အကိုက်အခဲပျောက်ဆေးတွေကို မလိုအပ်ပဲသောက်တာ –ဆေးက လိုအပ်ချိန်မှာသောက်ရင်ကောင်းပေမယ့် မလိုအပ်ဘဲသောက်ရင်တော့ကောင်းတာထက် ဆိုးတာပဲဖြစ်လာမှာပါ။ ဒါကြောင့် အကိုက်အခဲပျောက်ဆေးတွေကို တကယ်လိုအပ်မှသောက်ပါ။ မလိုအပ်ဘဲသောက်သုံးမိရင် ခန္ဓါကိုယ်မှာထိခိုက်မှုတွေဖြစ်လာပါလိမ့်မယ်။
အရက်အလွန်အကျွံသောက်သုံးတာ – အရက်မှာပါတဲ့ အဆိပ်အတောက်က အသည်းကိုတင်ပျက်စီးစေတာမဟုတ်ပါဘူး။ကျောက်ကပ်ကိုပါ ထိခိုက်ပျက်စိးစေနိုင်ပါတယ်။ ဒါကြောင့် အရက်ကို အလွန်အကျွံသောက်သုံးမှုမလုပ်ပါနဲ့။
ဆေးလိပ်သောက်သုံးခြင်း –ဆေးလိပ်သောက်သုံးမှုက အချိန်ကြာလာနဲ့အမျှသွေးကြောတွေကိုတောင့်တင်း ကျဉ်းမြောင်းလာစေပြီး ခန္ဓါကိုယ်ရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတွေဆီသွေးစီးဆင်းရောက်ရှိမှုကို နည်းသွားစေပါတယ်။ ဒီလိုမျိုးသွေးပို့လွှတ်ရောက်ရှိမှုနည်းသွားတဲ့ အစိတ်အပိုင်းထဲမှာကျောက်ကပ်လည်းပါပါတယ်။သွေးစီးဆင်းရောက်ရှိမှုနည်းသွားတဲ့အခါကျောက်ကပ်ကအလုပ်ကောင်းကောင်းမလုပ်နိုင်တော့ပါဘူး။
ကိုယ်လက်လှုပ်ရှားမှုနည်းတာ –ကိုယ်လက်လှုပ်ရှားမှုလုပ်ဆောင်တာကကျောက်ကပ်တွေကို ကာကွယ်ပေးနိုင်တဲ့ နည်းလမ်းကောင်းတစ်ရပ်ပါ။ ကိုယ်လက်လှုပ်ရှားမှုဖြစ်စေတဲ့ လေ့ကျင့်ခန်းတွေပုံမှန်လုပ်ဆောင်ပေးတာကကျောက်ကပ်မှာ ကျောက်တည်နိုင်ခြေကို ၃၁ ရာခိုင်နှုန်းအထိလျှော့ချပေးနိုင်ပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ကိုယ်အလေးချိန်ကို ထိန်းထားနိုင်တာကကျောက်ကပ်ကျန်းမာစေဖို့ အထောက်အကူဖြစ်စေမှာပါ။
အိပ်ရေးပျက်ခံတာများတာ – လူတော်တော်များများက အိပ်ရေးဝဝအိပ်ဖို့လိုတယ်ဆိုတာကိုမေ့ထားတတ်ကြပါတယ်။ အခုလိုမျိုးတိုးတက်လာတဲ့ ခေတ်မှာ ဖုန်းသုံးတာ၊ ဂိမ်းဆော့တာတွေလုပ်ဆောင်ရင်း အိပ်ချိန်တွေက တဖြည်းဖြည်းနောက်ကျလာခဲ့ပါပြီ။ ဒါကြောင့်တစ်နေ့ကို အိပ်ချိန် အနည်းဆုံး ၆ နာရီကနေ ၈ နာရီထားပေးပါ။ လူတစ်ယောက်က လုံလောက်စွာအိပ်စက်မှုမရတဲ့အခါ ဇီဝတွင်းဖြစ်စဉ်က ထိခိုက်လာပြီး ကိုယ်တွင်းအင်္ဂါတွေ ထိခိုက်ပျက်စီးလာပါလိမ့်မယ်။
လိုအပ်တဲ့ဆေးဝါးကုသမှုခံယူခြင်းမရှိတာ –သွေးတိုးရောဂါခံစားနေရတာ၊ အမျိုးအစား -၂ ဆီးချိုရောဂါခံစားနေရတာတွေရှိမယ်ဆိုရင် လိုအပ်တဲ့ဆေးဝါးကုသမှုတွေကို ခံယူပါလို့ပြောပါရစေ။ ဒီဝေဒနာတွေခံစားနေရပြီး လိုအပ်တဲ့ဆေးဝါးကုသမှုကို ခံယူတာမျိုးမလုပ်ဘဲနေမယ်ဆိုရင်နောက်ဆက်တွဲအနေနဲ့ ခံစားရမယ့်ပြဿနာကကျောက်ကပ်ထိခိုက်တာပါ။
သွေးပေါင်ချိန်ကို ထိန်းညှိတာမျိုးမရှိတာ –သွေးတိုးတာကကျောက်ကပ်ကို ပျက်စီးစေနိုင်တဲ့ အဓိကအကြောင်းအရင်းတစ်ခုပါ။ ဒါကြောင့်နေ့စဉ်သွေးပေါင်ချိန်ကိုတိုင်းတာပြီး အရမ်းများနေရင် အစားအသောက်ဆင်ခြင်ပြီးသွေးပေါင်ချိန်ကျအောင်လုပ်ဆောင်တာမျိုးလုပ်ဆောင်ဖို့လိုပါမယ်။သွေးပေါင်ချိန်ကို ပုံမှန် အပေါ်သွေး ၁၄၀အောက်သွေး ၉၀ဖြစ်အောင်ထိန်းထားပေးပါ။
ခုပြောပြခဲ့တဲ့ အပြုအမူလေးတွေရှိရင် ဒီနေ့ကစပြီးပြင်ဆင်လိုက်ပါနော်။ ဒါမှကျန်းမာတဲ့ကျောက်ကပ်လေးပိုင်ဆိုင်နိုင်မှာပါ။
Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။