backup og meta

မိန်းမကိုယ် ကျန်းမာစေဖို့ ဒါလေးတွေ သတိထားဖို့ လိုပါမယ်

မိန်းမကိုယ် ကျန်းမာရေးက လေဒီလေးတွေအတွက် အတော်လေး အရေးပါပါတယ်။ ဒီအင်္ဂါ အစိတ်အပိုင်းလေးက ရာသီသွေးဆင်းတာ၊ အိမ်ထောင်ရေးသုခ ခံစားတာနဲ့ ရင်သွေးလေး မွေးဖွားတာလိုမျိုး တာဝန် များစွာကို ထမ်းဆောင်ပေးတာပါ။

အများစုက မိန်းမကိုယ်လို့ ပြောလိုက်ရင် ရွံ့စရာကောင်းတဲ့အရာ ဒါမှမဟုတ် ရှက်စရာ တစ်ခုလို့ ယူဆကြသလို သေချာလေး ဂရုစိုက် သန့်စင်ဖို့ကိုလည်း မေ့နေတတ်ကြပါတယ်။ မိန်းမကိုယ်က သူ့အလိုလို သန့်စင်မှု လုပ်ဆောင်နိုင်တယ်ဆိုပေမယ့် အရေပြား ယားယံတာကစလို့ အမျိုးမျိုးသော ကျန်းမာရေး ပြဿနာတွေကင်းစေဖို့အတွက် သေချာလေး ဂရုစိုက်ပေးဖို့ လိုပါမယ်။

ဘယ်လိုတွေ ဂရုစိုက်ပေးရမလဲ သိချင်တယ်ဆိုရင် ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။

မိန်းမကိုယ် ကျန်းမာစေဖို့ ဒါလေးတွေ သတိထားဖို့ လိုပါမယ်

မိန်းမကိုယ် ကျန်းမာစေဖို့ ဒါလေးတွေ သတိထားဖို့ လိုပါမယ်

ကျန်းမာပြီး နှစ်လိုဖွယ်ကောင်းတဲ့ မိန်းမကိုယ်လေး ဖြစ်စေဖို့အတွက် ဒီအချက်လေးတွေကို နေ့စဉ် လုပ်ဆောင်ဖို့ လိုပါမယ်။ ဒီလိုပြောရတာက ခန္ဓာကိုယ်မှာရှိတဲ့ အခြား အစိတ်အပိုင်းက အရေပြားတွေလိုပဲ မိန်းမကိုယ် အရေပြားကိုလည်း သေချာလေး ဂရုစိုက် ထိန်းသိမ်းစေချင်လို့ပါ။

ဒီလို ထိန်းသိမ်းမှလည်း ဝက်ခြံ ထွက်တာစလို့ မိန်းမကိုယ်အရေပြားမှာ ခံစားရနိုင်တဲ့ အမျိုးမျိုးသော ပြဿနာတွေကို ကာကွယ်နိုင်မှာပါ။

ရေနွေးနွေးလေးနဲ့ သန့်စင်ပါ

မိန်းမကိုယ်ကို ရေနွေးနွေးလေးနဲ့ သန့်စင်ပါဆိုလို့ ဟုတ်ရဲ့လားလို့ တွေးနေမိပြီလား။ မိန်းမကိုယ်ကို ရေနွေးနွေးလေးနဲ့ သန့်စင်ပေးတာက အမည်းစက်တွေ၊ ချေးတွေကို သက်သာစေနိုင်လို့ပါ။

မိန်းမကိုယ်ကို ရေနွေးနွေးလေးနဲ့ ပုံမှန် သန့်စင်ပေးတာက မိန်းမကိုယ် အရေပြားကို ကောင်းစေမှာဖြစ်သလို ပိုးဝင်ကူးစက်တာမျိုးကိုလည်း ကာကွယ်နိုင်မှာပါ။ နေရထိုင်ရတာလည်း သက်သောင့်သက်သာရှိစေမှာပါ။ ရေအရမ်း မပူဖို့တော့ သတိထားရပါမယ်။

ဆီးခုံမွေးတွေကို ဖယ်ရှားပါ

ဆီးခုံမှာ အမွေးတွေ ရှိနေတာက မိန်းမကိုယ်ကို သန့်ရှင်းမှု ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဒီအမွေးတွေကို သန့်စင်တာမျိုး လုပ်လို့ ရသလို ပုံမှန်လေး ဖယ်ရှားပေးတာမျိုးကလည်း အဆင်ပြေပါတယ်။ ဒီလို လုပ်ပေးတာက မိန်းမကိုယ် ယားယံတာကို သက်သာစေနိုင်သလို သန့်ရှင်းပြီး နှစ်လိုဖွယ်ကောင်းစေမှာပါ။

ဒါပေမယ့် တစ်ခုရှိတာက ဆီးခုံမွေး ဖယ်ရှားတာက အတူနေတဲ့အခါ ပွန်းတာ၊ လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ ဝင်လွယ်တာ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကောင်းကျိုး၊ ဆိုးကျိုး ချိန်ဆပါ။

သင့်တော်တဲ့ဆေးရည်နဲ့ သန့်စင်ပါ

မျက်နှာကို သန့်စင်ဖို့ မျက်နှာသစ်ဆေး အသုံးပြုသလို မိန်းမကိုယ်ကို သန့်စင်ဖို့အတွက်လည်း သင့်တော်တဲ့ မိန်းမကိုယ်ဆေးရည်ကို အသုံးပြုသင့်ပါတယ်။ အကြောင်းကတော့ မိန်းမကိုယ် အသားအရေကလည်း မျက်နှာနဲ့ လည်ပင်းတဝိုက်က အရေပြားလိုပဲ ထိခိုက်လွယ်လို့ပါ။

ဒါကြောင့် ကိုယ်တိုက်ဆပ်ပြာတွေ၊ ခေါင်းလျှော်ရည်လိုမျိုး အရာတွေသုံးတာက အရေပြားကို ထိခိုက်စေနိုင်ပါတယ်။ မိန်းမကိုယ်ဆေးရည်တွေ မသုံးနိုင်ရင်တောင် ရေနိုင်နိုင်နဲ့ ဆေးပေးရင်လုံလောက်ပါတယ်။ သတိထားရမှာက အပြင်အရေပြားကိုပဲ ဆေးရမှာ ဖြစ်ပြီး အတွင်းထဲထိ ဆေးတာကို ရှောင်ရပါမယ်။ မိန်းမကိုယ် pH ပျက်နိုင်လို့ပါ။

အတွင်းခံ နေ့စဉ် လဲပါ

မိန်းမကိုယ်လေး ကျန်းမာပြီ အနံ့အသက် ကင်းစေဖို့ လိုက်နာရမယ့် အချက်တွေထဲမှာ အတွင်းခံကို ပုံမှန် လဲလှယ်တာလည်း ပါပါတယ်။ အတွင်းခံကို ရွေးချယ်တဲ့အခါမှာလည်း လေဝင်လေထွက်ကောင်းပြီး ချွေးစုပ်နိုင်တဲ့ ချည်သားမျိုး ဖြစ်ဖို့ လိုပါမယ်။

ဆဲလ်သေတွေ ဖယ်ရှားပါ

မျက်နှာနဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေက ဆဲလ်သေတွေကို ဖယ်ရှားသလို မိန်းမကိုယ်က ဆဲလ်သေတွေကိုလည်း ပုံမှန်လေး ဖယ်ရှားဖို့ လိုပါမယ်။ ဒီလို လုပ်ဆောင်ပေးတာက အညစ်အကြေးတွေ ဆဲလ်သေတွေကို ထိထိရောက်ရောက် ဖယ်ရှားနိုင်မှာပါ။ အရေပြားက နူးညံ့တဲ့အတွက် ခပ်ပြင်းပြင်း တိုက်တာမျိုး၊ မကြာခဏ တိုက်တာမျိုးကို ရှောင်ရပါမယ်။

Moisturizer လိမ်းပေးပါ

မိန်းမကိုယ်လေး ကျန်းမာအောင် ထိန်းသိမ်းတဲ့နေရာမှာ မေ့ထားလို့ မဖြစ်တဲ့ အချက်တစ်ခုက moisturizer လိမ်းတာပါ။ moisturizer  ပုံမှန် လိမ်းပေးတာက မိန်းမကိုယ် အရေပြားကို ကျန်းမာစေနိုင်ပါတယ်။

moisturizer သုံးတဲ့အခါ အယ်လ်ကိုဟော် မပါတာမျိုးကို ရွေးချယ်ဖို့ လိုပါတယ်။ အတွင်းပိုင်းကို လိမ်းတာမျိုး ရှောင်ကြဉ်ရပါမယ်။

ကဲ …… ဒီနည်းလမ်းလေးတွေကို အသုံးပြုပြီး မိန်းမကိုယ် ကျန်းမာစေဖို့ နဲ့ အနံ့အသက်ကင်းပြီး နှစ်လိုဖွယ်ကောင်းစေဖို့ လုပ်ဆောင်လိုက်စို့နော်။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Looking for ways to lighten your vaginal area? 5 home remedies you can try https://www.thehealthsite.com/home-remedies/looking-for-ways-to-lighten-your-vaginal-area-5-home-remedies-you-can-try-780600/ Accessed Date 9 December 2021

How To Lighten Private Parts Home Remedies – Lighten private parts and Vagina https://natural-glow-healthy.blogspot.com/2019/07/how-to-lighten-private-parts-home-remedies.html Accessed Date 9 December 2021

ယခုပုံစံ

20/06/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မိန်းမကိုယ်မှာပေါက်တဲ့ ဝက်ခြံ သက်သာစေဖို့

မိန်းမကိုယ် နဲ့ ပတ်သက်တဲ့ ယုံတမ်းစကား (၆)ချက်


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 20/06/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement