backup og meta

လေဒီလေးတွေ အတူနေပြီးချိန်မှာ ဗိုက်အောင့်တာ ဘာကြောင့်များလဲ!

လူအများစုအတွက်တော့ ချစ်တင်းနှောတာက ပျော်ရွှင်ကြည်နူးစရာ အတွေ့အကြုံဆိုပေမယ့် လူတိုင်းအတွက်တော့ မဟုတ်နိုင်ပါဘူး။ အချို့သော လေဒီလေးတွေမှာ အမျိုးသားနဲ့ အတူနေပြီးချိန်မှာ ဗိုက်အောင့်တာကို ခံစားရနိုင်ပါတယ်။ ဒီလို ခံစားရတဲ့အခါ ချစ်တင်းနှောခြင်းက ပျော်ရွှင်ကြည်နူးစရာလို့ လက်ခံနိုင်စရာ မရှိပါဘူး။ ဒီတစ်ခေါက်တော့ လေဒီလေးတွေ အတူနေပြီးချိန်မှာ ဗိုက်အောင့်တာ ဘာကြောင့်များလဲ ဆိုတာကို ပြောပြပေးသွားပါမယ်။

လေဒီလေးတွေ အတူနေပြီးချိန်မှာ ဗိုက်အောင့်တာ ဘာကြောင့်များလဲ!

လေဒီလေးတွေ အတူနေပြီးချိန်မှာ ဗိုက်အောင့်တာ ဘာကြောင့်များလဲ

ခုမှ အတူစနေတဲ့အတွဲတွေက နေပြီးစမှာ ဆီးစပ် ဒါမှမဟုတ် ဗိုက်အောင့်တာက ဖြစ်တတ်ပါတယ်။ နောက်ပိုင်းကျရင်တော့ မဖြစ်တော့ပါဘူး။ ဒါက အန္တရာယ်မရှိပါဘူး။ ဒါပေမယ့် တစ်ခါတလေမှာ အတူနေပြီးတိုင်း အောင့်နေတာမျိုးလည်း ရှိတတ်ပါတယ်။ ဒါဆိုရင်တော့ သတိထားရပါမယ်။

လေဒီလေးတွေ အတူနေပြီးချိန်မှာ ဗိုက်အောင့်တာ ဘာကြောင့်များလဲ ဆိုတော့ အကြောင်းအရင်း များစွာ ရှိနေပါတယ်။ အရင်ဆုံး အဖြစ်များတဲ့ အကြောင်းအရင်းတွေကနေ စပြီး ပြောပြပေးပါမယ်။

အတူနေပြီးချိန်မှာ ဗိုက်အောင့်တာကို ဖြစ်စေနိုင်တဲ့ အတွေ့ရများတဲ့ အကြောင်းအရင်းများ

အခုလို အကြောင်းအရာတွေကလည်း လေဒီလေးတွေကို အတူနေပြီးချိန်မှာ ဗိုက်အောင့်တာကို ခံစားရစေနိုင်ပါတယ်။

  • မိန်းမကိုယ် ခြောက်သွေ့တာ

အတူနေပြီးချိန်မှာ လေဒီလေးတွေကို ဗိုက်အောက်ဖက်နားက အောင့်တာ နာကျင်တာတွေကို ခံစားရစေနိုင်တဲ့ အတွေ့ရများတဲ့ အကြောင်းအရင်း တစ်ရပ်က အမျိုးသမီးလေးတွေမှာ အဖြစ်များတဲ့ မိန်းမကိုယ် ပြဿနာ တစ်ခုဖြစ်တဲ့ မိန်းမကိုယ် ခြောက်သွေ့တာကြောင့်ပါ။ ဟော်မုန်း မမျှတတာကလည်း မိန်းမကိုယ်ကို ခြောက်သွေ့စေနိုင်သလို သွေးဆုံးချိန် နီးကပ်လာတာ၊ ဟော်မုန်းပါတဲ့ သားဆက်ခြားနည်းလမ်းတွေ၊ ရာသီစက်ဝန်းရဲ့ သက်ရောက်မှုတွေကြောင့် မိန်းမကိုယ် ခြောက်သွေ့နိုင်ပါတယ်။

  • ရေအိတ်တည်တာ

ရေအိတ်တည်တာတွေက အမျိုးသမီးတွေမှာ အဖြစ်များတဲ့ မီးယပ် ကျန်းမာရေး ပြဿနာ တစ်ခုပါ။ မျိုးဥအိမ်ထဲမှာ ရေအိတ်လေးတွေ တည်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒီလို အလုံးတည်တာကလည်း လေဒီလေးတွေကို အတူနေပြီးချိန်မှာ ဗိုက်အောင့်တာကို ဖြစ်စေနိုင်ပါတယ်။

  • ရာသီသွေးဆင်းရက် နီးနေတာ

ရာသီသွေးဆင်းတဲ့အခါ နာကျင်တာ မအီမသာဖြစ်တာကို ခံစားရနိုင်ပါတယ်။ အထူးသဖြင့်ကတော့ ဗိုက်အောင်ပိုင်းမှာပါ။ ရာသီလာရက် နီးနေချိန်မှာ အတူနေမိမယ်ဆိုရင်လည်း တင်ပဆုံး ကြွက်သားတွေ တင်းကျပ်နေတာ၊ နာကျင်နေတာကြောင့် အတူနေပြီးချိန်မှာ နာကျင်တာကို ခံစားရနိုင်ပါတယ်။

  • ရောင်ရမ်းမှု ရှိနေတာ

နာတာရှည် တင်ပဆုံရောင်ရမ်းခြင်း  Pelvic inflammatory disease ကို ခံစားနေရမယ်ဆိုရင်လည်း အတူနေပြီးချိန်မှာ ဗိုက်အောင်ဖက်နားက အောင့်တာကို ခံစားရစေနိုင်ပါတယ်။ များသောအားဖြင့် နာတာရှည် တင်ပဆုံ ရောင်ရမ်းတာက လိင်ကတဆင့် ကူးစက်တဲ့ ရောဂါတွေကို မကုသဘဲ ထားရာကနေ ဖြစ်တတ်ပြီး ရေရှည်မှာ အမျိုးသမီး မျိုးပွားအင်္ဂါအစိတ်အပိုင်းတွေကို ထိခိုက်စေနိုင်ပါတယ်။

  • သားအိမ် အလုံးတည်တာ 

သားအိမ်အပြင် အမျိုးသမီး မွေးလမ်းကြောင်း တလျှောက်မှာ အသားလုံးတွေ၊ အကျိတ်တွေ တည်တာကလည်း အတူနေပြီးချိန်မှာ နာကျင်မှုကို ခံစားရစေနိုင်ပါတယ်။

သားအိမ် အလုံးက ကြီးလာလေလေ နာကျင်မှုက ပိုပြင်းထန်လာပြီး ဗိုက်ထဲမှာ မအီမသာဖြစ်တာ၊ ရာသီသွေးဆင်းများတာတွေကို ခံစားရနိုင်ပါတယ်။

  • သားအိမ်အတွင်းပိုင်းက တစ်ရှူးတွေ သားအိမ်ပြင်ပရောက်တာ

သားအိမ်အတွင်းပိုင်းက တစ်ရှူးတွေ သားအိမ်ပြင်ပကို ရောက်တာကက နာကျင်မှုကို ခံစားရစေပါတယ်။ အခြေအနေဆိုးတဲ့ အဆင့်မှာ ဒီရောဂါကြောင့် သားဥပြွန်တွေ၊ သားအိမ်တွေမှာ အမာရွတ်တွေ၊ သွေးလုံးတွေနဲ့ ရှုပ်ယှက်ခတ်နေတတ်ပါတယ်။

