backup og meta

ဝမ်းချုပ်တာကိုဖြေရှင်းပေးမယ့် စူပါ အစားအသောက် ၉ မျိုး။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 17/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝမ်းချုပ်တာကိုဖြေရှင်းပေးမယ့် စူပါ အစားအသောက် ၉ မျိုး။ ။

    ဝမ်းချုပ်တယ်။ ဆေးလည်းမသောက်ချင်ဘူး။ သဘာဝအတိုင်းပဲ ဝမ်းမှန်ချင်တယ်၊ ဝမ်းသွားရတာလည်း လွယ်ချင်တယ်ဆိုရင် သင့်ပြဿနာကို ဖြေရှင်း ပေးဖို့ အစားအသောက်တွေလောက် ကောင်းတဲ့အရာမရှိတော့ပါဘူး။ ဝမ်းချုပ်တာကိုဖြေရှင်းပေးမယ့် စူပါ အစားအသောက် နွေက ဘာတွေ ဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

    ဝမ်းချုပ်တာကိုဖြေရှင်းပေးမယ့် စူပါ အစားအသောက် ၉ မျိုး။ ။

    ဝမ်းဆိုတာလည်း အစားအသောက်တွေရဲ့ နောက်ဆုံးဖြစ် အကြွင်းအကျန်ပဲမဟုတ်လား။ ။ ဝမ်းချုပ်ခဲ့ရင် အတော်လေး နေရခက်ပါတယ်။ ဝမ်းချုပ်တာကိုဖြေရှင်းပေးမယ့် စူပါ အစားအသောက် တွေက ဘာတွေလဲ ဆိုတော့

    • ၁။ ဘယ်ရီသီးများ။ ။

    အမျှင်ဓါတ်တွေ ကြွယ်ဝတဲ့ ဘယ်ရီသီးတွေကြောင့် သင်ဝမ်းမှန်မယ့်အပြင် ဘယ်ရီသီးတွေမှာ ပါတဲ့ ဗီတာမင် C ရဲ့ ဓါတ်တိုးဆန့်ကျင်အာနိသင်တွေကြောင့် အူမကြီး ကင်ဆြာဖစ်တာကိုလည်း သူတို့က ကြိုတင်ကာကွယ်ပေးဦးမှာပါ။

    • ၂ ။ သစ်တော်သီး။ ။

    သစ်တော်သီးမှာ ဗီတာမင်နဲ့ သတ္တုဓါတ်ေတွကြွယ်ဝတဲ့ အပြင် အမျှင်ဓါတ်နဲ့ ရေဓါတ်လည်း အများကြီးပါတာကြောင့် သင်ဖြစ်နေတဲ့ ဝမ်းချုပ်တဲ့ ပြဿနာကို သူက အကောင်းဆုံးဖြေရှင်းပေးမှာပါ။ သစ်တော်သီး တစ်လုံးမှာ ကယ်လိုရီ ၆၀ သာပါတဲ့အတွက် ဝိတ်တက်မှာလည်း စိတ်မပူနဲ့နော်။ ။

    • ၃ ။ ပြောင်းဖူးပေါက်ပေါက်။ ။

    ရုပ်ရှင်ကြည့်မှ ပြောင်းဖူးပေါက်ပေါက်စားရတာ မဟုတ်ပါဘူး။ ပြောင်းဖူးပေါက်ပေါက်ကို အချိုတွေ၊ အငန်ေတွ အများကြီးမထည့်ထားသရွေ့ သူက အချိန်မရွေးစားလို့ရတဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သရေစာတစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် ပြောင်းဖူးမှာပါတဲ့ အမျှင်ဓါတ်ကလည်း သင့်ကို ဝမ်းမှန်စေမှာပါ။ ဒါကြောင့် ကိုယ်ကဝမ်းချုပ်တတ်လို့ရှိရင် ပြောင်းဖူးပေါက်ပေါက်ကို သရေစာ အဖြစ် စားပေးလို့ရပါတယ်။

