သွေးရောဂါ အမျိုးအစားများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 19, 2021 . 3 mins read
Share now

ခန္ဓာကိုယ်မှာ သွေးဆဲလ်တွေက သွေးနီဥရယ်၊ သွေးဖြူဥရယ်၊ သွေးဥမွှားရယ်ဆိုပြီး ၃မျိုး ရှိပါတယ်။ ဒါ့ပြင် သွေးခဲဖို့ ကူညီပေးတဲ့ သွေးခဲပစ္စည်း (clotting factors) ဆိုတာတွေလည်း ပါပါတယ်။ သွေးတွေက ခန္ဓာကိုယ်တစ်ခုလုံးကို စီးဆင်းနေတဲ့အတွက် သွေးရောဂါ က လက္ခဏာပြတဲ့အခါ တစ်ကိုယ်လုံးမှာ လက္ခဏာပြနိုင်ပါတယ်။ ရောဂါဖြစ်တဲ့ သွေးဆဲလ်ပေါ်မူတည်ပြီး လက္ခဏာလေးတွေ အနည်းငယ် ကွာခြားနိုင်ပါတယ်။

သွေးရောဂါ အမျိုးအစားများ

သွေးရောဂါတွေကို ဖြစ်တဲ့ သွေးဆဲလ်ပေါ်မူတည်ပြီး အကြမ်းဖျင်း ၄မျိုး ခွဲလို့ ရပါတယ်။

ဒါတွေအပြင် သွေးဖြူဥတွေများတာ၊ သွေးဆဲလ်ရဲ့ ပရိုတိန်းတွေ ပုံမှန်မဟုတ်တာ (ဥပမာ သာလာဆီးမီးယား) စတဲ့ သွေးရောဂါတွေလည်း ရှိပါတယ်။

သွေးရောဂါအမျိုးအစားနဲ့ လက္ခဏာများ

သွေးရောဂါ အမျိုးအစားတွေက သွေးဆဲလ်တွေ များတာ၊ နည်းတာ၊ ပရိုတင်းတွေ ပုံမှန်မဟုတ်တာ၊ သွေးခဲစေတဲ့ ပစ္စည်းတွေ ပုံမှန်မဟုတ်တာ စသဖြင့် ဖြစ်တဲ့အမျိုးအစားပေါ် မူတည်ပြီး လက္ခဏာတွေ ကွာခြားသွားပါတယ်။ တချို့ရောဂါတွေမှာ လက္ခဏာတွေက ချက်ချင်းပေါ်ပေမယ့် တချို့ရောဂါတွေမှာတော့ ဖြည်းဖြည်းချင်းပဲ ပေါ်လာပါတယ်။ ဥပမာ ပြောရရင်

  • သွေးအားနည်းရောဂါ

-ခြေလက်တွေ အမြဲလိုလို အေးနေတာ

-အသားအရောင် ဖြူဖျော့နေတာ

-နုံးပြီး အားမရှိသလို ဖြစ်နေတာ

-ဆံပင်တွေကျွတ်တာ၊ လက်သည်းတွေ ကျိုးလွယ်တာ

-ခေါင်းမူးတာ

-မောတာ၊ ရင်တုန်တာ စတာတွေက အတွေ့ရများတဲ့ လက္ခဏာတွေပါ။

သွေးရောဂါ အမျိုးအစားများ

  • သွေးထွက်လွယ်ရောဂါ

-သွားဖုံးသွေးယိုတာ

-သွေးထွက်လွယ်တာ၊ အညိုအမည်းစွဲလွယ်တာ

-နှာခေါင်းသွေးယိုတာ

-ရာသီသွေးဆင်းများတာ စတာတွေပဲ ဖြစ်ပါတယ်။

  • သွေးခဲရောဂါ

သွေးခဲရောဂါက ခန္ဓာကိုယ်ရဲ့ နေရာအနှံ့မှာ ဒုက္ခပေးနိုင်ပါတယ်။ ဥပမာ ဦးနှောက်၊ နှလုံး၊ အဆုတ်၊ ဝမ်းဗိုက်၊ ခြေလက် စတဲ့ နေရာတွေပါ။ အဖြစ်များတဲ့ လက္ခဏာတွေကတော့

-ဗိုက်အောင့်တာ၊ ပျို့အန်တာ၊ ဝမ်းလျှောတာ

-ရင်ဘတ်အောင့်တာ

-ခေါင်းကိုက်တာ၊ နုံးတာ၊ အမြင်ဝါးတာ

-မောတာ

-ခြေလက်မှာ ရောင်ရမ်းနာကျင်တာ၊ ထိကြည့်ရင် ပူနေတာ

  • သွေးကင်ဆာ

သွေးကင်ဆာတွေထဲမှာ အတွေ့ရအများဆုံးကတော့ လူကီးမီးယားသွေးကင်ဆာနဲ့ ပြန်ရည်ကျိတ်ကင်ဆာ (lymphoma) တို့ပဲ ဖြစ်ပါတယ်။

-အဆစ်တွေနာတာ

-နုံးပြီး အားမရှိသလို ခံစားရတာ

-ချမ်းတုန်ဖျားပြီး ညဘက်တွေမှာ ချွေးစေးပြန်နေတာ

-မကြာခဏ ပိုးဝင်တာ (ဥပမာ အဆုတ်ပိုးဝင်တာ၊ ဝမ်းလျှောတာ)

-ပြန်ရည်ကျိတ်တွေ ကြီးတာ စတာတွေ အတွေ့များပါတယ်။

သတိထားရမယ့် အရေးပေါ်လက္ခဏာများ

သွေးရောဂါအခံရှိသည် ဖြစ်စေ၊ မရှိသည်ဖြစ်စေ အောက်က လက္ခဏာတွေ ပေါ်လာရင် ဆေးရုံ၊ ဆေးခန်းကို သွားပြီး ကုသမှု ခံယူသင့်ပါတယ်။ တချို့က ဒီလက္ခဏာရှိလို့ စစ်ဆေးကြည့်လိုက်မှ သွေးရောဂါရှိမှန်း သိကြတာပဲ ဖြစ်ပါတယ်။

-သွေးထွက်တဲ့နေရာကို အချိန်အတော်ကြာ ဖိထးတာတောင် သွေးမတိတ်သွားခြင်း

-ရင်ဘတ်အောင့်ခြင်း၊ ရင်တုန်ခြင်း

-ခေါင်မူးခြင်း၊ ရုတ်တရက် သတိလစ်သွားခြင်း

-အမြင်အာရုံ ဝေဝါးခြင်း၊ မျက်နှာရွဲ့သွားခြင်း၊ ကိုယ်တစ်ခြမ်းသေသွားခြင်း

-ချောင်းဆိုးသွေးပါ၊ ဝမ်းထဲသွေးပါ၊ အန်တဲ့အခါ သွေးပါလာခြင်း

ဒီလက္ခဏာတွေရှိနေရင် သွေးရောဂါ ဒါမှမဟုတ် တခြား ရောဂါတစ်မျိုးမျိုး ဖြစ်နိုင်တဲ့အတွက် စိတ်ချရအောင် ဆေးစစ်ထားသင့်ပါတယ်။ ရောဂါစောစောသိထားတာက ဆေးကုတဲ့နေရာမှာ အများကြီး အထောက်အကူဖြစ်ပါတယ်။

သွေးရောဂါ တွေက ဘာကြောင့် ဖြစ်လာရသလဲ။

သွေးရောဂါတွေ ဖြစ်ရတဲ့အကြောင်းရင်းက အမျိုးစုံရှိပါတယ်။ ဥပမာ

-တချို့သွေးရောဂါတွေက မျိုးရိုးလိုက်တတ်ပါတယ်။ မိဘတွေမှာ သွေးရောဂါပါလာရင် သားသမီးဆီကို လက်ဆင့်ကမ်းနိုင်ပါတယ်။ (ဥပမာ ဟေမိုဖီးလီးယား၊ သာလဆီးမီးယား)

-တချို့သွေးရောဂါတွေက သွေးဆဲလ်တွေ၊ သွေးဆဲလ်တွေ ထုတ်တဲ့ နေရာကို ထိခိုက်စေတဲ့ ကိုယ့်ရဲ့ စားသောက်နေထိုင်ပုံကြောင့်ပါ။ ဥပမာ သွေးဆဲလ်ထုတ်တဲ့ ရိုးတွင်းခြင်ဆီကို ထိခိုက်စေနိုင်တဲ့ ဆေးဝါးတွေ သောက်တာ၊ အာဟာရလုံလောက်အောင် မစားလို့ သွေးအားနည်းတာ။

-တချို့သော မျိုးဗီဇပြောင်းလဲမှုတွေကလည်း သွေးရောဂါတွေကို ဖြစ်စေနိုင်ပါသေးတယ်။ ဥပမာ ချို့ယွင်းနေတဲ့ ဗီဇကို ဆက်ခံမိတာဖြစ်ဖြစ်၊ ကိုယ့်ဗီဇကိုက အလိုလို ချို့ယွင်းသွားတာဖြစ်ဖြစ် သွေးကင်တာဖြစ်နိုင်ခြေ များစေပါတယ်။

ဘယ်သူတွေက သွေးရောဂါ ပိုဖြစ်နိုင်သလဲ။

ဒါကတော့ ရောဂါပေါ်မူတည်ပြီး ကွာနိုင်ပါတယ်။ မျိုးရိုးလိုက်တဲ့ ရောဂါတွေဆို မိဘမောင်နှမတွေထဲမှာ ရောဂါသည်ရှိရင် ပိုဖြစ်နိုင်ပါတယ်။ ဒီလိုပဲ မိသားစုထဲမှာ သွေးကင်ဆာ ဖြစ်တဲ့သူရှိနေရင် ကိုယ်က သူများတွေထက်တောင် ဖြစ်နိုင်ခြေများနိုင်တာ ပုံမှန်ပါပဲ။ သွေးရောဂါဖြစ်နိုင်ခြေကို မြင့်စေတဲ့ တခြားအချက်တွေကတော့

  • အသက်ကြီးလာတာ
  • ခုခံအားတုံ့ပြန်ပုံ မူမမှန်တဲ့ ရောဂါတစ်ခုခု ဖြစ်နေတာ
  • ရိုးတွင်းခြင်ဆီကို ဆေးဝါးတွေ၊ ဓာတုပစ္စည်းတွေနဲ့ ထိတွေ့မှုများတာ
  • အသည်း၊ ကျောက်ကပ်နဲ့ သိုင်းရွိုက်ရောဂါရှိနေတာ
  • အာဟာရချိုတဲ့တာ
  • ကိုယ်ဝန်ဆောင်၊ အဝလွန်သူ၊ နှလုံးရောဂါရှိသူ၊ သွေးတိုးရှိသူ၊ သွေးတွင်းအဆီဓာတ်များသူ၊ ဆေးလိပ်သောက်သူ
  • ခွဲစိတ်ပြီး အကြာကြီး အိပ်ရာထဲ လှဲနေသူ စတာတွေက သွေးရောဂါဖြစ်နိုင်ခြေ များစေတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

သွေးရောဂါတွေကို ဘယ်လိုကုသနိုင်သလဲ။

  • သွေးအားနည်းရောဂါ

သွေးအားနည်းရောဂါကို ကုသမယ်ဆိုရင် အရေးကြီးဆုံးက ဘာကြောင့် သွေးအားနည်းတာလည်းဆိုတာကို ရှာဖို့ပါပဲ။ သွေးအားနည်းစေတဲ့ အကြောင်းရင်းက အများကြီးရှိတာကြောင့် အကြောင်းရင်းကို မကုဘဲ သွေးအားနည်းတာကိုပဲ ကုမယ်ဆိုရင် ထပ်ခါ ထပ်ခါ ပြန်ဖြစ်နေဦးမှာပါ။

ဥပမာ သံဓာတ်ချို့တဲ့လို့ သွေးအားနည်းတာဆိုရင် သံဓာတ်အားဆေးတွေ၊ သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို စားပေးရမှာပါ။ ရိုးတွင်းခြင်ဆီ ပျက်စီးလို့ သွေးဆဲလ်မထုတ်နိုင်တဲ့ ရောဂါကြောင့် သွေးအားနည်းတာဆိုရင် ရိုးတွင်းခြင်ဆီအစားထိုးတာမျိုး လုပ်ရမှာပါ။

သွေးရောဂါ အမျိုးအစားများ

  • သွေးမတိတ်ရောဂါ

သွေးမတိတ်ရောဂါဆိုရင်တော့ ဖြစ်တဲ့ရောဂါပေါ်လိုက်ပြီး ဆေးဝါးတွေ ပေးတာ၊ သွေးတိတ်စေတဲ့ ပစ္စည်းတွေ သွင်းပေးတာနဲ့ ကုသပါတယ်။

  • သွေးခဲရောဂါ

သွေးခဲရောဂါဆိုရင်တော့ သွေးကျဲဆေးတွေ၊ သွေးခဲပျော်ဆေးတွေနဲ့ ကုသပါတယ်။ သွေးကျဲဆေးက သွေးတွေ ခဲမလာအောင်၊ သွေးခဲတွေ ကြီးမလာအောင် တားဆီးပေးနိုင်ပါတယ်။ သွေးခဲပျော်ဆေးတွေကတော့ ရှိပြီးသား သွေးခဲတွေကို ပြန်လည်ပျော်ကျစေပါတယ်။

  • သွေးကင်ဆာရောဂါ

သွေးကင်ဆာကုထုံးတွေကတော့ တခြားကင်ဆာတွေလိုပါပဲ။ ဆေးသွင်းကုသတာတွေ၊ ရောင်ခြည်ပြတာတွေ၊ targeted therapiesတွေ ကုသနိုင်ပါတယ်။ လိုအပ်ရင် ရိုးတွင်းခြင်ဆီ အစားထိုးရပါတယ်။

သွေးရောဂါတွေ မဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ။

မျိုးရိုးလိုက်တဲ့ သွေးရောဂါဆိုရင်တော့ ကာကွယ်လို့ မရပေမယ့် တချို့သွေးရောဂါတွေကတော့ ကိုယ့်ရဲ့ နေထိုင်စားသောက်ပုံကို ပြုပြင်ပြီး ဖြစ်နိုင်ခြေကို လျှော့ချလို့ ရပါတယ်။ ဥပမာ ပြောရရင်

  • အာဟာရပြည့်အောင် အစားအသောက်ကို စနစ်တကျ စားသောက်တာ၊ ဆရာဝန် ညွှန်ကြားထားတဲ့ အားဆေးတွေ သောက်တာ (ဥပမာ သံဓာတ်အားဆေး)
  • ရောဂါအခံတွေ ရှိရင် သေချာကုတာ (ဥပမာ သိုင်းရွိုက်ရောဂါ)
  • လေ့ကျင့်ခန်း လုပ်ပြီး ကိုယ်အလေးချိန်ထိန်းတာ
  • ဆေးဝါးတွေကို ကိုယ့်သဘောနဲ့ကိုယ် မသောက်ဘဲ ဆရာဝန်ညွှန်မှသောက်တာ စတာတွေကို လိုက်နာဖို့ လိုပါတယ်။

Takeaways

သွေးရောဂါတစ်ခုခု ခံစားနေရတယ်ဆိုရင် ပုံမှန်ဆေးကုသမှု ခံယူဖို့က အရေးကြီးပါတယ်။ သွေးရောဂါမှာ တွေ့ရတတ်တဲ့ ရောဂါလက္ခဏာတွေကိုလည်း သိထားဖို့ လိုပါတယ်။ ကိုယ့်မှာ သွေးရောဂါတစ်ခုခု ခံစားနေရတယ်လို့ သံသယရှိတယ်ဆိုရင် ဆရာဝန်နဲ့ ပြသပြီး ရောဂါရှာဖွေ စစ်ဆေးသင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အစာအိမ်ကင်ဆာဖြစ်စေတဲ့ အကြောင်းအရင်းများ

အစာအိမ်ကင်ဆာ အခုနောက်ပိုင်း အတော်များများ ကြားလာရတဲ့ ကင်ဆာတစ်မျိုးပါ။ အမျိုးသားရော အမျိုးသမီးမှာပါ ဖြစ်နိုင်ပြီး အမျိုးသားတွေမှာ အဖြစ်များပါတယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ကင်ဆာရောဂါများ, အစာအိမ်ကင်ဆာ အောက်တိုဘာ 23, 2020 . 2 mins read

အဝလွန်မှုရဲ့ နောက်ဆက်တွဲ ကင်ဆာအမျိုးအစားများ

အဝလွန်တာရဲ့ နောက်ဆက်တွဲမှာ ကျန်းမာရေးပြဿနာတွေ ရှိလာမယ်။ ဒီလိုဖြစ်လာမယ့် ကင်ဆာလည်း ပါတယ်။ ဒီတော့ အဝလွန်ရင် ဘယ်လို ကင်ဆာတွေဖြစ်နိုင်လဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကင်ဆာ

ကင်ဆာဆိုတာ ဆဲလ်တွေ ပုံမှန်မဟုတ်ဘဲ ကွဲပွားမှုကြောင့်ဖြစ်လာတဲ့ ရောဂါအမျိုးအစားပါ။ ဆဲလ်တွေ အဆမတန် ကွဲပွားလာတဲ့အခါ တစ်ရှူးတွေ ပျက်စီးပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

နှလုံးအဆို့ရှင် အစားထိုးခွဲစိတ်ခြင်းအကြောင်း

နှလုံးမှာ အခန်းလေးခန်းရှိပြီး အဆို့ရှင် လေးခုရှိပါတယ်။ အဆို့ရှင်များရဲ့ တာဝန်ကတော့ သွေးလည်ပတ်မှုလမ်းကြောင်းကို ဖြောင့်ဖြူးစွာ ပြုလုပ်နိုင်ဖို့ ဖြစ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

သင့်အတွက် ရွေးချယ်ထားသည်

သွေးဖြူဥဆဲလ် ရောဂါ (White Blood Cell Disorder)

သွေးဖြူဥဆဲလ် ရောဂါ (White Blood Cell Disorder)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 4, 2021 . 3 mins read
ကိုဗစ်ကာကွယ်ဆေး မထိုးခင် ဒါအရင် ဖတ်သွားပါ။

ကိုဗစ်ကာကွယ်ဆေး မထိုးခင် ဒါအရင် ဖတ်သွားပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 27, 2021 . 2 mins read
အဆုတ်သွေးကြော သွေးခဲပိတ်ခြင်း ဆိုတာ

အဆုတ်သွေးကြော သွေးခဲပိတ်ခြင်း ဆိုတာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 10, 2020 . 3 mins read

အက်စပရင်ကြောင့် ပန်းနာရင်ကြပ် ထတတ်သလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 4, 2020 . 2 mins read