ဒီလိုမျိုး တစ်ရှူးတွေက အထွေးလိုက် အစုလိုက်ဖြစ်နေတဲ့အတွက် အတူနေချိန်မှာ နာကျင်တာ၊ အမျိုးသားနဲ့ အတူနေပြီးချိန်မှာ နာကျင်တာတွေကို ခံစားရစေနိုင်ပါတယ်။ အထူးသဖြင့် ဗိုက်အောက်ဖက်နားမှာ နာကျင်တာကို ခံစားရနိုင်ပါတယ်။

ဒီအခြေအနေကို ဘယ်လို သက်သာအောင် လုပ်မလဲ

အတူနေပြီးချိန်မှာ နာကျင်တာက ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာ တစ်ရပ်ရပ်ကြောင့် မဟုတ်ဘဲ မိန်းမကိုယ် ခြောက်သွေ့တာ၊ ရာသီသွေးဆင်းရက် နီးတာတွေကြောင့် ဖြစ်မယ်ဆိုရင် အတူနေချိန်မှာ ချောဆီသုံးတာ၊ အသင့်တော်ဆုံးဖြစ်မယ့် အနေအထားနဲ့ အတူနေပေးတာမျိုး လုပ်ပေးလို့လည်း ရပါတယ်။

အတွင်းပိုင်းရောက်ရောက် ထိုးသွင်းဆက်ဆံမှုပုံစံတွေကလည်း အတူနေပြီးချိန်မှာ ဗိုက်အောင့်တာကို ခံစားရစေနိုင်ပါတယ်။ ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာကြောင့် မဟုတ်ဘူးဆိုရင်တော့ ဒီနည်းလမ်းတွေကို အသုံးပြုဖြေရှင်းလို့ ရတယ်ဆိုပေမယ့် နာကျင်မှုက ပြင်းထန်မယ်။ အမြဲလိုလို ဖြစ်နေမယ်ဆိုရင်တော့ လိုအပ်တဲ့ ကျန်းမာရေး စစ်ဆေးမှုတွေကို လုပ်ဆောင်ကြည့်ဖို့ လိုပါမယ်။

ဘယ်လိုအခြေအနေဆိုရင် စိုးရိမ်ဖို့ လိုမလဲ

အတူနေပြီးချိန်မှာ နာကျင်တာကို ခံစားရက အခုလို အခြေအနေတွေ ရှိလာမယ်ဆိုရင်တော့ သားဖွားမီးယပ်ဆရာဝန်နဲ့ ပြသကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

  • အမြဲလိုလို နာကျင်နေမယ်
  • သွေးဆင်းများမယ်
  • တင်ပဆုံ တဝိုက် နာကျင်မယ် ကိုက်ခဲမယ်
  • လေပွတာကို ခံစားရမယ်
  • ပေါင်ခြံတဝိုက်က နာကျင်မှုကို ပြင်းပြင်းထန်ထန် ခံစားရမယ် ဆိုရင်ပါ။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Dyspareunia (Painful Intercourse) https://my.clevelandclinic.org/health/diseases/12325-dyspareunia-painful-intercourse Accessed Date 6 February 2023

Why does sex hurt? https://www.nhs.uk/common-health-questions/sexual-health/why-does-sex-hurt/ Accessed Date 6 February 2023

When sex is  painful https://www.acog.org/womens-health/faqs/when-sex-is-painful?utm_source=redirect&utm_medium=web&utm_campaign=otn Accessed Date 6 February 2023

Dyspareunia in Women https://www.aafp.org/pubs/afp/issues/2014/1001/p465.html Accessed Date 6 February 2023

Endometriosis-associated dyspareunia https://srh.bmj.com/content/familyplanning/33/3/189.full.pdf Accessed Date 6 February 2023

ယခုပုံစံ

21/02/2024

Aye Thi Mon မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ထိုးသွင်းမှုမရှိဘဲ အတူနေခြင်းဟာ ကိုယ်ဝန်ရနိုင်ခြေရှိလား

ရာသီလာစဉ်မှာ အတူနေခြင်းက စိတ်ချရလား


Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG · ပြန်လည်သုံးသပ်သူ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 21/02/2024 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