backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Pelvic Inflammatory Disease(နာတာရှည်အမျိုးသမီး တင်ပါးဆုံရောင်ခြင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Kaung Thar မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Pelvic Inflammatory Disease (နာတာရှည်အမျိုးသမီး တင်ပါးဆုံရောင်ခြင်း) ကဘာလဲ။

နာတာရှည်အမျိုးသမီး မျိုးပွားအဂါၤများယောင်ခြင်း ကို ပီအိုင်ဒီဟုလဲခေါ်သည်။ အမျိုးသမီးမျိုးပွားအဂါၤများတွင် ရောဂါပိုးဝင်ခြင်းတမျိုးဖြစ်သည်။ ပီအိုင်ဒီသည် လိင်မှတစ်ဆင့်ကူးသော ရောဂါများ၏ပြင်းထန်သည့်နောက်ဆက်တွဲဆိုးကျိုးတခုဖြစ်သည် ။ ထိုကြောင့် သားအိမ် သားအိမ်ပြွန် သားဥအိမ်နှင့်အခြားသော မျိုးပွားအဂါီများအား ထာဝရပျက်စီးစေတတ်သည်။ ကလေးမရခြင်းကိုဖြစ်စေသော်လည်း ကာကွယ်လို့ရပါသည်။

Pelvic Inflammatory Disease(နာတာရှည်အမျိုးသမီး တင်ပါးဆုံရောင်ခြင်း)က ဘယ်လောက်အဖြစ်များသလဲ

အမေရိကန်ပြည်ထောင်စု ကျန်းမာရေးနှင့် လူသားဆိုင်ရာအဖွဲ့အစည်းမှ နာတာရှည်အမျိုးသမီး မျိုးပွားအဂါၤများယောင်ခြင်းသည် အမေရိကန်တစ်နှစ်လျင် အမျိုးသမီးတစ်သန်းခန့်ဖြစ်နေသည်ဟုဆိုသည်။ ဆယ်ကျော်သက်အရွယ်တွင်ပို၍အဖြစ်များသည်။

ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကိုလျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Pelvic Inflammatory Disease (နာတာရှည်အမျိုးသမီး တင်ပါးဆုံရောင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

နာတာရှည်အမျိုးသမီး မျိုးပွားအဂါၤများရောင်ခြင်းရဲ့ အချို့သောရောဂါလက္ခဏာတွေကတော့

ဗိုက်အောက်ပိုင်းနှင့် တင်ပါးစုံအတွင်းပိုင်းမှနာခြင်း

မအဂါ်မှ အနံမကောင်းသောအရည်များဆင်းခြင်း။

ပုံမှန်မဟုတ်သောရာသီသွေးများလာခြင်း။

လိင်ဆက်ဆံချိန် နာခြင်း

ဖျားခြင်း

ဆီးသွားလျင်နာခြင်းသို့မဟုတ် ဆီးသွားရခက်ခြင်း

ပီအိုင်ဒီသည် ရောဂါလက္ခဏာမပြင်းထန်သည် သို့မဟုတ် လုံးဝမပြသည်ထိဖြစ်တတ်သည်။ ကလက်မိုင်းဒီးယားကြောင့်ဖြစ်ပါက ရောဂါလက္ခဏာမပြင်းထန်ခြင်း သို့မဟုတ် လက္ခဏာမရှိခြင်းတို့ပိုဖြစ်နိုင်သည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်မှာအောက်ဖော်ပြပါအချက်အလက်တွေထဲကတစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။

  • ဗိုက်အောက်ပိုင်းမှအပြင်းအထန်နာခြင်း
  • ပျို့ခြင်းနှင့်အန်ခြင်း
  • ဖျားခြင်း ၁၀၁ ဒီဂရီဖာရင်ဟိုက် (၃၈.၃ဒီဂရီ ဆဲလ်စီးရက်)ထက်ပိုခြင်း
  • အနံဆိုးသော အရည်များ မအဂါၤမှထွက်ခြင်း။

အကြောင်းရင်းများ

Pelvic Inflammatory Disease(နာတာရှည်အမျိုးသမီး တင်ပါးဆုံရောင်ခြင်း)ကိုဘာတွေကဖြစ်စေသလဲ

နာတာရှည်အမျိုးသမီး မျိုးပွားအဂါၤများရောင်ခြင်းသည် ဘက်တီးရီးယားအများစုကြောင့်ဖြစ်နိုင်သော်လည်း ဂိုနိုးရီးယားသို့မဟုတ် ကလမိုင်းဒီးယားတို့ကြောင့်ပိုဖြစ်တတ်သည်။ ထို အကောင်များသည် အကာအကွယ်မဲ့လိင်ဆက်ဆံခြင်းမှကူးတတ်သည်။

သားအိမ်ခေါင်းမှကာကွယ်မှုမလုပ်ပေးနိုင်ချိန်တွင် ဘက်တီးရီးယားများအချိန်မရွေး မျိုးပွားအဂါၤသို့ရောက်နိုင်သော်လည်းရှားပါသည်။ သားအိမ်အတွင်းထည့်သည့် သန္ဓေတားကိရိယာထည့်ခြင်း ကလေးမွေးခြင်း ပျက်ကျခြင်းတို့တွင်ဖြစ်တတ်သည်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Pelvic Inflammatory Disease(နာတာရှည်အမျိုးသမီး တင်ပါးဆုံရောင်ခြင်း)ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

ဂနိုရီးယားနှင့် ကလမိုင်းဒီးယားဖြစ်ဘူးသူများတွင် နာတာရှည်အမျိုးသမီး မျိုးပွားအဂါၤများရောင်ခြင်းဖြစ်ပွားနှုန်းပိုများပါသည်။ သို့သော် လိင်မှရောဂါပိုးဝင်ခြင်းမဟုတ်သော်လည်း နာတာရှည်အမျိုးသမီး မျိုးပွားအဂါၤများရောင်ခြင်း ဖြစ်နိုင်ပါသည်။ ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေအများကြီးရှိပါတယ်။ ဥပမာအားဖြင့်

  • အသက်နှစ်ဆယ့်ငါးမတိုင်မီလိင်ဆက်ဆံခြင်း
  • တစ်ယောက်ထက်ပိုသောယောက်ျားနှင့်လိင်ဆက်ဆံခြင်း
  • ကွန်ဒုံးမသုံးပဲလိင်ဆက်ဆံခြင်း
  • သားအိမ်တွင်းတည့် သန္ဓေတားကိရိယာအသုံးပြုခြင်း။
  • မအဂါ်အားရေပြွတ်ဖြင့် ဆေးခြင်း။
  • အရင်က နာတာရှည်အမျိုးသမီး မျိုးပွားအဂါၤများရောင်ခြင်းရှိခဲ့ဖူးခြင်း။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Pelvic Inflammatory Disease(နာတာရှည်အမျိုးသမီး တင်ပါးဆုံရောင်ခြင်း)ကို ဘယ်လိုအတည်ပြုပါသလဲ

အကယ်၍သင်ဆရာဝန်မှ ဤအခြေအနေအားသံသယဖြစ်ပါက စမ်းသပ်မှုများပြုလိမ့်မည်။ တင်ပါးဆုံစမ်းသပ်မှုများအပြီး ဝါဂွမ်းဖြင့် မအဂါီၤနှင့် သားအိမ်ခေါင်းအားနမူနာယူလိမ့်မည်။ ထိနမူနာအား ဓါတ်ခွဲခန်းသို့ပို့ပြီး ဤအခြေအနေအားဖြစ်စေသော အကောင်အားသိနိုင်သည်။

ရောဂါအတည်ပြုနိုင်ရန်နှင့် ရောဂါပိုးဘယ်လောက်ပျံနှံ့သည် သိနိုင်ရန် ဆရာဝန်မှအောက်ပါစမ်းသပ်ချက်များလုပ်လိမ့်မည်။

ကွန်ပြူတာဓါတ်မှန်ရိုက်ခြင်း။

အသံလှိုင်းကိုအသုံးပြု၍ မျိုးပွားအဂါီပုံရိပ် ကိုသိနိုင်သည်။

သားအိမ်အတွင်းလွာအသားစယူခြင်း

ဆရာဝန်မှ သားအိမ်အတွင်းပိုင်းအလွာအား အနည်းငယ်ယူ၍စမ်းသပ်သည်။

ဗိုက်အတွင်းသို့မှန်ပြောင်းကြည့်ခြင်း

ဆရာဝန် မှ ဗိုက်ကို အနည်းငယ်ခွဲပြီး ပါးပြီးပေါ့သော အရာအား ထည့်ကာ တင်ပါးစုံအဂါၤများအားကြည့်သည်။

Pelvic Inflammatory Disease(နာတာရှည်အမျိုးသမီး တင်ပါးဆုံရောင်ခြင်း)ကို ဘယ်လိုကုသပါသလဲ

  • အချို့သောဆေးများ ဥပမာ ပဋ္ဋိဇီဝပိုးသတ်ဆေးများအားပေးလိမ့်မည်။
  • ဆရာဝန်မှ ပိုးသတ်ဆေးများကိုပေါင်း၍ချက်ချင်းပေးလိမ့်မည်။ ဓါတ်ခွဲခန်းအဖြေရပါက ဆရာဝန်မှ ရောဂါအတွက် သင့်တော်သောဆေးအားညှိပေးလိမ့်မည်။
  • ကုသမှုသင့်တော်သည်ကိုသိနိုင်ရန် သုံးရက်အကြာပြန်လာဖို့ ဆရာဝန်မှခေါ်လိမ့်မည်။ သက်သာလာသော်လည်း သတ်မှတ်ထားသောဆေးကုန်အောင်သောက်ပါ။ ပိုးသတ်ဆေးများသည် ဆိုးဝါးသောနောက်ဆက်တွဲမဖြစ်ရန်ကာကွယ်နိုင်သော်လည်း ဖြစ်ပြီးသားပျက်စီးမှုများအား ပြန်မကောင်းနိုင်ပါ။
  • သင့် အမျို့းသား အားလည်းကုသသင့်ပါသည်။ လိင်မှတစ်ဆင့်ကူးဆက်နိုင်သောရောဂါများအားထပ်ခါထပ်ခါမဖြစ်ရန် သင့်အမျိုးသားအား စမ်းသက်ပြီးကုသသင့်သည်။ အမျိုးသားတွင်လည်း လက္ခဏာမပြပဲရောဂါဖြစ်သင့်ပါသည်။
  • ကုသမှုမပြီးဆုံးသည်အထိ သင့်အမျိုးသားနှင့်သင်တွင်ရောဂါကကင်းရှင်းသည်ဟုသေချာသည်အထိ လိင်ဆက်ဆံခြင်းအားရှောင်ပါ။
  • အချို့ပြင်းထန်သောကိစ္စများတွင် ပြင်ပလူနာကုသများဖြင့်လုံလောက်သည်။ သို့သော် အကယ်၍ အရမ်းပြင်းထန်စွာဖျားနေခြင်း ကိုယ်ဝန်ဆောင်ချိန်ဖြစ်ခြင်း သို့မဟုတ် ပါးစပ်မှဆေးသောက်သုံးခြင်းမှမသက်သာခြင်းတို့ရှိနေပါက ဆေးရုံတတ်ရန်လိုနိုင်သည်။
  • ခွဲစိတ်မှုအားလိုအပ်မှရှားသည်။ သို့သော် ပြည်ဖုပေါက်ခြင်း သို့မဟုတ် ပေါက်လုဆဲဆဲဖြစ်ပါက ဆရာဝန်မှဖောက်ထုတ်လိမ့်မည်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကာတာရှည်အမျိုးသမီး မျိုးပွားအဂါၤများရောင်ခြင်းကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့် နာတာရှည်အမျိုးသမီး မျိုးပွားအဂါၤများရောင်ခြင်းကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။

  • လိင်ဆက်ဆံရာတွင် လုံခြုံစိတ်ချရသောနည်းများသုံးပါ။ ကွန်ဒုံးသုံးပါ။ လိင်ဆက်ဆံဖော်သား သတ်သတ်မှတ်မှတ်သာရှိပါစေ။ လိင်ဆက်ဆံဖော်၏ လိင်ဆံသည့်သမိုငိးကိုလဲသိပါစေ။
  • သန္ဓေတားဆေးနဲ့ပတ်သတ်ပြီးဆရာဝန်နှင့်တိုင်ပင်ပါ။ အချို့သော သန္ဓေတားဆေးပုံစံ များက နာတာရှည်အမျိုးသမီး မျိုးပွားအဂါၤများရောင်ခြင်းဖြစ်စေတတ်သည်။
  • သန္ဓေတားဆေးသောက်ခြင်းက လိင်မှတစ်ဆင့် ကူးသောရောဂါအားမကာကွယ်နိုင်ပါ။ သို့သော် ထိုဆေးများသည်သားအိမ်ခေါင်းချွဲအားထူစေခြင်းဖြင့် ဘက်တီးရီးယားများအား သားအိမ် သားအိမ်ပြွန် သို့မဟုတ် သားဥအိမ် သို့မရောက်စေပဲ နာတာရှည်အမျိုးသမီး မျိုးပွားအဂါၤများရောင်ခြင်းအားလျော့ချနိုင်သည်။
  • မည်သို့ပင်ဆိုစေ ကွန်ဒုံးကိုသုံးသင့်သည်။
  • စမ်းသပ်မှုပြုလုပ်ပါ။
  • သင့်တွင် လိင်မှတစ်ဆင့်ကူးသောရောဂါ ဥပမာ ကလမိုင်းဒီးယားဖြစ်နိုင်နှုန်းများက စမ်းသပ်မှုများလုပ်ပါ။ လိုအပ်ပါက ပုံမှန်စမ်းသပ်ချိန်ဇယားအတိုင်းစမ်းသပ်နိုင်သည်။ လိင်မှတစ်ဆင့်ကူးသောရောဂါများအားကာကွယ်ခြင်းသည် နာတာရှည်အမျိုးသမီး မျိုးပွားအဂါၤများရောင်ခြင်းမဖြစ်ရန်အကောင်းဆုံးကာကွယ်သောနည်းဖြစ်သည်။
  • သူ့လိင်ဆက်ဆံအဖော်အားလည်းစမ်းသက်ပါ။ နာတာရှည်အမျိုးသမီး မျိုးပွားအဂါၤများရောင်ခြင်း သို့မဟုတ် လိင်မှကူးသောရောဂါမျိုးရှိပါက သင့် လိင်ဆက်ဆံဖော်အားစမ်းသပ်ခြင်း လိုအပ်ပါက ကုသမှုများလုပ်သင့်သည်။ ထိုသို့စမ်းသက်ခြင်းဖြင့် လိင်ဆက်ဆံရာမှကူးသောရောဂါများလည်းကာကွယ်နိုင်သည့်အပြင် နာတာရှည်အမျိုးသမီး မျိုးပွားအဂါၤများရောင်ခြင်းကိုလည်းကာကွယ်နိုင်သည်။
  • သန့်ရှင်းစွာနေပါ။
  • ဆီးသွားပြီးချိန် သို့မဟုတ် ဝမ်းသွားပြီးချိန်တွင် အရှေ့ကအေနောက်သို့ဆေးပါ။ ထိုသို့ဆေးခြင်းဖြင့် အူမကြီးမှ ဘက်တီးရီးယားများ မအဂါီအတွင်းသိုဝင်ခြင်းအားလျော့ချနိုင်သည်။

အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Kaung Thar မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement