backup og meta

လေဒီလေးတိုင်း သိထားသင့်တဲ့ ရာသီအကြိုလက္ခဏာ များ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 08/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လေဒီလေးတိုင်း သိထားသင့်တဲ့ ရာသီအကြိုလက္ခဏာ များ
    လစဉ်တိုင်း ကြုံရတဲ့ ပြဿနာ မတိုင်ခင် ကြိုတင်ပြင်ဆင်နိုင်စေဖို့အတွက် ရာသီအကြိုလက္ခဏာ တွေက ဘာတွေလဲ။ ကိုယ်တိုင်မှာရော ဒီ လက္ခဏာတွေ ရှိနေပြီလား ဆိုတာကို ဒီ ဆောင်းပါးလေး ဖတ်ရင်း ဆန်းစစ်ကြည့်ရအောင် လေဒီတို့ရေ …….

    ရာသီအကြိုလက္ခဏာဆိုတာ ဘာလဲ။

    ရာသီမလာခင် တစ်ပတ် ဒါမှမဟုတ် ၂ ပတ်လောက် အလိုကတည်းက လေပွတာ၊ ခေါင်းကိုက်တာ၊ စိတ်ခံစားမှု မကောင်းတာ၊ စိတ်ထိခိုက်လွယ်တာ လိုမျိုး လက္ခဏာတွေ ခံစားရလေ့ရှိပါတယ်။ လစဉ် ခံစားရတဲ့ ဒီ လက္ခဏာတွေကို ရာသီအကြိုလက္ခဏာ တွေလို့ ခေါ်တာပါ။ ဒီ ရာသီအကြို လက္ခဏာတွေကို အမျိုးသမီး ၈၅ ရာခိုင်နှုန်းလောက် ခံစားကြရပါတယ်။
    အချို့က သိပ်မပြင်းထန်ပေမယ့် အချို့မှာကျ ရာသီအကြို လက္ခဏာက တော်တော်လေး ပြင်းထန်တတ်ကြပါတယ်။ ဒီတစ်ခေါက်တော့ လေဒီ အများစု ခံစားရလေ့ရှိတဲ့ ရာသီအကြို လက္ခဏာတွေက ဘာတွေလဲဆိုတာကို ပြောပြပေးပါရစေ။

    လေဒီ အများစု ခံစားရလေ့ရှိတဲ့ ရာသီအကြိုလက္ခဏာ တွေက ဘာတွေများလဲ။

    ၈၀ ရာခိုင်နှုန်းသော လေဒီလေးတွေ ခံစားရလေ့ရှိတဲ့ ရာသီအ​ကြို လက္ခဏာတွေက

    စားချင်စိတ် ပြင်းပြမှု

    လေဒီ အများစုက ရာသီအကြိုလက္ခဏာ အနေနဲ့ တစ်ခုခုကို မရမနေ စားချင်တာမျိုး ဖြစ်တတ်ပါတယ်။ ဥပမာ အချိုကဲတာကိုမှာ စားချင်တာ၊ ချဉ်ချဉ်စပ်စပ်ပဲ စားချင်တာ၊ လက်ဖက်ကိုမှ စားချင်တယ် ဆိုတာမျိုးပါ။ တစ်ယောက် နဲ့ တစ်ယောက် မတူသလို တစ်လနဲ့ တစ်လမှာလည်း မတူနိုင်ပါဘူး။

    ဝက်ခြံတွေ ထွက်မယ်

    ရာသီလာခါနီးမှာ ဝက်ခြံတွေက အစုလိုက်ကို ထွက်တာပါ။ ဒါကတော့ ကိုယ်တွင်းမှာ ဟော်မုန်း အပြောင်းအလဲကြောင့် အခုလို ဝက်ခြံတွေ ထွက်လာရတာပါ။ မကုတ်မဖဲ့ဘဲ ထားလိုက်မယ်ဆိုရင် ရာသီရက် ပြီးတဲ့အခါ သူ့အလိုလို သက်သာသွားပါလိမ့်မယ်။

    ရင်သား ပြောင်းလဲမှု ဖြစ်မယ်

    ရင်သားတွေ တင်းနာ၊ ရင်သားထိပ်တွေ နာကျင်တာကို ခံစားရနိုင်ပါတယ်။ ဒါကတော့ ကိုယ်တွင်းမှာ prolactin ဟော်မုန်း များနေတာကြောင့်ပါ။ ဒါကြောင့်  သက်သာစေဖို့ဆိုရင် ရေနွေးဝတ် ကပ်ပေးလို့ရပါတယ်။ ဒါပေမယ့် ရာသီသွေး ဆင်းတဲ့အခါ သူ့အလိုလို သက်သာသွား ပါလိမ့်မယ်။

    ခြေကုန်လက်ပန်း ကျမယ်

    အိပ်လို့လည်း မပျော်ဘူး။ ခန္ဓာကိုယ်မှာလည်း အားမရှိသလို ပင်ပန်းနေတယ်ဆိုရင် ရာသီ လာခါနီးမှာ ဖြစ်လေ့ရှိတဲ့ ကိုယ်တွင်း ဟော်မုန်း အပြောင်းအလဲကြောင့် အိပ်စက်မှုကို အဟန့်အတား ဖြစ်စေပြီး ပင်ပန်းနေသလို ခံစားရတာပါ။

    ဗိုက်အောင့်မယ်

    ဗိုက် အထူးသဖြင့် ဆီးစပ်က တဆစ်ဆစ်ကိုက်တာမျိုး ခံစားရနိုင်ပါတယ်။ ဒါက တစ်ယောက်နဲ့တစ်ယောက်မှာ မတူနိုင်ပါဘူး။ အချို့က ရာသီ မလာခင် ၁ ပတ် ၂ ပတ် လောက်မှာကတည်းက ခံစားရလေ့ရှိပြီး အချို့က ရာသီသွေး စဆင်းချိန်မှာ ခံစားရတတ်ပါတယ်။ ရာသီသွေး ဆင်းနေချိန် ၂ ရက် ၃ ရက်လောက်အထိ ခံစားရနိုင်ပါတယ်။

    ဝမ်းချုပ်မယ်

    ရာသီမလာခင်ရက်တွေမှာ လက်ဖက်၊ လက်ဖက်ရည်၊ ကော်ဖီ စတာတွေကို မရမနေ စားချင်မိခဲ့မယ် ဆိုရင်တော့ ရာသီအကြိုလက္ခဏာ အနေနဲ့ ဝမ်းချုပ်တာကို ခံစားရနိုင်ပါတယ်။ ဒီလိုမှ မဟုတ်ဘဲ ချဉ်ချဉ်စပ်စပ်ကိုမှ စားချင်နေတာဆိုရင်တော့ ဝမ်းပျက်ဝမ်းလျှောတာကို ခံစားရနိုင်ပါတယ်။

    လေပွမယ်

    ဟော်မုန်း အပြောင်းအလဲနဲ့ ကိုယ်တွင်းမှာ ရေပမာဏ များနေတာကြောင့် လေပွတာမျိုး ခံစားရနိုင်ပါတယ်။ ဒီပြဿနာကို ကင်းချင်ရင်တော့ ဆား လျှော့စားပါ။ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေ များများစားပါ။ လေ့ကျင့်ခန်း ပုံမှန် လုပ်ပါ။

    ခေါင်းကိုက်မယ်

    ခေါင်းကိုက်ရတာက ကိုယ်တွင်းမှာ အက်စထရိုဂျင် ဟော်မုန်းပမာဏ များလာတာကြောင့်ပါ။ ဒီလို ကိုယ်တွင်းမှာ ရာသီမလာခင် ကာလမှာ အက်စထရိုဂျင် ဟော်မုန်း မြင့်တက်မှုက ခေါင်းကိုက်တာ၊ ခေါင်းတစ်ခြမ်းကိုက်တာတွေကို ခံစားရစေနိုင်ပါတယ်။

    စိတ် အပြောင်းအလဲ မြန်တာ

    ကိုယ်တွင်းမှာ ဟော်မုန်းတွေ အပြောင်းအလဲ မြန်ဆန်လှတဲ့ ဒီကာလမှာ စိတ် အပြောင်းအလဲ မြန်တာကလည်း လေဒီလေး တော်တော်များများ ခံစားရနိုင်မယ့် ရာသီအကြိုလက္ခဏာ တစ်ရပ်ပါ။ စိတ်ဓာတ်ကျတာ၊ စိတ်ထိခိုက်လွယ်တာ၊ ဒေါသဖြစ်လွယ်တာတွေကိုပါ ခံစားရနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 08/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement