brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

သွေးဆုံးချိန်မှာ ဝမ်းချုပ်တာဘာကြောင့်များလဲ! ဘယ်လို သက်သာအောင် လုပ်ရမလဲ!

သွေးဆုံးတယ်ဆိုတာက အမျိုးသမီးတိုင်း ခံစားရနိုင်တဲ့ ဇရာရဲ့ ပြယုဂ် တစ်ခုပါ။ သွေးဆုံးချိန်မှာ အသားခြောက်တာ၊ ခန္ဓာကိုယ်မှာ ပူစပ်ပူလောင် ဖြစ်တာတွေကို ခံစားရနိုင်ပါတယ်။ ဒီလို သွေးဆုံးချိန်မှာ နေရထိုင်ရ အဆင်မပြေတာတွေကို ခံစားရတာကြောင့် အမျိုးသမီးတိုင်းက သွေးဆုံးချိန်ကို ကြောက်ကြပါတယ်။ သွေးဆုံးချိန်မှာ အများသိကြတာက ပူစပ်ပူလောင် ဖြစ်တာမျိုးပါ။ 

သွေးဆုံးချိန်မှာ ဝမ်းချုပ်တာဘာကြောင့်များလဲ! ဘယ်လို သက်သာအောင် လုပ်ရမလဲ!

တကယ်ကတော့ သွေးဆုံးချိန်မှာ ပူစပ်ပူလောင်ဖြစ်တာတင် မဟုတ်ဘဲ ခံစားရနိုင်တဲ့ လက္ခဏာတွေက အများကြီးပါ။ ဒီလို သွေးဆုံးချိန်မှာ အရေပြားတွေ ပူစပ်ပူလောင် ဖြစ်တာအပြင် ဝမ်းချုပ်တာကိုလည်း ခံစားရနိုင်ပါတယ်။ အခုတစ်ခေါက်မှာတော့ သွေးဆုံးချိန်မှာ ဝမ်းချုပ်တာဘာကြောင့်များလဲ! ဘယ်လို သက်သာအောင် လုပ်ရမလဲ! ဆိုတာကို ပြောပြပေးချင်ပါတယ်။ 

သွေးဆုံးချိန်မှာ ဝမ်းချုပ်တာဘာကြောင့်များလဲ!

သွေးဆုံးချိန်မှာ ဝမ်းချုပ်တာဘာကြောင့်များလဲ! ဆိုတော့ သွေးဆုံးချိန်မှာ ကိုယ်တွင်းက ဟော်မုန်းတွေ ပြောင်းလဲတာကြောင့်ပါ။ သွေးဆုံးချိန်မှာ အမျိုးသမီးတွေရဲ့ ကိုယ်တွင်းက လိင်ပိုင်းဆိုင်ရာ ဟော်မုန်းဖြစ်တဲ့ အီစထရိုဂျင်တွေ၊ ပရိုဂျက်စတုန်းဟော်မုန်း ကျဆင်းသွားတာကြောင့် ဝမ်းချုပ်တာနဲ့ အခြားသော မအီမသာဖြစ်မှုတွေကို ခံစားရပါတယ်။ 

သွေးဆုံးချိန်မှာ ဟော်မုန်း ပြောင်းလဲတာကြောင့်တင် မဟုတ်ဘဲ သွေးဆုံးချိန်မှာ နေရထိုင်ရ မအီမသာ ဖြစ်တာတွေကြောင့် ကိုယ်လက်လှုပ်ရှားမှု နည်းလာတာတွေကြောင့်လည်း ဝမ်းချုပ်တာကို ခံစားရနိုင်ခြေ များနေတာပါ။ 

နောက်ထပ်ဖြစ်နိုင်ခြေ တစ်ခုကတော့ သွေးဆုံးချိန်မှာ တင်ပဆုံကြွက်သားတွေကို အားနည်းစေပြီး ဝမ်းချုပ်တာကို ဖြစ်စေတာပါ။

ဒီအချက်တွေအပြင် စိတ်ဖိစီးတာ၊ စိုးရိမ်စိတ်များတာတွေကလည်း သွေးဆုံးချိန်မှာ ဝမ်းချုပ်တာကို ဖြစ်စေနိုင်ပါတယ်။ နောက်ပြီး သွေးဆုံးချိန်မှာ အူတွေရဲ့ လှုပ်ရှားမှု နှေးတာကြောင့်လည်း ဝမ်းချုပ်တာကို ခံစားရနိုင်ပါတယ်။ 

ဒီအချက်တွေက သွေးဆုံးချိန်မှာ ဝမ်းချုပ်တာကို ဖြစ်စေတဲ့ အချက်တွေပေါ့။ ဒီလိုမျိုး သွေးဆုံးချိန်မှာ ဝမ်းချုပ်တာကို သက်သာစေဖို့အတွက် ဘယ်လို နည်းလမ်းလေးတွေနဲ့ ဖြေရှင်းလို့ ရမလဲဆိုတာကို ဆက်ကြည့်လိုက်ရအောင်နော်။

သွေးဆုံးချိန်မှာ ဝမ်းချုပ်တာကို သက်သာစေဖို့

သွေးဆုံးချိန်မှာ ဝမ်းချုပ်တာကို သက်သာစေဖို့အတွက် 

  • ရေများများ သောက်ပါ

သွေးဆုံးချိန်မှာ ဝမ်းချုပ်တာကို သက်သာစေဖို့အတွက် နေ့စဉ်မှာ ရေကို လုံလောက်အောင် သောက်ပါ။ ရေကို ပြည့်ပြည့်ဝဝ သောက်ပေးတာက သွေးဆုံးချိန်မှာ ဝမ်းချုပ်တာကို သက်သာစေမှာပါ။

  • အသီးအရွက်တွေ စားပေးပါ

အမျှင်ဓာတ် ကြွယ်ဝမှုက ဝမ်းချုပ်တာကို သိသိသာသာ သက်သာစေနိုင်ပါတယ်။ ဒါကြောင့် သွေးဆုံးချိန်မှာ ဝမ်းချုပ်တာကို သက်သာစေဖို့ဆိုရင် နေ့စဉ် စားသုံးမှုမှာ အမျှင်ဓာတ် ကြွယ်ဝစေဖို့အတွက် အသီးအရွက်တွေကို စားပေးပါ။ 

  • ကိုယ်လက်လှုပ်ရှားမှု ပုံမှန် လုပ်ပေးပါ

ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးတာက အူတွေရဲ့ လှုပ်ရှားမှုကို ကောင်းမွန်စေပြီး သွေးဆုံးချိန်မှာ ဝမ်းချုပ်တာကို သက်သာစေနိုင်ပါတယ်။ 

  • လိုအပ်တဲ့ ကုသမှု ခံယူပါ

သွေးဆုံးချိန်မှာ ဝမ်းချုပ်တာက တော်တော်နဲ့ မသက်သာတာမျိုး ဖြစ်မယ်ဆိုရင်တော့ တတ်ကျွမ်းနားလည်သူနဲ့ သေချာလေး ပြသပြီး လိုအပ်တဲ့ ကုသမှုတွေကို ခံယူဖို့ လိုပါမယ်။

  • စိတ်ဖိစီးမှုကို လျှော့ချပါ

သွေးဆုံးချိန်မှာ စိတ်ဖိစီးတာကြောင့်လည်း ဝမ်းချုပ်တာကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် သွေးဆုံးချိန်မှာ ဝမ်းချုပ်မှု ကင်းစေဖို့ စိတ်ဖိစီးမှုကို တတ်နိုင်သမျှ ဖြေလျှော့ပါ။ 

အခုပြောပြတဲ့ နည်းလမ်းလေးတွေနဲ့ သွေးဆုံးချိန်မှာ ဝမ်းချုပ်တာကို သက်သာစေဖို့ လုပ်ဆောင်လို့ ရပါတယ်။ 

Htet Htet Zaw Win
Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG · ပြန်လည်သုံးသပ်သူ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 04/04/2024 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။