home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

မိန်းမကိုယ်သန့်ရှင်းရေးလုပ်တဲ့နေရာမှာ ဘာ့ကြောင့်ကိုယ်တိုက်ဆပ်ပြာကို မသုံးသင့်တာလဲ ။ ။

မိန်းမကိုယ်သန့်ရှင်းရေးလုပ်တဲ့နေရာမှာ ဘာ့ကြောင့်ကိုယ်တိုက်ဆပ်ပြာကို မသုံးသင့်တာလဲ ။ ။

မိန်းကလေး တစ်ယောက်အတွက် မိန်းမကိုယ်ဆိုတာ အရမ်းကို နူးညံ့ပြီး အထိခိုက်မခံတဲ့ အစိတ်အပိုင်းတစ်ခုပါ။ မိန်းကလေးတစ်ယောက် ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိဖို့ တည်ဆောက်ပေးတဲ့နေရာဆိုလည်းမမှားပါဘူး။ မိတ်ကပ်တွေတော့ လိမ်းထားပါရဲ့၊ မိန်းမကိုယ်က အဖြူဆင်းများပြီး ယားနေတာ၊ ပိုးဝင်မှိှုစွဲပြီး ရောင်ရမ်းနေတာဆို လူကြားထဲ ဘယ်လိုလုပ် ယုံကြည်မှု အပြည့်နဲ့သွားရဲတော့မလဲနော်။ ။

ဒီတော့ အခြားကိုယ်ပေါ်က အစိတ်အပိုင်းတွေလိုပဲ မိန်းမကိုယ်ကို သန့်ရှင်းရေး လုပ်ပေးဖို့အရေးကြီးပါသေးတယ်။ ဒါမှ ပြီးပြည့်စုံတဲ့ အလှအပနဲ့ တစ်ကိုယ်ရည် သန့်ရှင်းရေးကို မိန်းကလေးတိုင်း ပိုင်ဆိုင်နိုင်မှာလေ။

ကဲ သန့်ရှင်းရေးလုပ်ဖို့ ဘယ်လို အရေးကြီးလဲဆိုတဲ့ အပိုင်းကို ပြောပြီးသွားပြီဆိုတော့ သန့်ရှင်းရေး ဘယ်လိုလုပ်ရမှာလဲ။

မိန်းမကိုယ်ကို ဘယ်လိုသန့်ရှင်းရေးလုပ်ရမှာလဲ ။ ။

အမျိုးသမီးတော်တော်များများ အမှတ်မှားနေတာက မိန်းမကိုယ်လည်း ကိုယ်ပေါ်က အစိတ်အပိုင်းတစ်ခုပဲ။ ဆပ်ပြာနဲ့ ရေနဲ့ သုံးလိုက်ရင် ဘက်တီးရီးယားတွေ အားလုံးကို သတ်ပြီးသား၊ သန့်စင်ပြီးသားပဲ လို့ထင်နေတတ်ကြပါတယ်။ ဒါက အင်မတန်မှားပါတယ်။ နူးညံ့ပြီး အထိခိုက်မခံပါဘူးဆိုတဲ့ မိန်းမကိုယ်ကို ကိုယ်တိုက် ဆပ်ပြာ အပြင်းစားတွေနဲ့တိုက်လိုက်တဲ့အခါ ပိုးတွေ သေစေတာတော့မှန်ပေမယ့် မိန်းမကိုယ်ကို နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်ကျန်စေပါတယ်။

ဒါ အချက်တွေကြောင့် မိန်းမကိုယ် သန့်ရှင်းတဲ့အခါ ဆပ်ပြာကို မသုံးသင့်ပါ ။ ။

  • ဆပ်ပြာမှာပါတဲ့ အက်ဆစ်တွေက မိန်းမကိုယ် အရေပြား pHထက်ပြင်းတဲ့အတွက် မိန်းမကိုယ် အတွင်းက pH ပမာဏ ကမောက်ကမ ဖြစ်သွားတတ်လို့ အတွင်းက အကျိုးပြု ဘက်တီးရီးယားတွေ ထိခိုက်ကုန်ပါတယ်။
  • တစ်ချို့ဆပ်ပြာတွေမှာ သုံးထားတဲ့ ဓါတုပစ္စည်းတွေကြောင့် မိန်းမကိုယ်ရောင်ရမ်းတာမျိုးတွေ ဖြစ်တတ်တဲ့အပြင်
  • ဆပ်ပြာမှာ ပါတဲ့ အမွှေးနံ့ ပြင်းပြင်းတွေကြောင့် မိန်းမကိုယ် ခြောက်သွေ့ပြီး ယားယံတာမျိုးတွေ လည်း ဖြစ်တတ်ပါတယ်။
  • ဒါ့အပြင် ဆပ်ပြာတွေရဲ့ ပြင်းတဲ့အက်ဆစ်ကြောင့် မိန်းမကိုယ်အတွင်းပိုင်းမှာရှိတဲ့အကျိုးပြု ဘက်တီးရီးယားတွေပါ သေသွားပြီး နဂိုရှိပြီးသား ခုခံတဲ့စနစ်တောင်ပျက်သွားနိုင်ပါတယ်။

ဒါ့ကြောင့် ဘယ်လောက်ပဲ မိန်းမကိုယ်သန့်ရှင်းအောင် လုပ်လုပ် ဆပ်ပြာကိုတော့ မသုံးသင့်ပါဘူး။ ဆပ်ပြာ မသုံးရဘူးဆိုတော့ မိန်းမကိုယ်သန့်ရှင်းရေးအတွက် ဘာသုံးရမှာလဲ ။ ။

မိန်းမကိုယ်အတွက်သီးသန့်ထုတ်ထားတဲ့ အမျိုးသမီး သန့်စင်ဆေးရည် ေတွရှိပါတယ်။ သူတို့ကရော ဆပ်ပြာနဲ့ မတူဘူးလား။ ။

အမျိုးသမီးသန့်စင်ဆေးရည် တွေနဲ့ ဆပ်ပြာနဲ့ လုံးဝကို မတူပါဘူး။ အမျိုးသမီးသုံး သန့်စင်ဆေးရည်တွေဟာ

  • မိန်းမကိုယ် အရေပြား pH နဲ့ ညီမျှအောင်ထုတ်ထားတာကြောင့် pH ပမဏကို ကမောက်ကမ မဖြစ်စေပါဘူး။
  • ဓါတုပစ္စည်းတွေ မပါဝင်တဲ့အပြင် အမွှေးနံ့ ပြင်းပြင်း တွေ သုံးမထားလို့ မိန်းမကိုယ် ခြောက်သွေ့ ရောင်ရမ်းခြင်းကို မဖြစ်စေပါဘူး။ မိန်းမကိုယ်ကနေထွက်တဲ့ အနံ့ဆိုးတွေကိုတောင် ကာကွယ်ပေးဦးမှာပါ။
  • ဒ့ါအပြင် မိန်းမကိုယ်အတွင်းက အကျိုးပြုဘက်တီးရီးယားတွေကို အားပေးတဲ့ အကျိုးပြု ဘက်တီးရီးယား အာဟာရဓါတ် Prebiotic လည်း ပါဝင်တာကြောင့် မိန်းမကိုယ်တွင်းက သဘာဝ ခုခံအားစနစ်ကို အားဖြည့်ပေးတဲ့အတွက် မိန်းမကိုယ်ပိုးဝင်ပြီးရောင်ရမ်းတာ၊ မှိုစွဲပြီး ယားယံတာတွေကိုတောင်သူက သက်သာစေဦးမှာပါ။ ။

ဒါ့ကြောင့် သန့်ရှင်းပြီး အနံ့ဆိုးကင်းတဲ့ မိန်းမကိုယ်တစ်ခု ပိုင်ဆိုင်ဖို့အတွက် မိန်းမကိုယ်သန့်ရှင်းတဲ့နေရာမှာ ဆပ်ပြာအစား အမျိုးသမီးသန့်စင်ဆေးရည်တွေကိုသာ သုံးဖို့ အကြံပေးချင်ပါတယ်။ ။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Thin Yadanar @ Frances မှ ရေးသားသည်။ 3 ရက် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။