backup og meta

ကျန်းမာပျော်ရွှင်ထက်မြက်တဲ့ လေဒီလေးတွေ ဆိုတာ

ရှေးယခင်ကာလတွေတုန်းက လေဒီလေး တွေဆိုရင် အိမ်ထောင်မှုကိစ္စတွေ လုပ်တတ်ဖို့ ကလေးတွေ ထိန်းကျောင်းဖို့နဲ့ သေစာရှင်စာရေးတတ်ဖတ်တတ်ရင် တော်ပြီဆိုပြီး သဘောထားခဲ့ကြတာ များပါတယ်။ မြန်မာလူမျိုးအများစု လက်ခံထားတာက မိန်းကလေးဆိုတာ ဘုန်းကံနိမ့်တယ်။ မိန်းကလေးဆိုတာက အမျိုးသားတွေရဲ့ ဦးဆောင်မှု နောက်ကိုပဲ လိုက်ရမယ်ဆိုတဲ့ အယူစွဲပါ။ တကယ်ကတော့ အမျိုးသမီး အထူးသဖြင့် မေမေတွေသာ မရှိရင် မိသားစုတစ်ခုက ပျော်ရွှင်စရာ မကောင်းသလို စည်းစနစ်ကျနမှုလည်း ရှိဖို့ မလွယ်ပါဘူး။

ကျန်းမာပျော်ရွှင်ထက်မြက်တဲ့ လေဒီလေးတွေ ဆိုတာ

မိသားစုရဲ့ ပဲ့ကိုင်ရှင် မေမေတွေက အမျိုးသမီးတွေပါ။

ဖေဖေတွေက သားသမီးတွေ စားဝတ်နေရေး ပညာရေးအတွက် လိုလေသေးမရှိစေဖို့အတွက် ဝင်ငွေရရှိအောင် ကြိုးစားရှာဖွေရသလို မေမေတို့ကတော့ သားသားမီးမီးလေးတွေ ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင် ထက်ထက်မြက်မြက်လေး ကြီးပြင်းလာအောင် ထိန်းကျောင်းပဲ့ပြင်ပေးရပါတယ်။

အစားအသောက်ကို ကျန်းမာအောင် ပြင်ဆင် ချက်ပြုတ်ပေးရသလို တစ်ကိုယ်ရေသန့်ရှင်းရေးကိုလည်း ဂရုစိုက်ရပါတယ်။ ကိုယ်အမူအရာ နှုတ်အမူအရာ ယဉ်ကျေးအောင် သင်ကြားပေးရသလို ပညာရေးကိုလည်း မလစ်လပ်အောင် ဂရုစိုက်ပေးတာ မေမေပါ။ မေမေက ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ထူးချွန်ထက်မြက်နေမှလည်း မွေးလာတဲ့ သားသမီးတွေက ထူးချွန် ထက်မြက်မှာပါ။ ဒါကြောင့် မေမေဖြစ်လာမယ့် အမျိုးသမီးလေးတွေက စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ လူမှုဆက်ဆံရေး အဘက်ဘက်မှာ ပြည့်စုံ ထူးချွန်နေဖို့ လိုပါမယ်။

ကျန်းမာပျော်ရွှင်ထက်မြက်တာက မွေးရာပါ ဗီဇလား။

ကျန်းမာပျော်ရွှင်ထက်မြက်တဲ့ လေဒီလေးတွေ ဆိုတာ

ကျန်းမာပျော်ရွှင်ထက်မြက်မှုက မွေးရာပါဗီဇဆိုတာထက် ကိုယ်တိုင်က လေ့ကျင့်မွေးမြူလို့ ရပါတယ်။ ထူးချွန်ထက်မြက်နေတဲ့ လေဒီလေးတွေက စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်စေဖို့ ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်စေဖို့၊ လူမှုဆက်ဆံရေး ပြေပြစ်စေဖို့ ကိုယ်တိုင် အလေ့အကျင့်ကောင်းတွေကို မွေးမြူရတာပါ။

ကျန်းမာပျော်ရွှင်ထက်မြက်တဲ့ လေဒီလေးတွေ ဆိုတာ

ကျန်းမာပျော်ရွှင်ထက်မြက်တဲ့ လေဒီလေးတွေဆိုတာ အပေါ်မှာ ပြောခဲ့သလို ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ ကျန်းမာသန်စွမ်း ကြသလို စိတ်ခံစားမှုပိုင်းဆိုင်ရာလည်း ကြံ့ခိုင်ကြပါတယ်။ လူမှုဆက်ဆံရေးလည်း ပြေပြစ်ကြပါတယ်။ ဒီတော့ ကိုယ်တိုင်မှာရော ကျန်းမာပျော်ရွှင်ထက်မြက်တဲ့ လေဒီလေးတစ်ယောက်မှာရှိသင့်တဲ့ စံနှုန်းတွေနဲ့ ဘယ်လောက်ထိ ကိုက်ညီမှု ရှိလဲဆိုတာကို ဆန်းစစ်ကြည့်လိုက်ရအောင်လား။

ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု

ရုပ်ပိုင်းဆိုင်ရာ အနေနဲ့ ကျန်းမာတဲ့ လေဒီလေး တစ်ယောက်ဆိုတာ

စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု

စိတ်ပိုင်းဆိုင်ရာ အနေနဲ့ ကျန်းမာပျော်ရွှင်တဲ့ လေဒီလေး တစ်ယောက်ဆိုတာ

  • ကိုယ်ကိုယ်ကို ယုံကြည်မှု ရှိတယ်
  • ပြဿနာတွေကို ဖြေရှင်းနိုင်စွမ်း ရှိတယ်
  • သူတို့ကိုယ် သူတို့ လက်ခံနိုင်စွမ်းရှိတယ်
  • အမှားမြင်လို့ ထောက်ပြရင် လက်ခံနိုင်စွမ်းရှိတယ်
  • မကောင်းတဲ့ အလေ့အကျင့်တွေကို ပြုပြင်နိုင်စွမ်း ရှိတယ်
  • စီမံခန့်ခွဲနိုင်စွမ်း ရှိတယ်
  • နေ့စဉ်ဘဝရဲ့ လုပ်ငန်းဆောင်တာတွေကို ပျော်ရွှင်တက်ကြွစွာ လုပ်ဆောင်တတ်ကြတယ်
  • ဘဝရည်မှန်းချက် ရှိတယ်
  • စိတ်ဖိစီးမှုတွေကို ဖြေလျှော့တဲ့ ကိုယ်ပိုင် နည်းလမ်းရှိတယ်။
  • အခက်အခဲတွေကို စိတ်ဓာတ်မကျဘဲ ရင်ဆိုင်ဖြေရှင်း တတ်တယ်။

လူမှုဆက်ဆံရေးပိုင်းဆိုင်ရာ

လူမှုဆက်ဆံရေးပိုင်းဆိုင်ရာ အနေနဲ့ ကျန်းမာပျော်ရွှင်ထက်မြက်တဲ့ လေဒီလေး တစ်ယောက်ဆိုတာ

  • အပြုအမူတွေကို ထိန်းချုပ်နိုင်စွမ်းရှိတယ်
  • ဒေါသကို ထိန်းချုပ်နိုင်တယ်
  • ခံစားချက်တွေကို ထိန်းချုပ်နိုင်တယ်
  • မနာလို ဝန်တိုမှု ကင်းတယ်
  • ကူညီတတ်တယ်
  • အချိန်ကို လေးစားတယ်
  • အလုပ်တာဝန်တွေကို စနစ်တကျ ပြီးစီအောင် လုပ်ဆောင်တတ်တယ်။

ကျန်းမာပျော်ရွှင်ထက်မြက်တဲ့ လေဒီလေးတွေ ဆိုတာ

ကျန်းမာပျော်ရွှင်ထက်မြက်တဲ့ လေဒီလေးတွေ ဆိုတာ အခုပြောခဲ့တဲ့ အချက်လေးတွေနဲ့ ပြည့်စုံတဲ့ လေဒီလေးတွေကို ဆိုလိုတာပါ။ အားလုံးမဟုတ်ရင်တောင် တဝက်လောက်ကိုက်ညီတယ်ဆိုရင် ဒီစာကို ဖတ်နေတဲ့ လေဒီလေးကလည်း ကျန်းမာပျော်ရွှင်ထက်မြက်တဲ့ လေဒီလေးတွေ ဆိုတာ အသေအချာပါပဲ။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

WHAT IT MEANS TO BE A HEALTHY WOMAN https://healthcare.utah.edu/the-scope/shows.php?shows=0_pqjcs16b Accessed Date 21 February 2022

Emotional health https://www.apa.org/topics/emotions Accessed Date 21 February 2022

Mental Health and Well-Being https://www.womenshealthmatters.ca/health-centres/mental-health/mental-health-and-well-being/Accessed Date 21 February 2022

ယခုပုံစံ

01/03/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ

အမျိုးသမီးတွေ PTSD ကနေ ဘယ်လိုသက်သာအောင် လုပ်ကြမလဲ။


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 01/03/2022 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