ကလေးမွေးထားတဲ့ မေမေ တွေ ခန္ဓာကိုယ် ပြန်ထိန်းသိမ်းနိုင်ဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇန်နဝါရီ 25, 2021 . 3 mins read
Share now

ကလေးမွေးထားတဲ့ မေမေ တွေကို တစ်သားမွေး တစ်သွေးလှတယ်လို့ ပြောကြတယ်ဟုတ်။ တကယ်တော့ ကလေးမွေးလိုက်ရတဲ့အတွက် မေမေတို့ ခန္ဓာကိုယ်မှာ ပြောင်းလဲသွားတွေ အများကြီးရှိပါတယ်။ မီးတွင်းဆိုတာ မေမေတို့အတွက် နာလန်ထူတဲ့အချိန်ပါ။

၉လလောက် ဗိုက်ထဲမှာ ကလေးလေးကို အလေးခံပြီး သယ်ထားရတဲ့အတွက် မေမေတို့ အရိုးတွေ၊ ကြွက်သားတွေ နာနေတာရှိမယ်။ ကလေးမွေးတဲ့အခါ နာကျင်တာတွေ၊ မွေးလမ်းကြောင်းထိခိုက်တာတွေ၊ ခွဲမွေးထားတဲ့ ဒဏ်ရာတွေ  ကျက်ဖို့ အနားယူရတဲ့အချိန်ပါ။ ဒါ့ပြင် ဟော်မုန်းအပြောင်းအလဲကြောင့် ဆံပင်တွေ၊ အသားအရေတွေ ပြောင်းလဲနေတာတွေ ရှိမယ်။ ဒါတွေကို ပြန်ပြီး ပြောင်းလဲရတော့မယ့်အချိန်ပါ။

တခြားဟာတွေကိုတော့ မေမေတို့ ကိုယ်တိုင်ရော၊ အိမ်သားတွေကပါ ကူလုပ်ပေးတဲ့အတွက် သိပ်ပြီး ဂရုစိုက်မမိပါဘူး။ ဒါပေမယ့် မီးတွင်းကထွက်လို့ ၄၅ရက်လောက်လည်းနေရော မေမေတို့ ကိုယ့်အသားအရေတွေ၊ ဗိုက်တွေ၊ ဆံပင်တွေကို ကြည့်ပြီး စိတ်ထဲမှာ တစ်ခုခုပြောင်းလဲချင်စိတ်ပေါ်လာပါလိမ့်မယ်။ မေမေတို့လည်း မိန်းမသားပဲ။ ပြန်လှဖို့ အချိန်ရောက်ပြီလေ။ ကလေးမွေးပြီးချိန်မှာ ပြောင်းလဲလာတဲ့ မေမေတို့ ခန္ဓာကိုယ်ကို ဘယ်လိုများ ပြန်ထိန်းသိမ်းကြမလဲဆိုတာ ကြည့်ကြရအောင်။

ကလေးမွေးထားတဲ့ မေမေ တို့ရဲ့ ဆံပင် ပြောင်းလဲမှုများနဲ့ ပြုပြင်နည်းများ

ကလေးမွေးပြီးရင် မေမေတို့ စိတ်အညစ်ဆုံးက ဆံပင်တွေ ကျွတ်တာပါပဲ။ ကျွတ်လွန်းလို့ သိမ်းလို့တောင် မနိုင်ပါဘူး။ ဘာဖြစ်လို့ ဒီလောက်ကျွတ်ရတာလဲဆိုတော့ ကလေးမွေးပြီးတဲ့နောက်မှာ အီစထရိုဂျင်ဟော်မုန်း ထိုးကျသွားလို့ပါ။ ဒါကြောင့် အများကြီးကျွတ်တာပါ။ ကလေးမွေးပြီးပြီးချင်းကနေ စကျွတ်လိုက်တာ စတစ်နှစ်ခွဲလောက်ထိ ကြာနိုင်ပါတယ် မေမေတို့။

ကလေးမွေးထားတဲ့ မေမေ တွေ ခန္ဓာကိုယ် ပြန်ထိန်းသိမ်းနိုင်ဖို့

ဟော်မုန်းအပြောင်းအလဲကြောင့် ကျွတ်တာမို့လို့ လုံးဝမကျွတ်အောင်တော့ လုပ်လို့မရပါဘူး။ စိတ်ရှည်သည်းခံပြီး ဟော်မုန်းပုံမှန်အတိုင်း ဖြစ်တဲ့အထိ စောင့်တာအကောင်းဆုံးပါပဲ။ ဆေးတွေ၊ ဆံပင်ပေါက်ဆေးတွေ ဒါတွေနဲ့ အကျိုးမထူးပါဘူး။ မေမေတို့ လုပ်နိုင်တာက

  • ဆံပင်အုံထူစေတဲ့ ခေါင်းလျှော်ရည်မျိုး သုံးပါ။ သူက ဆံပင်ကို ပိုပေါက်စေတာ မဟုတ်ပါဘူး။ ဆံသားကို ကောင်းစေလို့ ဆုံထူတယ်လို့ ထင်ရစေပါတယ်။
  • ဆံပင်ပျော့စေတဲ့ ခေါင်းလျှော်ရည်တွေကို ခဏရှောင်ထားပါ။ ဆံပင်ပျော့လွန်းရင် ကပ်ပြီး ပိုပါးသလို ဖြစ်သွားပါလိမ့်မယ်။
  • ပျော့ဆေးသုံးရင် ဆံပင်အဖျားပိုင်းပဲ သုံးပါ။ ပျော့ဆေးအပြင်းစားတွေ မသုံးပါနဲ့။
  • ဆံပင်တိုတိုညှပ်နိုင်ပါတယ်။ ဆံပင်အကျွတ်သက်သာတာမျိုးတော့ မဟုတ်ပေမယ့် မေမေတို့ သိပ်အလုပ်မရှုပ်တော့ဘူးပေါ့။ ညှပ်တဲ့အခါ ဆံပင်ကို အုံထူတဲ့ပုံပေါက်အောင် ခပ်ပွပွလေး ညှပ်ပေးပါ။
  • ဆံပင်ကို ခပ်တင်းတင်း စည်းတာမျိုး မလုပ်ရပါဘူး မေမေတို့။

ကလေးမွေးထားတဲ့ မေမေ တို့ရဲ့ အသားအရေ ပြောင်းလဲမှုများနဲ့ ပြုပြင်နည်းများ

ကိုယ်ဝန်ဆောင်တည်းက မေမေတို့မှာ အသားအရေတွေ ပြောင်းလဲလာလိုက်တာ ကလေးမွေးပြီးတဲ့ထိ ဒီပြောင်းလဲမှုက ဆက်ပြီး ခံစားနေရတုန်းမှာပါပဲ။ အဓိကက ဟော်မုန်းအပြောင်းအလဲကြောင့်ပါပဲ။ အတွေ့ရများတဲ့ ပြဿနာတွေကတော့

တင်းတိပ်ကို ‘ကိုယ်ဝန်ဆောင်တွေရဲ့ မျက်နှာဖုံး’ လို့တောင် ခေါ်ကြပါတယ်။ ကံဆိုးတာက အာရှသားတွေက ပိုဖြစ်ပါတယ်တဲ့။ ပါး၊ နဖူး၊ မေးရိုး စတဲ့ နေရာတွေမှာ ဖြစ်တတ်ပါတယ်။

တင်းတိပ်တွေကို သက်သာဖို့ အကောင်းဆုံးနည်းလမ်းက နေရောင်ကို တတ်နိုင်သမျှရှောင်ပြီး အပြင်သွားတိုင်း နေလောင်ကာခရင်မ် လိမ်းပေးဖို့ပါပဲ။ တချို့မေမေတွေက လိမ်းဆေးတွေ လိမ်းကြပေမယ့် ခဏလောက်ပဲ သက်သာတာပါလို့ ပြောကြပါတယ်။ တချို့ကျတော့လည်း peelingတို့၊ လေဆာတို့ လုပ်ကြပါတယ်။ ဘာဆေးပဲ လိမ်းလိမ်း ကိုယ်က နိ့တိုက်မိခင်ဖြစ်နေမယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်ပြီးမှ လိမ်းသင့်ပါတယ်။

ကလေးမွေးထားတဲ့ မေမေ တွေ ခန္ဓာကိုယ် ပြန်ထိန်းသိမ်းနိုင်ဖို့

အရေပြားမှာ နှင်းခူကွက်လေးတွေ ပေါ်လာလို့ ကလေးကိုများ ကူးမလားဆိုပြီး စိတ်ပူနေရင် မပူပါနဲ့ ပြောပါရစေ မေမေရေ။ နှင်းခူက ဒီလို မကူးစက်တတ်ပါဘူး။မေမေတို့ အနေနဲ့ နှင်းခူကြောင့် အသားတွေယားတယ်ဆိုရင်တော့ အစိုဓာတ်လိမ်းခရင်မ်တစ်ခုခု လိမ်းနိုင်ပါတယ်။ စတီးရွိုက်လိမ်းဆေး အပျော့စားတွေလည်း လိမ်းလို့ရပါတယ်။ နို့တိုက်မေမေတွေလည်း လိမ်းနိုင်ပါတယ်။ ဆပ်ပြာအပျော့စားလေးနဲ့ပဲ ရေချိုးပါ။ ရေချိုးပြီးတိုင်း အစိုဓာတ်ထိန်းကရင်မ်လိမ်းပါလို့ အကြံပြုပါရစေ။

ကိုယ်ဝန်ဆောင်ချိန်မှာ ဗိုက်ကြီးတင်းလာတာကြောင့် အကြောပြတ်ရာတွေ ထွက်လာတတ်ပါတယ်။ ဒါ့ပြင် ဒီအရာတွေက ယားလည်း ယားတတ်ပါတယ်။ ခုလို ကလေးမွေးပြီးလို့ အရေပြားပြန်ကျုံ့တဲ့အချိန်ဆို အကြောပြတ်ရာလေးတွေ ကျန်ခဲ့တတ်ပါတယ်။ မေမေတို့ လုပ်ပေးနိုင်တာက ရေများများသောက်ပါ။ အကြောပြတ်ရာရှိတဲ့နေရာကို ဆီတစ်ခုခု (ဥပမာ သံလွင်ဆီ) လိမ်းပေးပါ။ အကြောပြတ်တဲ့ နေရာလေးကို အစိုဓာတ်ဖြည့်ကရင်မ်လေး လူးပေးပါ။ ဒါဆိုရင်တော့ တဖြည်းဖြည်း မှိန်လာပါလိမ့်မယ်။

ဟော်မုန်းအပြောင်းအလဲကြောင့် မျက်နှာမှာ အဆီထုတ်လုပ်မှု များပြီး ဝက်ခြံတွေ ပေါက်လာနိုင်ပေမယ့် လပိုင်းလောက်နေရင် သက်သာသွားပါတယ်။ ဒါပေမယ့် မေမေတို့ မတော်တဆ ကုတ်မိလို့ အမာရွတ်တွေ ကျန်နိုင်တာကိုတော့ သတိထားရမှာပါ။ အမာရွတ်တွေ များလွန်းရင်၊ ဝက်ခြံတွေ ပိုးဝင်ရောင်ရမ်းနေရင်တော့ အရေပြားဆရာဝန်နဲ့ ပြသပြီး အကြံဉာဏ်တောင်းခံသင့်ပါတယ်။

ကလေးမွေးထားတဲ့ မေမေ တို့ရဲ့ ကိုယ်အလေးချိန် ပြောင်းလဲမှုများနဲ့ ပြုပြင်နည်းများ

ကလေးမွေးပြီးလို့ နည်းနည်းတည်တည်ငြိမ်ငြိမ်ဖြစ်သွားပြီဆိုရင် မေမေတို့ စိတ်ထဲကို ရောက်လာတာက ‘ငါပြန်ပိန်အောင် လုပ်ရမယ်’ ဆိုတာပါပဲ။ တကယ်တော့ မေမေတို့ ကလေးမွေးလိုက်တယ်ဆိုတာ ကလေးရယ်၊ အချင်းရယ်၊ ရေမြွာရည်တွေရယ် ထွက်သွားတာကြောင့် ၁၃ပေါင်လောက်ကျသွားပါတယ်။ နောက်ရက်တွေမှာလည်း ကိုယ်ဝန်ဆောင်တုန်းက ရေတွေ ထပ်ထွက်သွားတာကြောင့် ထပ်ပိန်သွားပါတယ်။

မေမေတို့ချဖို့လိုတာက အဆီတွေရယ်၊ ကလေးမွေးထားလို့ ပျော့နေတဲ့ ဗိုက်ကို လေ့ကျင့်ပေးဖို့ပါပဲ။ ဒါပေမယ့် မေမေတို့က ကလေးနို့တိုက်နေရတဲ့အတွက် ဝိတ်ချနည်းမမှန်ရင် ကလေးကို ထိခိုက်နိုင်တာကြောင့် အောက်ကအချက်လေးတွေကို လိုက်နာစေချင်ပါတယ်။

  • ဖြစ်နိုင်တာပဲ လုပ်ပါ။ ဝိတ်လည်းချချင်၊ ကလေးလည်း နို့တိုက်ရဦးမယ်ဆိုတော့ အလွန်အကျွံချလို့ မဖြစ်ပါဘူး။ တစ်ပုဒ်ကို ၁ပေါင်လောက်ချရင် ရပါပြီ။
  • အစားမရှောင်ပါနဲ့။ အသီးအရွက်၊ အသား၊ ငါး များများစားပါ။ ထမင်းကို လုံလောက်အောင်စားပါ။ အလွန်အကျွံစားတာ မဟုတ်ရင် ရပါပြီ။ နည်းနည်းနဲ့ ခဏခဏ စားပါ။ ချိုလွန်း ငန်လွန်းတာတွေကို ရှောင်ပါ။
  • ကလေးနို့တိုက်ပါ။ ကလေးနို့တိုက်တာက အမေ့ဆီက အဆီတွေပါသွားတဲ့အတွက် ကလေးကို အာဟာရပြည့်စေသလို မေမေ့ကို ဝိတ်ကျစေပါတယ်။
  • လေ့ကျင့်ခန်း လုပ်ပါ။ အရင်ကတော့ မီးထွက်မှ လေ့ကျင့်ခန်း လုပ်ခိုင်းကြပေမယ့် ခုခေတ်မေမေတွေက မီးတွင်းမှာတောင် ကြာကြာမနေတော့ပါဘူး။ စောစောစီးစီး လုပ်ငန်းခွင် ပြန်တင်နေကြပါပြီ။ ဒီလိုပဲ လေ့ကျင့်ခန်းလည်း စောစော လုပ်လို့ရပါပြီ။ ရိုးရိုးမွေးတာဆို ရက်ပိုင်းလောက်နေရင် ဒါမှမဟုတ် အနားယူလို့ဝရင် စလုပ်နိုင်ပါပြီ။ ခွဲမွေးထားတဲ့ မေမေတွေကတော့ တစ်လခွဲလောက်ဆို စလို့ရပါပြီ။ အသေးစိတ်ကို ဆရာဝန်နဲ့ တိုင်ပင်ပါ။စလုပ်မယ်ဆိုရင် ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းလောက်က စလုပ်ပါ။ လမ်းလျှောက်တာက စပြီး တဖြည်းဖြည်း နိုင်သလောက်တိုးလုပ်သွားပါ။ ဗိုက်လေးနေရာကျအောင် မီးနေသည် ဗိုက်စည်းလေးစည်းပြီး လုပ်နိုင်ပါတယ်။ လေ့ကျင့်ခန်း လုပ်တိုင်းမှာ Kegel လေ့ကျင့်ခန်းကို ပါအောင်လုပ်ပါ။ ကလေးမွေးပြီး ဆီးမထိန်းနိုင်တာတွေ၊ မိန်းမကိုယ်ကြွက်သား လျော့ရဲတာတွေကို သက်သာစေပါတယ်။

Takeaways

ကလေးမွေးထားတဲ့ မေမေ တွေဟာ ခန္ဓာကိုယ်မှာ အပြောင်းအလဲတွေ အများကြီးတွေနဲ့ ကြုံရပါတယ်။ ဒါပေမယ့် မေမေတို့ စိတ်ရှည် လက်ရှည် လုပ်သွားမယ်ဆိုရင် အရင်လိုပဲ ပြန်လှလာမှာပါ မေမေတို့ရေ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဝက်ခြံလေးတွေကို စိတ်ရှည်ပါ။

စိတ်တိုလို့ မျက်နှာတွေ ရောင်တဲ့အထိ ဝက်ခြံတွေကို ညှစ်ပစ်ဖူးတဲ့ အခိုက်အတန့်တွေရှိတယ်ဟုတ်။ တကယ်ကတော့ဒါက ဝက်ခြံတွေ ပိုဆိုးလာအောင် ကိုယ်တိုင်က လုပ်လိုက်မိတာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

မှိုပိုးကြောင့် ဖြစ်တဲ့ ဝက်ခြံဆိုတာ

ဝက်ခြံလို့ဆိုလိုက်ရင် လူတိုင်းက အရေပြားပေါ်က နီနီရဲရဲ နဲ့ ထိပ်နားမှာ ပြည်လိုလေး စုနေတဲ့ ဖုတွေကိုပဲ ပြေးမြင်ကြမယ် ထင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

နံနံပင်အမြစ် စားလို့ရလား … ဆေးဖက်ဝင်တယ်ဆိုတာရော ဟုတ်ရဲ့လား

နံနံပင်အမြစ်ကို ဟင်းအနှစ်ထောင်းတဲ့အခါ ရေစင်အောင်ဆေးပြီး ထည့်ထောင်းတာ၊ ဟင်းအိုးထဲကို ရေစင်အောင်ဆေးပြီး ထည့်ချက်တာမျိုး လုပ်ပေးလို့ရပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဝက်ခြံရှိသူတိုင်း စားပေးသင့်တဲ့ အသီးများ

ဝက်ခြံ ကြားရတာတောင် စိတ်ကုန်နေပြီ။ ဝက်ခြံ တွေသက်သာချင်လိုက်တာဆိုတဲ့ ဆန္ဒက ဝက်ခြံအဖြစ်လွယ်တဲ့ အသားအရေ ပိုင်ဆိုင်ထားသူတိုင်းမှာ ရှိပါတယ်။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ချစ်မဝတဲ့လိင်မှုဘဝ မျိုး ပိုင်ဆိုင်ချင်တယ်ဆိုရင်

ချစ်မဝတဲ့လိင်မှုဘဝ မျိုး ပိုင်ဆိုင်ချင်တယ်ဆိုရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read
မိန်းမကိုယ်မှာပေါက်တဲ့ ဝက်ခြံ သက်သာစေဖို့

မိန်းမကိုယ်မှာပေါက်တဲ့ ဝက်ခြံ သက်သာစေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 5, 2021 . 2 mins read
မိန်းမကိုယ်မှာ ပေါက်တဲ့ဝက်ခြံ

မိန်းမကိုယ်မှာ ပေါက်တဲ့ဝက်ခြံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 5, 2021 . 1 min read
ဝက်ခြံရှိသူလေးတွေ လိုက်နာသင့်တဲ့ တစ်နေ့တာ နေထိုင်မှုပုံစံ

ဝက်ခြံရှိသူလေးတွေ လိုက်နာသင့်တဲ့ တစ်နေ့တာ နေထိုင်မှုပုံစံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 29, 2020 . 1 min read