေမှ သိရှိနိုင်မှာပါ။

ဓာတ်ခွဲခန်းမှာ သွေးဖြူဥဆဲလ် အရေအတွက်ကို စစ်ဆေးမှုကနေတဆင့် သိရှိနိုင်ပါတယ်။

ပုံမှန် ရှိသင့်တဲ့ သွေးဖြူဥဆဲလ် အရေအတွက်

ကျန်းမာတဲ့သူ တစ်ဦးမှာ ပုံမှန်ရှိသင့်တဲ့ သွေးဖြူဥဆဲလ် အ​ရေအတွက်

  • အမျိုးသား – 5,000 to 10,000 WBC per microliter of blood
  • အမျိုးသမီး –  4,500 to 11,000 WBC per microliter of blood
  • ကလေး – 5,000 to 10,000 WBC per microliter of blood
  • ၂ ပတ်အောက်အရွယ် မွေးကင်းစ ကလေးငယ် – 9,000 to 30,000 WBC per microliter of blood

ဘယ်လိုကုသမှု ခံယူရမလဲ

  • ကူးစက်ရောဂါတွေကို ကာကွယ် ကုသဖို့အတွက် ပဋီဇီဝ ပိုးသတ်ဆေးတွေ သောက်ဖို့ လိုပါမယ်။
  • ရိုးတွင်းခြင်ဆီကနေ သွေးဖြူဥဆဲလ်တွေ ထုတ်လုပ်အောင် လှုံ့ဆော်ပေးမယ့် ဆေးဝါးများ သောက်သုံးရပါမယ်။
  • ပင်မဆဲလ် အစားထိုးကုသမှု ခံယူရပါမယ်။

Takeaways

သွေးဖြူဥဆဲလ်ရောဂါတွေက တစ်ယောက်နဲ့တစ်ယောက် ခံစားရတဲ့ အတိုင်းအတာ မတူတာမျိုးရှိ နိုင်ပါတယ်။ များသောအားဖြင့်ကတော့ ဒီ ကျန်းမာရေးပြဿနာက နာတာရှည် ကျန်းမာရေး ပြဿနာဖြစ်ပြီး ကျန်းမာရေး စောင့်ရှောက်မှုကို သေချာလေး ခံယူဖို့ လိုပါမယ်။

ပင်ပန်းနွမ်းနယ်တာက သွေးဖြူဥဆဲလ် ရောဂါရဲ့ လက္ခဏာတစ်ရပ် ဖြစ်နေနိုင်တာကြောင့် ခန္ဓာကိုယ်ရဲ့ အချက်ပြမှုတွေကို နားထောင်ပြီး သေချာလေး အနားယူဖို့ လိုပါမယ်။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 06/12/2021 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။