backup og meta

ကလေးလည်း မဟုတ်ဘဲ အိပ်ကောင်းတုန်း ညဘက်အိပ်ရာထဲ ဆီးတွေသွားမိတာ ဘာကြောင့်လဲ ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးလည်း မဟုတ်ဘဲ အိပ်ကောင်းတုန်း ညဘက်အိပ်ရာထဲ ဆီးတွေသွားမိတာ ဘာကြောင့်လဲ ။  ။

    တစ်ချို့ဖြစ်ဖူးကြမှာပါ။ အသက်က တော့ ၂၀ ကျော်နေပြီ ညဘက် အိပ်ရာထဲ သေးပေါက်ချမိနေတုန်း။ အိပ်ကောင်းနေတဲ့အချိန်မှာ ပြန်ပြီး သန့်ရှင်းရေး လုပ်ရတာလောက် အသဲပေါက်ဖို့ကောင်းတာ မရှိပါဘူး။ ပုံမှန်ဆို အသက်ကလေး ရလာပြီ ၁၀ နှစ်ကျော်လာပြီဆိုတာနဲ့ အိပ်ရာထဲမှာ ဆီးသွားတာမျိုးတွေ မရှိတော့ပါဘူး။ လူနည်းစုမှာတော့ နေ့တိုင်း မဟုတ်တောင် ၁လ တစ်ခါ ၂ လတစ်ခါ ( ဒါမှမဟုတ်) ၁ပတ်၁ ခါ အိပ်ရင်းနဲ့ ဆီးတွေသွားမိတာ ရှိတတ်ကြပါတယ်။ ဒါတွေက ဘာကြောင့်ဖြစ်ရတာလဲ။ ရောဂါတစ်ခုခုကြောင့် ဖြစ်နေရတာလား ။ ။

    အိပ်ရင်းနဲ့ အိပ်ရာထဲ ဆီးသွားမိတဲ့ အကြောင်းအရင်းများ ။ ။

    Antidiuretic hormone ဆီးမသွားချင်အောင်ထိန်းတဲ့ ဟော်မုန်း ပုံမှန် မဟုတ်ခြင်း ။ ။

    • Antidiuretic hormone ဆိုတာ သင့်ေကျာက်ကပ်ထဲမှာ ဆီးတွေစုနေတာကို ထိန်းပေးပြီး ဆီးမသွားချင်အောင် ထိန်းထားပေးတဲ့ ဟော်မုန်းပါ။ ဒီဟော်မုန်းက ညဘက်သင်အိပ်တော့မယ့် အချိန်ဆို ကိုယ်တွင်းမှာ အများကြီးထွက်လာရတာပါ။ တစ်ချို့လူတွေမှာတော့ ဟော်မုန်းလုံလောက်အောင် မထွက်တာကတစ်ကြောင်း၊ ထွက်နေတဲ့ဟော်မုန်းက ကောင်းကောင်း အလုပ်မလုပ်တာကတစ်ကြောင်းကြောင့် ညဘက်အိပ်ရာထဲဆီးသွားရတာဖြစ်ပါတယ်။

    ဆီးအိတ်သေးနေခြင်း ။ ။

    • ဆီးအိမ် သေးတယ်ဆိုတာ အခြား ဆီးအိမ်တွေနဲ့ ယှဉ်ရင် အရွယ်အစား အရမ်းသေးနေတာကို ပြောတာမဟုတ်ပါဘူး။ ဆီးလေးနည်းနည်းလေးပြည့်လာတာနဲ့ ဆီးကို မထိန်းနိုင်တော့ဘဲ ဆီးသွားချင်တာကို ပြောတာဖြစ်ပါတယ်။

    ဆီးအိမ်ကြွက်သားများ အလုပ်ပိုလုပ်ခြင်း ။ ။

  • ဆီးအိမ်က ကြွက်သားတွေဖြစ်တဲ့ Detrusor ကြွက်သားတွေဟာ ဆီးသွားချင်ရင် ကျုံလာရပြီး ဆီးတွေသိုလှောင်ထားတဲ့အချိန်ဆို ကြွက်သားတွေ ဆန့်လာရပါတယ်။ ဒီကြွက်သားတွေ အချိန်မှားပြီး အလုပ်လုပ်တဲ့အခါမျိုးဆို ဆီးမထိန်းနိုင်တော့တာမျိုးဖြစ်တတ်ပါတယ်။ ဒါကို overactive bladder လို့ခေါ်ပါတယ်။ ဒီဝေဒနာ ခံစားနေရတဲ့သူတွေအနေနဲ့ ညဘက်အိပ်ရာထဲ ဆီးသွားတတ်ပါတယ်။
  • ကင်ဆာ။ ။

    ဆီးချိုရောဂါ ။ ။

    ဆီးဆေး ။ ။

  • ဆီးဆေးတွေပဲ ဖြစ်ဖြစ် ၊ အခြား ဆီးလမ်းကြောင်းကိုဆိုးကျိုးဖြစ်စေတဲ့ ဆေးတွေ သောက်ထားမိတဲ့ သူတွေ အနေနဲ့ ညဘက်အိပ်ရာထဲမှာ ဆီးတွေ သွားမိတတ်ကြပါတယ်။
  • မျိုးရိုးလိုက်ြခင်း။

  • သေချာ လေ့လာထားတာ မရှိသေးပေမယ့် မိဘတွေက ညဘက် အိပ်ရာထဲ ဆီးသွားတတ်တဲ့သူတွေ ၊ ဆီးမထိန်းနိုင်တဲ့သူတွေ ဖြစ်ရင် သူတို့ရဲ့ သားသမီးတွေကလည်း အလားတူ ဝေဒနာတွေ ခံစားရလေ့ရှိပါတယ်။
  • အာရုံကြော ရောဂါများ ။ ။

    • ဆီးသွားတယ်ဆိုတာကလည်း ဦးနှောက်ရဲ့ အာရုံကြောလှုံ့ဆော်မှုတွေရှိမှ ဆီးသွားရတာမို့ multiple sclerosis ၊ seizure disorders( အတက်ရောဂါ ) နဲ့ Parkinson’s disease လိုမျိုး အာရုံကြောနဲ့ဆိုင်တဲ့ ရောဂါခံစားနေရတဲ့သူတွေ အနေနဲ့ အိပ်ရာထဲ ဆီးသွားတတ်ပါတယ်။

    ဆီးလမ်းကြောင်း ပိတ်နေခြင်း ။ ။

    • ကျောက်ကပ်မှာ ဆီးကျောက်တည်တာ၊ ဆီးလမ်းကြောင်းမှာ ကျောက်တည်တာ၊တွေကြောင့် ဆီးသွားရခက်ပြီးဆီးတွေ ကျန်နေကာ ညဘက်အိပ်နေရင်း ဆီးမထိန်းနိုင်တာမျိုးတွေ ဖြစ်တတ်ပါတယ်။

    ဆီးလမ်းကြောင်း ပိုးဝင်ခြင်း ။ ။

    • ဆီးလမ်းကြောင်းပိုးဝင်တဲ့အခါ ဆီးအိမ်ထဲက ကြွက်သားတွေ ရောင်ပြီး ဆီးနည်းနည်းကိုပဲ သိုလှောင်နိုင်တော့တာကြောင့် ညဘက် ဆီးမထိန်းနိုင်တာ၊ အိပ်ရာထဲ ဆီးသွားတာမျိုးတွေကို ပိုဖြစ်စေပါတယ်။ ။

    အိပ်ခါနီးရေအများကြီးသောက်မိခြင်း ။

    • အိပ်ခါနီးမှာ ရေတွေအများကြီးသောက်မိတာ၊ ဘီယာတွေ သောက်ထားပြီး မူးပြီး အိပ်ပျော်သွားတဲ့သူတွေ က ညဘက် အိပ်ရာထဲ ဆီးသွားနိုင်တဲ့ အခွင့်အရေး ပိုများပါတယ်။ ။

    ကဲ ဒီစာကိုဖတ်နေတဲ့ ပရိသတ်ကြီးထဲမှာရော ခုလို ညဘက် အိပ်နေရင်း အိပ်ရာထဲ ဆီးသွားမိတာ မျိုးတွေ ဖြစ်ဖူလား။ ၂ လလောက်မှတစ်ခါ ဖြစ်ရင်တော့ သိပ်ကိစ္စမရှိဘူးလို့ ပြောလို့ရပေမယ့် အကြိမ်အရေအတွက် စိပ်လာပြီဆိုရင်တော့ ဆရာဝန်ဆီ သေချာသွားပြပြီး ဖြစ်ရတဲ့ အကြောင်းအရင်းကို အဖြေရှာရမယ့်အချိန်ဖြစ်နေပါပြီ။ ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement