brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

သားဥအိမ် နှစ်ဖက်လုံး ထုတ်ပြီးရင် ကလေးရနိုင်သေးလား

သားဥအိမ် ဆိုတာဘာလဲ

သားဥအိမ် နှစ်ဖက်လုံး ထုတ်ပြီးရင် ကလေးရနိုင်သေးလား

သားဥအိမ်ကို ထုတ်တယ်ဆိုတာ ဘယ်လိုမျိုးလဲ။

သားဥအိမ်ထုတ်တာကို ဆေးပညာအရ oophorectomy လို့ ခေါ်ပါတယ်။ သားအိမ် တစ်ဘက်တစ်ချက်စီမှာရှိတဲ့ သားဥအိမ် တစ်လုံးကို ဖြစ်စေ၊ နှစ်ခုလုံးကို ဖြစ်စေ မေ့ဆေး ( ဒါမှမဟုတ်) ခါးထုံဆေး ပေးပြီး ခွဲထုတ်တဲ့ အကြီးစား ခွဲစိတ်မှုတစ်ခုပါ။

သားဥအိမ် ထုတ်ရတဲ့ အကြောင်းအရင်းတွေကတော့

  • သားဥအိမ်နဲ့ သားဥပြွှန်မှာ ပြည်တည်တာ
  • သားဥအိမ်ကင်ဆာ
  • Endometriosis( သားအိမ်တွင်း ဆဲလ်များနေရာလွဲခြင်း သို့ သားအိမ်သွေးလုံးတည်ခြင်း)
  • ကင်ဆာ မဟုတ်တဲ့ သားအိမ်မှာအလုံးတည်ခြင်း (ဥပမာ သားဥအိမ် အရည်အိတ်တည်ခြင်း
  • Ovarian torsion( သားဥအိမ်အညှာတံ လိမ်နေခြင်း)
  • သားအိမ်ကင်ဆာဖြစ်ပြီး သားဥအိမ်ကိုပြန့်သွားတဲ့အခါ
  • သားဥအိမ်ကင်ဆာဖြစ်နိုင်ချေ မြင့်မားနေတဲ့အခါမျိုးတွေမှာ သားဥအိမ်ကိုထုတ်လိုက်ကြလေ့ရှိပါတယ်။
  • သားဥအိမ်ကို ထုတ်တော့မယ်ဆိုပါတော့။ လူနာရှင်ဘက်က ဘာတွေ သိထားသင့်လဲ ။ ။

    သားဥအိမ်ထုတ်တဲ့အခါမှာ သားဥအိမ် တစ်ခုလုံး ဒါမှမဟုတ်ရင် နှစ်ခုလုံးထုတ်လေ့ရှိပါတယ်။

    ကိုယ်ဝန်ရခြင်း မရခြင်းနဲ့ ရာသီစက်ဝန်းအပေါ် သားဥအိမ်က သက်ရောက်မှု အများကြီးရှိတယ်ဆိုတာ အားလုံးသိပြီးဖြစ်မှာပါ။ သားဥအိမ်ကိုထုတ်လိုက်တဲ့အခါ

    သားဥအိမ် ၂ ဘက်လုံးထုတ်တဲ့အခါ

    သားဥအိမ် နှစ်ဖက်လုံး ထုတ်ပြီးရင်

    • ကလေးမရနိုင်တော့ခြင်း – သားဥအိမ် နှစ်ဘက်လုံးထုတ်လိုက်ရတဲ့ အမျိုးသမီးတွေဟာ သဘာဝအတိုင်း ကလေးမရနိုင်တော့ပါဘူး။ ကလေးလိုချင်ရင်ဖန်ပြွန်သန္ဓေသားနည်းလမ်းနဲ့ ယူမှရတော့မှာပါ။
    • သွေးဆုံးလက္ခဏာများခံစားရခြင်း – ရာသီစက်ဝန်းထိန်းချုပ်တဲ့ ဟော်မုန်းတွေထုတ်ပေးတဲ့ သားဥအိမ်မရှိတော့တဲ့အခါ သွေးဆုံးခြင်းလက္ခဏာတွေကိုခံစားရမှာပါ။

    သားဥအိမ် ၁ ဘက်တည်းထုတ်ခြင်း

    • သားဥအိမ် ၁ ဘက်တည်းထုတ်ထားရင်တော့ ကလေးရနိုင်သေးသလို အရွယ်မတိုင်ခင် သွေးဆုံးတာမျိုးတွေလည်း မဖြစ်တော့ပါဘူး။ ဒါကြောင့် အများစုက သားဥအိမ်ကို တစ်လုံးတော့ချန်ခဲ့ကြပါတယ်။ ဘယ်လိုမှ မတတ်နိုင်ဘူး။ နှစ်ဖက်လုံးမှ ဖြစ်မယ့်အခြေအနေဆိုရင်တော့လည်း ထုတ်ရမှာပေါ့။

    ကိုယ်ကလည်း အသက်ငယ်သေးတယ်၊ အိမ်ထောင်မကျသေးဘူး၊ ကလေးထပ်ယူချင်သေးတယ် ဆိုရင်တော့ ဖြစ်နိုင်ရင်သားဥအိမ် တစ်လုံးပဲ ထုတ်ပြီးနောက်တစ်လုံးချန်ခဲ့ပါ။

    အသက်ကလည်းကြီးနေပြီ၊ ကလေးထပ်ယူဖို့လည်း ဆန္ဒမရှိတော့ဘူးဆိုရင်တော့ နောက်ပိုင်း ကင်ဆာရန်ကိုကြောက်ရတဲ့အတွက် သားဥအိမ် ၂ ခုလုံးထုတ်လိုက်တာ ပိုကောင်းပါတယ်။

    သားဥအိမ် ၂ ဘက်လုံးထုတ်လိုက်ရပြီးနောက်ကိုယ်ဝန် ရချင်ရင် ဘယ်လိုလုပ်ရမလဲ။

    သားဥအိမ်တစ်လုံး ကျန်ခဲ့ရင် ကိုယ်ဝန်ရဖို့က ဖြစ်နိုင်ပေမယ့် သားဥအိမ် နှစ်ဖက်လုံး ထုတ်ပြီးရင် သဘာဝအတိုင်း ကိုယ်ဝန်ရဖို့က ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး။ ဒါပေမယ့် မျှော်လင့်ချက်တစ်ခုရှိပါသေးတယ်။ ဒါကတော့ ဖန်ပြွန်သန္ဓေသားနည်းပဲဖြစ်ပါတယ်။ သားဥအိမ် ၂ ဘက်လုံး မရှိတော့ပေမယ့် သားအိမ်ရှိနေသေးရင် ဖန်ပြွှန်သန္ဓေသားနည်းနဲ့ ကိုယ်ဝန်ယူလို့ရပါသေးတယ်။

    သားဥအိမ် ၂ ဘက်လုံးထုတ်ထားတဲ့ အမျိုးသမီးတွေခံစားရတဲ့ သွေးဆုံးကိုင် လက္ခဏာတွေကို သက်သာစေဖို့အတွက် ဟော်မုန်းအစားထိုးခြင်း ကုသမှုခံယူလို့ရပါတယ်။

    Hello Sayarwon Panel
    Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thin Yadanar @ Frances မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 19/08/2022 ဖြစ်ပါသည်။

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။