    • ၄ ။ ဖရဲသီး။ ။

    ဖရဲသီးမှာ အမျှင်ဓါတ်အများကြီးမပါပေမယ့် ပါဝင်တဲ့ ရေဓါတ် ၉၂ ရာခိုင်နှုန်းက အူလမ်းကြောင်း လှုပ်ရှားမှုကို ကောင်းစေမှာပါ။ ဗီတာမင် A C E တို့အပြင် ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်း ဖရဲသီးမှာ ကြွယ်ဝစွာပါပါတယ်။ ဒါ့အပြင် ဖရဲသီးအောက်ခြေနားက အဖြူအသားကို စားပေးရင် ဆီးကျောက်တည်တာကိုလည်း ကြိုတင်ကာကွယ်ပြီးသားဖြစ်ပါတယ်။

    အုတ်ဂျုံဟာ လူတိုင်းရွေးချယ်ပြီး စားသင့်တဲ့ မနက်စာတစ်ခုပါ။ သူ့မှာ အမျှင်ဓါတ်တွေ အများကြီးပါတဲ့အပြင် ရေဓါတ်စုပ်ယူမှုကိုလည်း ကောင်းစေလို့ ဝမ်းမှန်စေပါတယ်။ အစာခြေစနစ်ကို အားပေးလို့ အစာကြေလွယ်တဲ့အပြင် ပရိုတင်းဓါတ်ကယ်လ်ဆီယမ်နဲ့ သံဓါတ်ေတွလည်း ကြွယ်ဝစွာပါဝင်လို့ အာဟာရနဲ့ ပြည့်စုံတဲ့ အစားအသောက်တစ်ခုပါ။

  • ၆ ။ အာလူး။ ။
  • အာလူးကြော်ကသာ ကျန်းမာရေးနဲ့ မညီညွတ်ပေမယ့် ပြုတ်ထားတဲ့ အာလူးတစ်လုံးမှာတော့ ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ ကစီဓါတ်တွေ အများကြီးတဲ့အပြင် အူအတွင်းမှာအကျိုးပြု ဘက်တီးရီးယားတွေ ပိုပေါက်ပွားစေဖို့အတွက်လည်း သူကအားပေးပါတယ်။

    • ၇ ။ ပဲနီလေး။ ။

    ပဲဆိုတာ အမျှင်ဓါတ်ရော ပရိုတင်းဓါတ်ရော နှစ်မျိုးလုံး ကြွယ်ဝတဲ့ တစ်ခုတည်းသောအရာဖြစ်ပါတယ်။ ပဲများများစားရင် ဝမ်းသွားတယ်ဆိုတာ ပြောပြစရာ မလိုအောင်လူတိုင်း သိနေတဲ့ အရာတစ်ခုပါ။

    • ၈ ။ ဒိန်ချဉ်။ ။

    ဒိန်ချဉ်က အူအတွင်းမှာရှိတဲ့ အကျိုးပြု ဘက်တီးရီးယားတွေကို အားကောင်းစေလို့ ဝမ်းကို မှန်စေတဲ့ အပြင် ခုခံအားစနစ်ကိုလည်း အားကောင်းစေပါတယ်။

    • ၉ ။ ရေ။ ။

    ဝမ်းသွားဖို့အတွက်ဆို အူမကြီးကနေ ရေတွေကို စုပ်ယူရပါတယ်။ ဒါမှ အူကို လှုံဆောင်သလိုဖြစ်ပြီး ဝမ်းထဲလည်း ရေတွေရောသွားလို့ ဝမ်းသွားရတာလည်း လွယ်ကူစေမှာပါ။ ဝမ်းမှန်စေဖို့ ရေကို အသောက်ပေးသင့်ဆုံး အချိန်ကတော့ မနက်အိပ်ရာက နိုးနိုးချင်းဖြစ်ပါတယ်။

    ဒါတွေကတော့ သင်ဖြစ်နေတဲ့ ဝမ်းချုပ်နေတဲ့ ပြဿနာကို ဖြေရှင်းပေးမယ့် စူပါ အစားသောက် ၉ မျိုးပဲဖြစ်ပါတယ်။ ကိုယ့်နေ့စဉ်စားတဲ့ အစားအစာတွေထဲမှာ ဒီ ၉ မျိုးထဲက တစ်နေ့ကို တစ်မျိုးလောက်ထည့်စားပေးရုံနဲ့တင် သင်ဖြစ်နေတဲ့ ပြဿာနာတွေ ပြေလည်သွားမှာပါ။ အစာလည်းဆေး၊ ဆေးလည်း အစာပဲလေနော်။ ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 17/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement